ရန်ကုန်၊ ဩဂုတ် ၃-အများပိုင် လမ်းများကို ကားဂိုဒေါင်ကဲ့သို့ အသုံးပြုနေခြင်းမှာ မဖြစ်သင့်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းကပြောသည်။

ဩဂုတ် ၃ ရက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။



"ကားစီးနိုင်တဲ့သူဆိုတာက အတိုင်းအတာ တချို့အဆင်ပြေ တဲ့သူတွေပါ၊ ဘာကြောင့်လဲဆိုတော့ ကားဝယ်စီးနိုင်တဲ့သူတွေ ဖြစ်ပါ တယ်။ သူတို့က သူတို့အိမ်တွေလမ်း တွေဘေးမှာ ကားတွေကို ဒီအတိုင်း ပဲထိုးရပ်ထားပါတယ်။ အမှန် တကယ်တော့ ကားဝယ်စီးမယ်ဆို ရင် ကိုယ့်ကားကို ဘယ်မှာထားမလဲ ဆိုတာ စဉ်းစားထားဖို့လိုတယ်လို့ ကျွန်တော့်အနေနဲ့ ပြောခ-ျင်ပါတယ်။ ကားဝယ်စီးနိုင်သော ငွေကြေး ပြည့်စုံသူများဖြစ်တယ်ဆိုရင်တော့ ကားကို တစ်နေရာမှာ သူထားရပါ လိမ့်မယ်။ အခုက အများပြည်သူ ပိုင်တဲ့လမ်းမပေါ်မှာပဲ ကားဂိုထောင် လို သုံးချင်သလို သုံးနေမယ်ဆိုရင် တော့ ဒီအခြေအနေဟာမဖြစ်သင့် ဘူးလို့ ကျွန်တော်ယူဆပါတယ် " ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့တော်သည် စနစ် တကျတည်ဆောက်ထားသော စီး ပွားရေးမြို့တော်တစ်ခုဖြစ်သော်လည်း စည်းကမ်းလိုက်နာမှုမရှိ၍ စည်းစနစ်များပျက်ပြားနေခြင်းဖြစ် ကြောင်း၊် အများပြည်သူပိုင်လမ်း တွင် ကားများထားရှိခြင်းသည် လည်း ကျူးကျော်ခြင်းဖြစ်ကာ စည်းကမ်းတကျဖြစ်စေရန် ပြည်သူများပူးပေါင်းဆောင်ရွက်သင့် ကြောင်း ၎င်းကပြောသည်။

လမ်းဘေးဈေးရောင်းသူ များသည် ထီးတစ်ချောင်းစာအ ကျယ်အဝန်းယူရောင်းပြီး ကား ထားသူက ကားတစ်စီးစာအကျယ် ယူရကြောင်း ယင်းသည်လမ်းဘေး ကျူးကျော်ခြင်းပင်ဖြစ်ကြောင်း ၎င်းကပြောသည်။

"ပိုက်ဆံလည်း ပေးစရာမလို ဘူး၊ တရားဝင်မှုတစ်ခုလိုလည်း ဖြစ်နေတယ်။ ငါထားတဲ့နေရာ သူ များလာထားရင်လည်း တုတ်တ ပျက်ဓားတပျက် ရန်ဖြစ်မယ်ဆိုတဲ့ အခြေအနေမျိုးတွေကတော့ ရန် ကုန်မြို့တော်နေ မြို့တော်သူမြို့ တော်သားတွေအနေနဲ့ ကျွန်တော် တို့မြို့ကြီးကို ပိုပြီးစနစ်ကျဖို့ ပူးပေါင်း ဆောင်ရွက်ဖို့လိုမယ်လို့ ကျွန်တော် အနေနဲ့ယူဆမိပါတယ် " ဟု ဝန်ကြီး ချုပ်က ပြောသည်။

အချို့သော လမ်းများပေါ် တွင် ကာလရှည်ကြာကားရပ်နား ထားသည်များကို တွေ့ရှိကြောင်း လည်း ၎င်းက ပြောသည်။

"လမ်းဆိုတာက ကားတွေ မောင်းနှင်ဖို့ဖြစ်ပါတယ်။ ရပ်နား တယ်ဆိုတာ ခဏတာရပ်တင်ချ သာဖြစ်သင့်ပါတယ်။ရပ်မယ်ဆို ရင်လည်း
ကားပါကင်ကြေးလေး ပေးပြီး အများပြည်သူလမ်းပေါ်မှာ ကျွန်တော်ရပ်မယ်၊ ရပ်တဲ့အတွက် ခင်ဗျားကိုကားပါကင်ကြေးပေးပြီး ကျွန်တော် ခဏသုံးမယ်၊ ပြီးရင် ကျွန်တော်ဆက်ထွက်ပါမယ်။ ဒီလို မျိုးစိတ်မျိုးနဲ့ ရန်ကုန်ရဲ့ဖွံ့ဖြိုးတိုးတက် ရေးကို အားလုံးပူးပေါင်းဖို့ လိုအပ် မယ်လို့ ကျွန်တော့်အနေနဲ့ပြောလိုပါ တယ်" ဟု ဦးဖြိုးမင်းသိန်းက ပြော သည်။

smart ကားပါကင်စနစ် လုပ်ပြီးကားပါကင်ကြေး ကောက် ယူနိုင်ရန် မြို့တွင်းခြောက်မြို့နယ် ကိုအပိုင်းလိုက်ခွဲကာ မကြာမီ တင်ဒါများခေါ်မည်ဖြစ်ကြောင်း သိရသည်။

စမ်းချောင်းကဲ့သို့သောနေ ရာမျိုးတွင် လမ်းမပေါ်ကားများအပြည့်ထားရှိခြင်းကြောင့် ကား နှစ်စီးရှောင်လို့မရအောင်ဖြစ်နေ ကြောင်း ဝန်ကြီးချုပ်ကပြောသည်။

"ဒီလမ်းမြေဟာ အများ ပြည်သူပိုင်ဆိုင်တဲ့မြေတွေဖြစ်ပါ တယ်။ ပြည်သူတွေပိုင်ပါတယ်။ ပြည်သူတွေလမ်းလျှောက်ခွင့်ရှိပါတယ်။ဒါပေမဲ့ ပြည်သူတွေလမ်း လျှောက်ခွင့်မရပါဘူး။ ငွေကြေး တတ်နိုင်တယ်ဆိုပြီး ကားဝယ်စီး တဲ့သူတွေရဲ့ စည်းကမ်းမဲ့စွာ ရပ်နား ထားမှုထဲမှာ ပြည်သူတွေဟာ ကား ကြိုကားကြားထဲက ရှောင်သွား နေရတဲ့အခြေအနေဖြစ်ပါတယ် " ဟု ဝန်ကြီးချုပ်က ပြောသည်။

smart ကားပါကင်စနစ် (ကားရပ်နားရန်နေရာတစ်ခု သီး သန့်ဆောက်လုပ်ထားရှိ သတ်မှတ် ထားသော ပါကင်ကြေးကောက်ခံ သောစနစ်)ကို မြို့တွင်းခြောက် မြို့နယ်တွင် စတင်အကောင်အထည် ဖော်မည်ဖြစ်ပြီး ရန်ကုန်စည်ပင် နယ်နိမိတ် ၃၃ မြို့နယ်ရှိ ကျန် မြို့နယ်များတွင် ဆက်လက်အ ကောင်အထည်ဖော်မည်ဖြစ် ကြောင်း သိရသည်။

NT,TTMT/Democracytoday