ရန်ကုန်၊ ဩဂုတ် ၄- ဝန်ထမ်းများ ကို အငှားအိမ်ရာများတွင် နေရာ ပေးထားခြင်းသည် အပိုင်ပေးခြင်း မဟုတ်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သတိ ပေး ပြောကြားလိုက်သည်။



ဩဂုတ် ၃ ရက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြု လုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ အထက်ပါအတိုင်း ထည့်သွင်းပြော ကြားခဲ့ခြင်း ဖြစ်သည်။

"ဝန်ထမ်းတွေအတွက် တာဝန် ထမ်းဆောင်နေတဲ့ အချိန်မှာပဲ ချ ပေးထားတဲ့ နေရာတွေကို အပြီးအ ပိုင် ပေးထားတာ မဟုတ်ပါဘူးဆို တာကို ကျွန်တော်အနေနဲ့ ပြောချင် ပါတယ် " ဟု ၎င်းက ပြောသည်။

ဝန်ထမ်း အငှားအိမ်ရာတွင် နေထိုင်သူအချို့မှာ အခြားသူသို့ ပြန်လည်ရောင်းချမှုများ ရှိနေပြီး ယင်းအိမ်ရာများ ပြန်လည်ဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက်လျှင် လက်မ ခံသူအချို့လည်း ရှိနေကြောင်း ဝန် ကြီးချုပ်က ပြောသည်။

"ငှားထားတယ်ဆိုတာကို ငှား ထားတယ်လို့ လက်ခံထားနိုင်ဖို့လို ပါတယ်။ ဒီနေရာမှာ ငှားထားတဲ့သူ တွေကို ဒီအိမ်တွေကို ဆောက်ပြီး ရင် သူတို့ကို ဆောက်ပြီးတဲ့အခန်း တွေမှာ ပြန်လည် နေရာချဖို့အတွက် အစီအစဉ်တွေ ပါပါတယ်" ဟု ၎င်း ကပြောသည်။

အိမ်ရာများ ပြန်လည်ဖွံ့ဖြိုး ရေး ဆောင်ရွက်မည့်အပေါ် လက် မခံပါက တည်ဆဲဥပဒေအရ ဆောင် ရွက်ရမည်ဟု ဝန်ကြီးချုပ်က ပြော သည်။

"ပုဂ္ဂလိကမှာ အိမ်မငှားတော့ ဘူးဆိုရင် ဖယ်ပေးရတယ်။ ဒါပေ မဲ့ ကျွန်တော်တို့ဆီမှာက အစိုးရဆီ က ငှားတာဆိုရင် အပိုင်ရတယ်ဆို တဲ့ အတွေးအခေါ် အယူအဆရှိ တယ်။ ဒီဥစ္စာကို ကျွန်တော်တို့အ နေနဲ့ ဒီခေတ်စနစ်ကြီးမှ ပြုပြင် ပြောင်းလဲဖို့လိုပြီလို့ ကျွန်တော့်အ နေနဲ့ ပြောလိုပါတယ်" ဟု ၎င်းက ပြောသည်။

လက်ရှိတွင် လမ်းသစ်ရိပ်သာ နှင့် ပြည်တော်သစ်အိမ်ရာ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများကို လုပ်ဆောင်နေပြီဖြစ်ပြီး ကြို့ကုန်း အိမ်ရာ၊ ရန်ကင်းအိမ်ရာနှင့် ဦးဝိ စာရအိမ်ရာတို့ကိုလည်း ပြန်လည် အဆင့်မြှင့် တည်ဆောက်မည်ဖြစ် ကြောင်း သိရသည်။

NT, TTMT/Democracytoday