Print
News
Political
Hits: 5257

နေပြည်တော်၊ ဩဂုတ် ၄ - သမ္မ တဖြစ်ခြင်း၊ မဖြစ်ခြင်းထက် နိုင်ငံ ကိုအကျိုးပြုရန် ပို၍အရေးကြီး ကြောင်း ပြည်သူ့ကောင်းကျိုးဆောင် ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း ပြော ကြားလိုက်သည်။ ဩဂုတ် ၄ ရက် နေပြည် တော်တွင် သူရဦးရွှေမန်းပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲ၌ အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။ သတင်းထောက်တစ်ဦးက သူရဦးရွှေမန်းအနေနှင့်ယခင်က သမ္မတဖြစ်ချင်သည်ဟု ပြောကြား ခဲ့ဖူးကြောင်း ၂၀၂၀ ပြည့်နှစ်ရွေး ကောက်ပွဲအလွန်တွင် သမ္မတ ဖြစ်ချင်သေးသလားဟု မေးမြန်းခဲ့ ခြင်းဖြစ်သည်။



"သမ္မတဆိုတဲ့ကိစ္စထက်နိုင်ငံ နဲ့နိုင်ငံသားကို အကျိုးပြုတဲ့ကိစ္စ က ပိုပြီးအရေးကြီးပါတယ်။ ဒါ ကြောင့်တစ်ချိန်တုန်းကလည်း ပြောခဲ့ဖူးပါတယ်။ သမ္မတထက်  နိုင်ငံနဲ့နိုင်ငံသားအကျိုးစီးပွားကို ဘယ်လိုနေရာက လုပ်ပေးနိုင်သ လဲ။ အဲဒါရှိရင် အဲဒီနေရာမျိုးလိုချင် တယ်လို့ပြောခဲ့ပါတယ်။ အရေး ကြီးတာက သမ္မတဖြစ်ဖို့ထက် နိုင်ငံ ကိုကောင်းအောင် တိုးတက်အောင် ဆောင်ရွက်ဖို့ပဲ ဖြစ်ပါတယ် " ဟု ၎င်းကဆိုသည်။

သမ္မတနေရာမှာ ပြည်သူ များရွေးချယ်တာဝန်ပေးသည့် ပါတီအဖွဲ့အစည်းများ၏ ရွေးချယ် မှုသာဖြစ်ကြောင်း ၎င်းကဆက် လက်ပြောသည်။

လက်ရှိအချိန်တွင် ပြည်ထောင် စုကောင်းကျိုးဆောင်ပါတီအနေ ဖြင့် လူထုအကျိုးပြုမည့်ကိစ္စများ ကို ဦးစားပေးဆောင်ရွက်သွားရန် မူဝါဒချထားကြောင်း၊ ပြည်သူလူ ထုက ယုံကြည်၍ တာဝန်ပေးပါက တာဝန်ခံ၊တာဝန်ယူပြီး တာဝန် ကျေအောင်လည်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၎င်းကပြော သည်။

တိုင်းရင်းသားပါတီများနှင့် သာမက ပြည်သူလူထုကိုအကျိုး ပြုမည့် မည်သည့်ပါတီနှင့်မဆို ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီအနေဖြင့် ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

လူငယ်များကိုလည်း ပါတီ ဝင်များအဖြစ် ဝင်ရောက်ရန်လည်း သူရဦးရွှေမန်းက ဖိတ်ခေါ်ခဲ့သည်။

ပြည်ထောင်စုကောင်းကျိုး ဆောင်ပါတီက မြို့နယ်ပေါင်း ၂၀ဝခန့်တွင် ရုံးခွဲများဖွင့်လှစ်ထား ြင်္ပီး ကျန်မြို့နယ်များနှင့်ရပ်ကွက် ကျေးရွာများတွင် ရုံးခွဲများဆက်လက်ဖွင့်လှစ်သွားရန် စီစဉ်နေ ကြောင်း၊ လက်ရှိတွင် ပါတီဝင် အင်အား နှစ်သိန်းခန့်ရှိကြောင်း သိရသည်။

NT,MP/Democracytoday