ရန်ကုန်၊ ဩဂုတ် ၂- ထိလွယ်ရှလွယ် သည့် ဘာသာရေးနှင့် ပတ်သက် သည့်ကိစ္စများကို အလေးအနက် ထားဆောင်ရွက်ကြရန် မီဒီယာ အ ပါအဝင် ကဏ္ဍအသီးသီးကို သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က တိုက်တွန်းပြောကြားလိုက်သည်။


ဩဂုတ် ၂ ရက်က နေပြည် တော်ရှိ သမ္မတအိမ်တော်တွင် ပြု လုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင်  ၎င်းကအထက်ပါအတိုင်းထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မကြာသေးမီက အမေရိကန် သံရုံးက မြန်မာလူငယ်တစ်ဦးအနု ပညာဖန်တီးမှုပန်းချီကား တစ်ချပ်ကို ゞင်းတို့၏ လူမှုကွန်ရက်စာမျက်နှာ တွင်တင်ခဲ့ပြီး အဆိုပါပုံ၌ ဗုဒ္ဓ၏ ပုံတော်တွင် Mask တပ်ထားသည့် ပုံပါဝင်သဖြင့် ဝေဖန်မှုများစွာခံခဲ့ရပြီး နောက် ပြန်လည်ဖြုတ်ချပေးခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဦးဇော်ဌေးက "တစ်ခုတော့ သတိ ပြုဖို့လိုတယ်။ ဘာသာရေး၊ သာ သနာရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေ ပေါ့နော်။ ဘယ်လောက်ပဲ အနု ပညာအရ ခံစားမှုအရ ဘယ်လိုပဲ ဖြစ်ပစေပေါ့နော်။ မြန်မာနိုင်ငံလို ဘာသာရေးအရ ထိရှလွယ်တဲ့အ နေအထားမျိုးမှာ ဒါမျိုးတွေ သတိ ပြုသင့်တယ်။ သက်ဆိုင်ရာ သံရုံး ကလည်း အဲဒါကိုဖြတ်ချလိုက်ပြီ လို့ပြောပါတယ်" ဟု ပြောသည်။

ယင်းအပြင် ဘာသာရေးနှင့် ပတ်သက်၍ သတိထားဆောင်ရွက် ကြရန် ゞင်းကတိုက်တွန်းသည်။

"ကျွန်တော်တို့က မေတ္တာရပ် ခံချင်တာက မီဒီယာတွေမှာလည်း ဒီဘာသာရေးနဲ့ဆိုင်တဲ့ဟာတွေ ပေါ့နော်။ ကျန်တဲ့ အနုပညာရှင် တွေအနေနဲ့လည်း ဒါတွေကို သေ ချာအလေးအနက်ထားစဉ်းစား ပြီးမှ ဆောင်ရွက်ကြဖို့ ကျွန်တော် တို့က တိုက်တွန်းချင်ပါတယ်"
ဟု၎င်းက ဆိုသည်။

HWA, MP/Democracytoday