Print
News
Political
Hits: 3259

ရန်ကုန်၊ ဇူလိုင် ၃၁-ကမ္ဘာ့အမွေ အနှစ်စာရင်းဝင် ပုဂံဒေသနှင့် ပတ် သက်ပြီး ယူနက်စကိုမှ ဝင်ရောက် စွက်ဖက်ခြယ်လှယ်ခွင့်
မရှိသဖြင့် စိုးရိမ်စရာမလိုကြောင်း သာသနာ ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပုဂံဒေသကမ္ဘာ့အမွေအနှစ်စာ ရင်းတင်သွင်းရေး ဦးဆောင်ကော် မတီဝင် ဒေါက်တာစန်းဝင်းက ပြောကြားလိုက်သည်။



ပုဂံဒေသရှိ အမွေအနှစ်များ ကို ထိန်းသိမ်းရေးလုပ်ငန်းများ၊ စီမံခန့်ခွဲရေးလုပ်ငန်းများနှင့် ပတ် သက်ပြီး မြန်မာနိုင်ငံအနေဖြင့် မိမိ နိုင်ငံ၏တည်ဆဲဥပဒေများဖြင့် လုပ်ဆောင်ကြရမည်ဖြစ်သည်ဟု ယင်းက ဆက်လက်ပြောသည်။

""ပုဂံကို ကမ္ဘာ့အမွေအနှစ်စာ ရင်းဝင်ပြီးနောက် အချို့က ယူနက် စကိုက ဝင်ရောက်စွက်လွှမ်းမိုးမှာ ကို စိုးရိမ်ကြတာတွေရှိပါတယ်။တ ကယ်တော့ ယူနက်စကိုက သတ် မှတ်ချက်နဲ့အညီ ငွေကြေး၊ပစ္စည်း၊ ပညာရပ်ဆိုင်ရာတွေကိုပဲ အကူအ ညီပေးတာဖြစ်ပြီး တကယ်တမ်း ထိန်းသိမ်းရေးလုပ်ငန်း၊စီမံခန့်ခွဲ ရေးတွေကို ကိုယ့်နိုင်ငံမှာရှိတဲ့လူ တွေကပဲ ထိန်းသိမ်းရမှာဖြစ်ပါ တယ်။ ယူနက်စကိုက ဝင်ရောက် ခြယ်လှယ်လုပ်ကိုင်တာမျိုးမရှိပါ ဘူး။ ယူနက်စကိုအဖွဲ့ဝင်နိုင်ငံတွေ ကလည်း ဝင်ရောက်စွက်ဖက်ခွင့် မရှိသလို ဝင်ရောက်စွက်ဖက်ခဲ့တဲ့ သမိုင်းကြောင်းမျိုးလည်း မရှိခဲ့ ပါဘူး။

ရန်ပုံငွေပေးတဲ့နိုင်ငံတွေ ကလည်း တကယ်တမ်းတော့ OIC  နိုင်ငံတွေကများနေတယ်ဆိုတာ မဟုတ်ပါဘူး။ အများဆုံးက ဂျပန်၊ တရုတ်၊ ဂျာမနီ၊ပြင်သစ် နိုင်ငံတွေ ဖြစ်ပါတယ်။ ဒီလိုမျိုး ရန်ပုံငွေထောက်ပံ့ပေးတဲ့ နိုင်ငံတွေ ကလည်း ဝင်ရောက်စွက်ဖက်ခွင့် လွှမ်းမိုးခြယ်လှယ်ခွင့် မရှိပါဘူး""ဟု ပုဂံဒေသ ကမ္ဘာ့အမွေအနှစ် စာရင်း တင်သွင်းရေး ဦးဆောင် ကော်မတီဝင်ဒေါက်တာစန်းဝင်း က ဇူလိုင် ၃၁ ရက်က ဒီမိုကရေ စီတူဒေးသို့ပြောသည်။

ကမ္ဘာ့အမွေအနှစ်ညီလာခံ ကို ကြီးမှူးကျင်းပရသည့်နိုင်ငံ များကိုလည်း နှစ်စဉ်အလှည့်ကျ ရွေးချယ်လေ့ရှိကြောင်းနှင့် တာ ဝန်ယူရသောကော်မတီဝင်နိုင်ငံ များတွင် မြန်မာနိုင်ငံလည်း ပါဝင် လာနိုင်ကြောင်း သိရသည်။
""အခု အဇာဘိုင်ဂျန်နိုင်ငံမှာ လုပ်တယ်ပေါ့။ တာဝန်ယူရတဲ့ အလှည့်ကျကော်မတီဝင်နိုင်ငံ ၂၁ နိုင်ငံရှိတယ်။ အဲဒီမှာအလှည့်ကျ ကျင်းပလေ့ရှိတယ်။ တစ်နေ့သော အခါမှာ မြန်မာနိုင်ငံလည်း အဲဒီ၂၁ နိုင်ငံမှာ ပါလာနိုင်ပါတယ်။ အဲဒီ အချိန်မှာ မြန်မာနိုင်ငံမှာလည်း ကျင်းပနိုင်မှာဖြစ်ပါတယ်"" ဟု ၄င်းကဆက်လက်ပြောသည်။

လက်ရှိအချိန်တွင် ပုဂံဒေသ မြန်မာ့အမွေအနှစ်မှ ကမ္ဘာ့အမွေ အနှစ်ဖြစ်သွားပြီး နောက်ကမ္ဘာ့ နိုင်ငံအသီးသီးမှလည်းကောင်း၊ ယူနက်စကိုမှ လည်းကောင်း၊ OIC  နိုင်ငံများမှလည်းကောင်း ဝင် ရောက်စွက်ဖက် လွှမ်းမိုးချုပ်ကိုင် မည်ကို စိုးရိမ်မှုများရှိနေသည့်အ ပေါ် ယူနက်စကို၏သမိုင်း ကြောင်းများကို သေချာသိရှိသွား ပါက စိုးရိမ်စရာမရှိကြောင်းကို ဒေါက်တာစန်းဝင်းက ဆက်လက် ပြောသည်။

ယူနက်စကိုဆိုသည်မှာ  ကမ္ဘာ့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ကြီးဖြစ်ပြီး ကုလ သမဂ္ဂနိုင်ငံပေါင်း ၁၉၅ နိုင်ငံအ နက် ၁၉၃ နိုင်ငံနှင့်အခြားနိုင်ငံ ၁၁ နိုင်ငံ ပါဝင်ဖွဲ့စည်းထားကာ ယူနက်စကို၏ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် သဘောတူလက် မှတ်ရေးထိုးထားသော နိုင်ငံများ မှာ မြန်မာအပါအဝင် ၁၆၇ နိုင်ငံ ပါဝင်ကြောင်း၊ ယဉ်ကျေးမှု၊ သဘာဝ အမွေအနှစ်များအတွက် ထိန်း သိမ်းရေးလုပ်နိုင်ရန် ငွေကြေး၊ နည်းပညာ၊ ပစ္စည်းများထောက်ပံ့ ပေးနေသော အဖွဲ့အစည်းဖြစ် ကြောင်း သိရသည်။  

TTHL
#Democracytoday