ရန်ကုန်၊ ဇူလိုင် ၃၀ - လွှတ်တော် တွင်း တပ်မတော်သား ရာခိုင်နှုန်း ၅၀ အထိပါဝင်ရန် ပြည်ခိုင်ဖြိုး အမတ်က အကြံပြုလိုက်သည်။
ဇူလိုင် ၃ဝရက်၊ နေပြည်တော် တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် မင်းကင်းပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးမောင်မြင့်က ပြော ကြားလိုက်ခြင်းဖြစ်သည်။



လက်ရှိအချိန်တွင် အနောက် နိုင်ငံများနှင့် OIC ၊ UN တို့ကဲ့ သို့ အဖွဲ့အစည်းများ၏ ဖိအား ပေးမှုကို ခံနေရသည့်အချိန်ဖြစ် ကြောင်း တပ်မတော်အနေဖြင့် လွှတ်တော်တွင်း ပျော်၍ဝင်ပါနေ ခြင်းမဟုတ်ဘဲ လိုအပ်ချက်ကြောင့် သာ ဝင်ပါနေခြင်းဖြစ်ကြောင်း ၄င်းကဆိုသည်။

""ဒီလိုအခြေအနေမျိုးမှာ တပ်မတော်ကို လွှတ်တော်က ရာ ခိုင်နှုန်းလျှော့ချဖို့ဆိုတာ လုံးဝ မဖြစ်နိုင်သေးပါဘူး။ ကျွန်တော် က တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်မဟုတ်ပေမယ့် ပြောနိုင်တာတစ်ခုကတော့ တပ်မ တော်ဟာ သိပ်ပြီးပျော်နေလို့ လွှတ်တော်မှာ ပါနေတာမဟုတ် ဘူးဆိုတာပါပဲ""ဟု ၄င်းကပြော သည်။

ယင်းအတွက်ကြောင့် အမျိုး သားရေးလိုအပ်ချက်အရ အိမ်နီး ချင်း ထိုင်းနိုင်ငံကို အတုယူသင့်ပြီး လွှတ်တော်အရပ်ရပ်တွင် တပ်မ တော်သား လွှတ်တော်ကိုယ်စား လှယ် ရာခိုင်နှုန်း ၅၀ ပါဝင်ရန် လည်း ၄င်းကအကြံပြုသည်။
""ကျွန်တော့်ရဲ့ အကြံပြုချက် ကတော့ ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နဲ့ ပြည် နယ်လွှတ်တော်များတွင် တပ်မ တော်သား လွှတ်တော်များသည် လွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း ၏ ၅ဝရာ ခိုင်နှုန်းပါဝင်သည်လို့ ဖြစ်ပါတယ်""ဟု
၄င်းကပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော် မတီ အစီရင်ခံစာတွင် ပါတီပေါင်း စုံမှတင်သွင်းသည့် အကြံပြုချက် ပေါင်း ၃၇၆၅ ချက်ပါဝင်ပြီး တပ် မတော်လွှတ်တော်တွင်း ပါဝင်မှု နှင့်ပတ်သက်၍ အဆင့်အလိုက် လျှော့ချရန် ဒီချုပ်ပါတီက အကြံ ပြုထားပြီး၊ တိုင်းရင်းသားပါတီ အချို့ကမူ တပ်မတော် လုံးဝမပါဝင် ရေးအတွက် တင်ပြထားကြသည်။
""၂ဝဝ၈ အခြေခံဥပဒေသည် ပြီးပြည့်စုံပြီး ပြင်ဆင်ရန်မလိုသည့် ဥပဒေမဟုတ်သည်ကို လက်ခံသော် လည်း ဥပဒေပြင်ဆင်ရေးအတွက် အဆင့်ကျော်လုပ်ဆောင်မှုများကို လက်မခံနိုင်ကြောင်း ဦးမောင် မြင့်ကဆိုသည်။

အစီရင်ခံစာနှင့် ပတ်သက် ၍ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်အ ချို့က ဥပဒေကို လက်တစ်လုံးခြား လုပ်သည်ဟု ဝေဖန်မှုများရှိခဲ့ပြီး ယင်းအသုံးအနှုန်းအပေါ် ဒီချုပ် ကိုယ်စားလှယ် ဦးအောင်ကြည် ညွန့်က ကန့်ကွက်ခဲ့သဖြင့် အဆို ပါစကားရပ်အား လွှတ်တော်မှတ် တမ်းမှ ပယ်ဖျက်ရန် နာယက ဆုံးဖြတ်ခဲ့သည်။

ယနေ့ပြုလုပ်သည့်လွှတ်တော် အစည်းအဝေးတွင် ပူးပေါင်း ကော်မတီအဖွဲ့ဝင် တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ် ဒုဗိုလ်မှူးကြီး သန့်ဇော်အစား ဒုဗိုလ်မှူးကြီး သန်းဦးလွင်အား အစားထိုးတာဝန်ပေးခဲ့ပြီး လွှတ် တော်က အတည်ပြုခဲ့သည်။

 MP, HWA
#Democracytoday