Print
News
Political
Hits: 3138

မုံရွာ၊ ဇူလိုင် ၃၁- စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လိုင်စင်မဲ့ ဆိုင် ကယ်များအား အခွန်ပေးစေပြီး လိုင်စင်ပြုလုပ်ပေးရန် တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ်  ဗိုလ်မှူးကျော်စိုးမှ ဇူလိုင် ၃၁ ရက် တွင် ကျင်းပသော အကြိမ် ၂ဝမြောက် စစ်ကိုင်းတိုင်းလွှတ်တော် အစည်းအဝေးတွင် တင်သွင်းလိုက်ကြောင်း သိရသည်။



၂၀၁၈ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းတွင် ယာဉ်တိုက်မှု ၁၅၃၉ မှုဖြစ်ခဲ့ပြီး ၄၈၁ ဦးသေဆုံးကာ ၂၆၀၆ ဦးဒဏ်ရာရခဲ့ရာ ယာဉ်တိုက် မှုများတွင် လိုင်စင်မဲ့ဆိုင်ကယ်အများအပြားပါဝင်ခဲ့ကြောင်း ၄င်းက ဆိုသည်။

""တိုင်းဒေသကြီးအတွင်း စီးနင်းခွင့် ွSGG  နံပါတ်နဲ့ လိုင်စင် ပေးခဲ့တယ်လို့ သိရပါတယ်။ ထပ်ဝင်လာထဲ့ လိုင်စင်မဲ့ဆိုင်ကယ်တွေ အများအပြားရှိလို့ ယာဉ်တိုက်မှု၊ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း တွေ ဖောက်ဖျက်မှုတွေဖြစ်ပွားနေတာတွေ့ရပါတယ်""ဟု ဗိုလ်မှူး ကျော်စိုးက ပြောသည်။

လိုင်စင်မဲ့ဆိုင်ကယ်များကို ဒေသပေါက်ဈေး၏ ၅၀ ရာခိုင်နှုန်း ဒဏ်ကြေးကောက်၍ SGG  နံပါတ်ဖြင့် ၂၀၁၄ခုနှစ်မှစကာ လိုင်စင် ထုတ်ပေးနေကြောင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့် ဝင်းက ပြောကြားသည်။

သို့ရာတွင် ဆိုင်ကယ်အချို့မှာ ဟောင်းနွမ်းစုတ်ပြတ်ပြီး မော် ဒယ်နိမ့်ဆိုင်ကယ်များဖြစ်ခြင်း၊ ဒဏ်ကြေးများသဖြင့် ပြည်သူများမှာ မလုပ်ချင်ကြသောကြောင့် ဒေသဈေးနှုန်း သတ်မှတ်ရေးကော်မတီ ကို တိုင်းအစိုးရမှ ပြန်လည်ဖွဲ့စည်းစေပြီး ၂၀၁၈ ခုနှစ်တွင် ဒဏ် ကြေးများကို ပြင်ဆင်သတ်မှတ်အတည်ပြုခဲ့သည်။

""လိုက်စင်လုပ်ချင်သူတွေလည်း လက်ရှိ သတ်မှတ်ထားတဲ့ ဒဏ်ကြေးကို ပေးဆောင်ပြီး လုပ်လို့ရနေပါတယ်""ဟု ဝန်ကြီး ဦးသန်း ညွန့်ဝင်းက ပြောသည်။လိုင်စင်မဲ့ဆိုင်ကယ်များမှရသော ဒဏ်ကြေးကို ၇၅ ရာခိုင်နှုန်း မှာ တိုင်းအစိုးရ ရန်ပုံငွေအဖြစ်လည်းကောင်း၊ ၂၅ ရာခိုင်နှုန်းအား အကောင်ခွန်ဦးစီးဌာန ရန်ပုံငွေအဖြစ် ခွဲပေး၍ လက်ရှိအစိုးရလက် ထက် ၂၀၁၉ ခုနှစ် ဇွန်လအထိ တိုင်းဒေသကြီး ရန်ပုံငွေ ကျပ် ၄၅၅ သန်းကျော် ရရှိထားပြီးဖြစ်ကြောင်း သိရသည်။    

KST
#Democracytoday