နေပြည်တော်၊ ဩဂုတ် ၂-သတင်း ရယူခြင်းနှင့်ပတ်သက်ပြီး ငွေကြေး တောင်းခံမှုများရှိနေသော မှုခင်း သတင်းပရဟိတအဖွဲ့ကို ထိန်း ကျောင်းပေးရန် အမျိုးသားလွှတ်  တော်ကိုယ်စားလှယ်တစ်ဦးက တင် ပြလိုက်သည်။



ဩဂုတ် ၂ ရက် အမျိုးသား လွှတ်တော်အစည်းအဝေးတွင် ဧ ရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် မှ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဒေါ်အိအိပြုံးက မှုခင်းသ တင်းပရဟိတအဖွဲ့ ဖွဲ့စည်းထား ခြင်း၏ ရည်ရွယ်ချက်များ လုပ်ငန်း စဉ်အဆင့်ဆင့်နှင့်တကွ မည်သည့် ဌာနမှ တာဝန်ခံချိတ်ဆက်၍ ကြီး ကြပ်ကွပ်ကဲနေသည်ကို သိလိုခြင်း မေးခွန်းမေးမြန်းရာ၌ ယင်းကဲ့သို့ ပြောခြင်းဖြစ်သည်။

"ကျွန်မတို့မဲဆန္ဒနယ်မှာ လည်း မှုခင်းသတင်းပရဟိတဆို ပြီးတွေ့ရတယ်။ မြန်မာပြည်အနှံ့ မှာ ဒီအဖွဲ့အစည်းကရှိနေတယ် ကျွန်မတို့ ကမျှော်လင့်တယ်။ ပရ ဟိတဆိုတော့ ပြည်သူတွေဘယ် လို အားကိုးရမလဲ မျှော်လင့်တယ် မျှော်လင့်ပြီးတော့ စုံစမ်းကြည့်တဲ့ အခါမှာ ပြည်သူတွေကအားကိုး ဖို့ဆိုတာထက်ကို သတင်းရေးဖို့ မှုခင်းအပေါ်မှာ ငွေကြေးတောင်း ခံမှုတွေရှိနေတယ်ဆိုတဲ့ဟာတွေ တွေ့ရတယ်။ ကျွန်မတို့လွှတ်တော် က ကော်မတီဆီကိုလည်း ဒီမှုခင်း သတင်းပရဟိတအဖွဲ့ကို ငွေဘယ် လောက်ပေးရပါတယ်ဆိုတာကို တိုင်စာတွေရောက်လာတယ်။ ဒါ ကြောင့်မို့ ဒီဟာတွေကိုထိန်းကျောင်း ဖို့လိုတယ်။ ဒါတွေကို စိစစ်ဖို့လို တယ်" ဟု ၎င်းကပြောသည်။

ယင်းသို့သော ပြုမူမှုများ ကြောင့် မှန်မှန်ကန်ကန်ဆောင် ရွက်နေသော သတင်းထောက်များ ကို ပြည်သူကအမြင်မှားနိုင်ကြောင်း ထို့ကြောင့် လွှတ်တော်တွင်းမေးခွန်း မေးမြန်းရခြင်းဖြစ်ကြောင်း ゞင်း ကဆက်လက်ပြောသည်။

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ က "ပြည်ထဲရေးဝန်ကြီးဌာန အနေ နဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့က မှုခင်းသ တင်းပရဟိတ အဖွဲ့များနှင့်ပတ် သက်ပြီးတော့မှ ကျွန်တော်တို့ပြည် ထဲရေးဝန်ကြီးဌာနက ဖွဲ့စည်းထား တဲ့အဖွဲ့အစည်းမဟုတ်ပါဘူး။ မြန်မာ နိုင်ငံအသင်း အဖွဲ့များ မှတ်ပုံ တင်ပြီးတော့မှ ထားရှိပြီးတော့မှ တရားဝင်တင်ပြပြီးမှ ဖွဲ့စည်းထား တဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ ကျွန် တော်တို့ရဲ့ ဝန်ကြီးဌာနအောက် ကမဟုတ်ပါဘူး။ အခုနက လွှတ် တော်ကိုယ်စားလှယ်ကြီးမေးသလို သက်ဆိုင်ရာဌာနများကနေ သက် ဆိုင်ရာ ကာယကံရှင်နစ်နာသူများ က ကျွန်တော်တို့ဆီကို တိုင်ကြား လာမယ်ဆိုရင် အချိန်နဲ့တစ်ပြေး ညီ အမှုဖွင့်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ။် တိုင်ကြားမှုမရှိရင် ဒီ အမှုအပေါ်မှာ အမှုတည်ဆောက် တဲ့အခါမှာ သက်ဆိုင်ရာရဲတပ်ဖွဲ့မှ အမှုဖွင့်ပြီးမှဆောင်ရွက်မှာဖြစ် တဲ့အတွက် သက်ဆိုင်ရာက ဒီ အမှုအခင်းနဲ့ပတ်သက်ပြီးတော့မှ  တိုင်ကြားပေးမည်ဆိုလျင် ဆောင် ရွက်ပေးမည်ဖြစ်ကြောင်း တင်ပြ အပ်ပါတယ်" ဟုပြောသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ဖြေ ကြားမှုအပေါ် စိတ်တိုင်းမကျသလို တိုင်ကြားလျှင် အရေးယူပေးမည် ဆိုသည့်အဖြေမှာလည်း တာဝန်မဲ့ သည်ဟုခံစားမိကြောင်း ဒေါ်အိအိ ပြုံးက လွှတ်တော်အစည်းအဝေး အပြီးတွင် မီဒီယာများသို့ ပြောသည်။

"ဒီပရဟိတအသင်းအဖွဲ့အ နေနဲ့ တစ်နိုင်ငံလုံးဖွဲ့စည်းထားတဲ့ အသင်းအဖွဲ့ကြီးဖြစ်တယ်။ တစ်နိုင်ငံလုံးအတိုင်းအတာ နဲ့ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက် နိုင်ငံတော်ကနေ စိစစ်ကြပ်မတ်ဖို့ တာဝန်ရှိတယ်။ ကျွန်မက ဒါကိုပြော ချင်တာ အထွေထွေအုပ်ချုပ်ရေးဦး စီးဌာနက တာဝန်ရှိတာလား။ ပြည် ထဲရေးဝန်ကြီးဌာနက တာဝန်ရှိတာ လား။ ဘယ်သူက တာဝန်ရှိလဲ။ တာ ဝန်ခံဖို့ပြောတာ။ ကျွန်မတို့ပြည်သူ တွေက ဘယ်သူ့မှာ တာဝန်ရှိနေသလဲ ဆိုတာကို လိုက်ပြီးစဉ်းစားဖို့ အဖြေ ရှာဖို့မဟုတ်ဘူး။ တာဝန်ရှိတဲ့လူ တွေက တာဝန်ယူပြီးတော့ ကျွန်မ တို့ ပြည်သူတွေရဲ့ဘဝကို ကာကွယ် ပေးဖို့ မေးခွန်းမေးရခြင်းဖြစ်တယ် " ဟု ၎င်းကပြောသည်။    

MO/Democracytoday