ရန်ကုန်၊ ဩဂုတ် ၃-မြန်မာ့ တပ်မတော်ထိပ်တန်းအရာရှိကြီး များကို အမေရိကန်အရေးယူပိတ် ဆို့မှုအပေါ် ရန်ကုန်မြို့တော်ခန်းမ ရှေ့သို့ချီတက်ကာ ဆန္ဒပြကန့်ကွက် ခဲ့ကြသည်။



ဩဂုတ် ၃ ရက်တွင် ရန်ကုန် တိုင်းဒေသကြီး ဗဟန်းမြို့နယ် ရေ ခဲဆိုင်မှတ်တိုင်တွင်စုရပ်ပြုလုပ်ပြီး ဆူးလေဘုရားလမ်းအတိုင်း မြို့တော်  ခန်းမရှေ့သို့ ချီတက်ခဲ့ကြခြင်း ဖြစ်သည်။

"တပ်မတော်အပေါ် မတ ရားအရေးယူပိတ်ဆို့မှုများ ချက် ချင်းရပ်၊ အင်အားကြီး နိုင်ငံများ၏ အနိုင်ကျင့်မှုများ ချက်ချင်းရပ်၊ ပြည်တွင်း ပြည်ပသစ္စာဖောက် လောက်ကောင်များ ဆန့်ကျင်ကြ၊ မြန်မာ့တပ်မတော်အပေါ် မတရား စွပ်စွဲပြောဆိုမှုများအား ဆန့်ကျင် ကြနှင့် တပ်မတော်ပြိုကွဲအောင် ကြံဆောင်သူမှန်သမျှ ဆန့်ကျင်ကြ " စသည့် အချက် ငါးချက်ကိုဟစ်ေြွကး ကာ ချီတက်ဆန္ဒပြခဲ့ကြသည်။

ကန့်ကွက်ပွဲတွင် ပါဝင်သူတစ် ဦးက " မြန်မာ့တပ်မတော်ကို ချစ် မြတ်နိုးကြတဲ့ပြည်သူများ၊ နိုင်ငံ တော်ကို ကာကွယ်စောင့်ရှောက်ခဲ့ တဲ့ တပ်မတော်သားဟောင်းကြီး များ၊ တပ်မတော်သားမိသားစုများ နဲ့အတူ မြန်မာ့တပ်မတော်အား ချစ်မြတ်နိုးကြတဲ့ ပြည်သူ့များ ပါ ဝင်လာကြပါတယ် " ဟု ပြောသည်။

ကန့်ကွက်ပွဲတွင် မျိုးချစ်ဆို သူများနှင့် မျိုးချစ်မြန်မာရဟန်း တော်များသမဂ္ဂ(ရန်ကုန်)မှ ရဟန်း တော်များပါဝင်လာသည်ကိုလည်း တွေ့ရသည်။
မျိုးချစ်မြန်မာရဟန်းတော် များသမဂ္ဂ(ရန်ကုန်)သဘောထား ကြေညာချက်ကို ဗဟိုအလုပ်အမှု ဆောင် ဆရာတော်တစ်ပါးကဖတ် ကြားခဲ့ရာ

"အမေရိကန်နိုင်ငံမှ မြန်မာ့တပ်မတော် ထိပ်တန်းအ ရာရှိကြီးများကိုအရေးယူပိတ်ဆို့မှု များအား တာဝန်သိရဟန်းရှင် လူ ပြည်သူ့များ၏ ကန့်ကွက် ရှုတ်ချ ပွဲကို အပြည့်အဝထောက်ခံကြိုဆို ကြောင်း " ဟု ထည့်သွင်းမိန့်သည်။

ကန့်ကွက်ပွဲတွင် ဦးနေလင်း (အမတ်ဒိန်)နှင့် ဦးလှဆွေ (ဘူး လက်)တို့က ဟောပြောခဲ့ကြပြီး လူအင်အားထောင်ချီရှိကြောင်း သိရသည်။
ကန့်ကွက်ပွဲတွင် ဟောပြော ခဲ့သည့် ဦးနေလင်း(အမတ်ဒိန်) က "တပ်မတော်ထိပ်တန်းခေါင်း ဆောင်ကြီးတွေကို ကန့်သတ်မှု ပိတ်ဆို့မှုကို ဆန့်ကျင်တယ် " ဟု ပြောသည်။

ဦးလှဆွေ(ဘူးလက်)က လည်း "ဒီချိန်မှာ ကာကွယ်ရေးဦး စီးချုပ် ဘယ်သူပဲဖြစ်နေနေ ကျွန် တော်တို့ ကာကွယ်ရမယ်။ ဒါ ကျွန်တော်တို့နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ထိခိုက်တာ၊ စော်ကား တာ။ တပ်မတော်ကို စော်ကားတာ။ ဒါကြောင့်မို့ မခံနိုင်လို့ ထွက်လာ တာ "
ဟု ဟောပြောခဲ့သည်။

ရခိုင်ပြည်နယ်အရေး လူ့အ ခွင့်အရေးအပြင်းအထန်ချိုးဖောက် မှုများအတွက် တာဝန်ရှိသည်ဟု ဆိုကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ် ချုပ်မှူးကြီးစိုးဝင်းနှင့် တပ်မတော် အရာရှိကြီးအချို့ကို အမေရိကန် နိုင်ငံက ပြည်ဝင်ခွင့်ပိတ်ထားသည် ကြောင်း သိရသည်။

WYHW/Democracytoday