လပွတ္တာ၊ ဩဂုတ် ၄- ၂၀ဝ၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီအား ထောက် ခံပွဲကို ဩဂုတ် ၄ ရက် နံနက် ၁၁ နာရီက ဧရာဝတီတိုင်းဒေသကြီးလပွတ္တာမြို့နယ်၌ ကျင်းပရာ ဒေသ ခံပြည်သူ ၃၀ဝ၀ ခန့်က မြို့တွင်းသို့ စီတန်း လှည့်လည်ခဲ့ကြကြောင်း သိ ရသည်။



"ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပြည်သူတွေအတွက် ရေးရတာဖြစ် ပါတယ်။ ဘယ်ပါတီအတွက်မှ မဟုတ်ဘူး။ ပြည်သူလူထုကို အကျိုး ရှိသလား၊ ပြည်သူလူထုကို အကျိုး မဲ့ဥပဒေ ဖြစ်သလားဆိုတာကို သိ အောင်လို့ လုပ်ခြင်းဖြစ်တယ်"ဟု လပွတ္တာမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဦးထွန်းလှကပြောသည်။

၂၀ဝ၈ အခြေခံဥပဒေပြင်ဆင် ရေးပူးပေါင်းကော်မတီအား ထောက် ခံပွဲသို့ တက်ရောက်လာသူများ သည် တောင်းဆိုချက် စာသားများ ပါ ဗီနိုင်းပိုစတာများကို ကိုင်ဆောင် ေြွကးကြော်ကာ စီတန်းလှည့်လည် ကြသည်။

"ကျွန်တော်တို့နိုင်ငံကို အုပ် ချုပ်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို မပြင်သမျှ ကာလပတ်လုံး ကျွန် တော်တို့လူမျိုးတွေ ကျွန်တော်တို့ နိုင်ငံနဲ့ ပြည်သူလူထုတွေဟာ တိုး တက်မှုလမ်းကြောင်း ပိတ်ဆို့နေတဲ့ အနေအထား ရှိပါတယ်။ အဲဒါ  ကြောင့် မဖြစ်မနေ ပြင်သင့်တဲ့ အ ခြေခံဥပဒေပါ"ဟု ထောက်ခံပွဲသို့ တက်ရောက်လာသည့် တိုင်းဒေသ ကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောသည်။

ထောက်ခံ စီတန်းလှည့်လည် ကြသူများသည် လပွတ္တာမြို့ အမှတ် (၅) ရပ်ကွက် သဲလမ်းနှင့် လမ်းမ တော်လမ်းထောင့်မှ စတင်စုဝေး၍ ကုန်သည်လမ်းမှ ဩဘာလမ်း၊ ဘု ရားလမ်း စိန်ရတုလမ်းမှ ကုန်သည် လမ်းအတိုင်း ချီတက်ခဲ့ကြပြီး လမ်း မတော်လမ်းနှင့် သဲလမ်းထောင့် တွင် ဟောပြောမှုများ ပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။

MM/Democracytoday