ရန်ကုန်၊ ဩဂုတ် ၃ - ရှစ်လေးလုံးနှစ်ပတ်လည်ပွဲကို ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံနေ့အဖြစ် သတ်မှတ်ကျင်းပမည်ဖြစ် ကြောင်း ပွဲဖြစ်မြောက်ရေးဦးဆောင် ကော်မတီဝင်ဦးဆန်နီက ပြော သည်။



ရှစ်လေးလုံး (၃၁)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပရေးနှင့်ပတ်သက်၍ ဩဂုတ် ၃ရက်က သင်္ဃန်းကျွန်းမြို့နယ်ရှိ မဂ္ဂင်ကျောင်းတိုက်တွင် ကျင်းပသည့်ပွဲ ဖြစ်မြောက်ရေးကော်မတီ ဝင်များ အစည်းအဝေး၌ အထက်ပါအတိုင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ် ကြောင်း ပွဲအပြီး သတင်းစာရှင်းလင်းပွဲ၌ ၎င်းက ပြောကြားခဲ့သည်။

"ထူးခြားချက်ကအရင်နှစ်တွေတုန်းကနှစ်ပတ်လည်လို့ပဲ သုံး တယ်။ ဒီနှစ်ကတော့ထူးခြားချက်ပေါ့နော်။ အစည်းအဝေးဆုံးဖြတ် ချက်က ဘာချလိုက်လဲဆိုတော့ ရှစ်လေးလုံးဒီမိုကရေစီအရေး တော်ပုံနေ့အဖြစ် သတ်မှတ်ကျင်းပမယ်။ နေ့ဆိုတာအရင်တုန်းက မပါဘူး။ ဒီနှစ်မှာတော့ ကျွန်တော်တို့ကစပြီးတော့ သတ်မှတ်လိုက် ပါပြီ"ဟု  ၎င်းက ပြောသည်။

ယင်းအပြင် နောင်နှစ်များတွင်လည်း ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံနေ့အဖြစ်သာ ကျင်းပတော့မည်ဖြစ်ကြောင်း ゞင်းက ဆက်လက်ပြောသည်။

ယခုနှစ်ကျင်းပမည့် ရှစ်လေးလုံးအခမ်းအနားကို လူထုအားလုံး ပါဝင်နိုင်ရန်အတွက် ရှစ်လေးလုံး အရေးတော်ပုံ စတင်ရာနေရာဖြစ် ခဲ့သည့် မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလပန်းခြံတွင် ကျင်းပရခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အတူ ယခုနှစ်ရှစ်လေးလုံး အခမ်းအနားသို့ တက်ရောက်ရန် တစ်ဦးချင်းအလိုက်သော်လည်းကောင်း၊ အဖွဲ့အစည်းလိုက်သော် လည်းကောင်း
သီးခြားဖိတ်ကြားမည်မဟုတ်ဘဲ မည်သူမဆို လာ ရောက်နိုင်ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီဝင်များက ဆိုသည်။

ဩဂုတ် ၈ ရက်တွင် ကျင်းပမည့် ရှစ်လေးလုံးဒီမိုကရေစီအ ရေးတော်ပုံနေ့အခမ်းအနား၌ ရှစ်လေးလုံးသမိုင်းဆိုင်ရာ ပြခန်းများ လည်း ပြသသွားမည်ဖြစ်သလို ထုတ်ပြန်ချက်တစ်စောင်လည်း ထုတ် ပြန်သွားမည်ဖြစ်ကြောင်း ဖြစ်မြောက်ရေးကော်မတီဝင်တစ်ဦး ဖြစ် သည့် ဦးတိုးကျော်လှိုင်က ပြောသည်။

ံHWA/Democracytoday