မန္တလေး၊ ဩဂုတ် ၄- မြန်မာနိုင်ငံ လုံးဆိုင်ရာ ဘက်စုံဖိနှိပ်ချုပ်ချယ်မှု လွတ်မြောက်ရေး ပြည်သူ့တပ်ပေါင်း စုအမည်ဖြင့် အစိုးရအလိုမရှိ ကြောင်း စာသားများပါဝင်သည့် စတစ်ကာများကို မန္တလေးမြို့ မြို့ တွင်းနေရာအချို့၌ ဩဂုတ် ၃ ရက် ညပိုင်းက လိုက်လံကပ်ထားမှု ဖြစ် ပေါ်ခဲ့ကြောင်း သိရသည်။



မန္တလေး မြို့တွင်းနေရာအချို့ ၌ လိုက်လံကပ်ထားသည့် စာများ တွင် အပြောနဲ့အလုပ် ထပ်တူမကျ ကတိမတည်သည့်အစိုးရ အလိုမ ရှိ၊ စီမံခန့်ခွဲ မှု မကျွမ်းကျင်သူများ အား နေရာပေးသည့်အစိုးရ အလို မရှိ၊ တိုင်းပြည်၏ ဘက်စုံကဏ္ဍများ မှာ ဖွံ့ဖြိုးတိုးတက်မှုမရှိဘဲ အခွန် တိုးကောက် ဘတ်ဂျက်မလောက် သည့်အစိုးရ အလိုမရှိ၊ ဝန်ကြီးနုတ် ထွက် အငတ်ခံဝန်ထမ်း ထောင်ကျ အဂတိလိုက်စားသည့်အစိုးရ အလို မရှိဟူသော စာသားများ အပါအ ဝင် အခြား ဝေဖန်ရေးသားထား သည့် အချက်များပါဝင်သည့် စာ ရွက်များကို မဟာအောင်မြေ၊ အောင် မြေသာစံ၊ ချမ်းမြသာစည်နှင့် အမ ရပူရမြို့နယ်များရှိ နေရာအချို့၌ လိုက်လံကပ်ထားခြင်း ဖြစ်သည်။

"ဒီမြို့နယ်ထဲမှာတော့ အတော် များများတွေ့ရတယ်။ ဒါနဲ့ပတ်သက် ပြီး စုံစမ်းမှုတွေတော့ ပြုလုပ်နေ တယ်။ အခြားတော့ပြောစရာမရှိ ဘူး"
ဟု မဟာအောင်မြေမြို့နယ်ရှိ အမှတ်(၉) နယ်မြေရဲစခန်းမှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ စတစ်ကာများကို ချမ်းမြသာစည်မြို့နယ် မနော်ဟရီ လမ်း၊ ၅၇ လမ်းနှင့် ၅၈ လမ်းကြား အပါအဝင် မန္တလေးမြို့ပေါ်ရှိ မြို့ နယ်အချို့တွင် လိုက်လံကပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

MTK/Democracytoday