ရန်ကုန်၊ ဩဂုတ် ၂-ဗစ်တိုးရီးယားအမှုနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့ အနေဖြင့် တာဝန်ယူမှု၊တာဝန်ခံမှုအပြည့်အဝရှိရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကသတိပေး ထားကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြား လိုက်သည်။



ဩဂုတ် ၂ ရက် နေပြည်တော် သမ္မတအိမ်တော်ဝင်းမီဒီယာရှင်း လင်းဆောင်၌ပြုလုပ်သည့် သတင်းစာရှင်းလင်းရာတွင် ဗစ်တိုးရီးယား အမှုနှင့်ပတ်သက်၍မေးမြန်းရာတွင် ゞင်းကအထက်ပါအတိုင်း ပြော ကြားခဲ့ခြင်းဖြစ်သည်။

"ဗစ်တိုးရီးယား Wisdom Hill   မူကြိုကျောင်းနောက်ဆုံးအခြေ အနေကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရားစွဲထားတယ်။ တရားစီ ရင်ရေးကလည်း အထူးတရားရုံးဖွဲ့ပြီး ဆောင်ရွက်နေတယ်။ အဲ့ဒီ တော့ တရားရုံးမှာရောက်နေတဲ့ကိစ္စဖြစ်တဲ့အတွက် ကျွန်တော်တို့အနေ နဲ့ အထူးတလည်ဘာမှ မှတ်ချက်ပေးစရာမရှိဘူး။ တရားရုံး ဏမသခနျ အတိုင်းလုပ်သွားလိမ့်မယ်။ အဲ့ဒီမှာအထူးပြုပြောချင်တာက သမ္မတ ကြီးရော၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရော ဒီကိစ္စနဲ့ပတ်သက်လို့ အမှုမှန်ပေါ်ပေါက်ရေးအထူးမှာကြားထားပါတယ်။ အဲ့ဒီတော့ မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှတာဝန်ရှိတဲ့သူတွေအနေနဲ့ ဒီအမှုနဲ့ပတ်သက်ရင် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်အဝရှိဖို့လိုတယ်လို့ သတိပေးထားပါ တယ်"
ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြား သည်။

နေပြည်တော် သပြေကုန်းရပ်ကွက်ရှိ  Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းတွင် တက်ရောက်ခဲ့သည့် အသက်သုံးနှစ်ခန့်အရွယ် မူကြိုကျောင်းသူတစ်ဦးပြီးခဲ့သည့် မေ ၁၆ ရက်က လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုလုပ်ခြင်းခံခဲ့ရခြင်းဖြစ်သည်။

အမှုမှ တရားခံဟုစွပ်စွဲခံရသူ ယာဉ်မောင်း အောင်ကျော်မျိုး(ခ) အောင်ကြီးကို ဇူလိုင် ၄ ရက်က နေပြည်တော်၊ ဒဏ္ခိဏခရိုင်တရား ရုံးတွင် မုဒိမ်းမှုပုဒ်မ ၃၇၆ ဖြင့် တရားစွဲတင်ထားသည်။

အမှုနှင့်ပတ်သက်ပြီး တရားလိုနှင့်တရားလိုပြသက်သေ ၂၆ ဦး ကို စစ်ဆေးရန်ရှိပြီး လာမည့်ရုံးချိန်းကို ဩဂုတ် ၁၄ ရက်သို့ ချိန်းဆို ထားသည်။                                         

MP,WYHW/Democracytoday