Print
News
Political
Hits: 3263

ရန်ကုန်၊ ဇူလိုင် ၃၀ - တိုင်းရင်း သားများအနေဖြင့် အိပ်မက်ဆိုး ဆက်မမက်ချင်တော့ဟု ခြေဥပြင် ဆင်ရေးဆွေးနွေးရာတွင် သီပေါ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် က ပြောကြားလိုက်သည်။



ဇူလိုင် ၃၀ ရက် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး၌ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ နှင့်ပတ်သက်၍ ဆွေးနွေးရာတွင် သီပေါပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးစိုင်းသန့်ဇင်က အထက် ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ ခြင်းဖြစ်သည်။

""နောင်လာမယ့် ကျွန်တော်တို့ အနာဂတ်ပြည်ထောင်စုကို ရဲရဲကြီး တည်ဆောက်ကြရမယ့် အချိန်အခါ လည်းဖြစ်ပါတယ်။ အရင်ခေတ် တွေတုန်းကလို စိုးရိမ်စိတ်တွေ များစွာနဲ့ဆက်လက်ပြီး ခရီးမဆက် ချင်ပါ။တိုင်းရင်းသားတွေအနေနဲ့ အိပ်မက်ဆိုးတွေ ဆက်မမက်ချင် တော့ပါ""ဟု ၄င်းကပြောသည်။

ခြေဥပြင်ဆင်ရေးနှင့်ပတ် သက်ပြီး အစိုးရနှင့်တပ်မတော် ကြားညှိနှိုင်းဆွေးနွေးမှုများရှိရန် လိုကြောင်း ၄င်းကဆိုသည်။
""ကျွန်တော်တို့ တိုင်းရင်း သားတွေရဲ့မျှော်မှန်းချက်က တန်း တူရေးနဲ့ ငြိမ်းချမ်းရေးဖြစ်ပါတယ်။ တိုင်းရင်းသားများရဲ့ ကိုယ်ပိုင်ပြ ဋ္ဌာန်းခွင့်တွေ လွတ်လပ်ရေးရစက တည်းက ဆုံးရှုံးခဲ့တာနှစ်ပေါင်း ၇၀ ကျော်ရှိခဲ့ပြီဖြစ်ပါတယ်။ သို့ သော်လည်း အစီရင်ခံစာမှာ ပါရှိ သလို လက်ရှိအင်အားကြီးတွေ ကြားညှိနှိုင်းမှုတွေမရှိနိုင်ကြသေး ဘဲ သဘောထားကွဲလွဲမှုအပေါ် အပြန်အလှန် နားလည်မှုမယူနိုင် ကြသေးတာဖြစ်ပါတယ်။ တိုင်း ရင်းသားတွေရဲ့မျှော်မှန်းချက်တွေ ကတော့ အိပ်မက်ထဲမှာပဲ ဆက် လက်ရှိနေကြရဦးမှာလား""ဟု ၄င်း ကပြောသည်။

လက်ရှိ အာဏာရပါတီသွား နေသည့် ပုံစံသည် ပြင်ဆင်ရေး ဟု ခေါင်းစဉ်တပ်ထားပြီး ဖွဲ့စည်း ပုံအသစ်ရေးဆွဲရေးကို ဦးတည် နေကြောင်း ရခိုင်အမျိုးသားပါတီ ကိုယ်စားပြု ကျောက်ဖြူပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဘ ရှိန်က ဝေဖန်သည်။
ဓဓဖွဲ့စည်းပုံအခြေခံဥပဒေအ သစ်တစ်ခုရေးမယ်ဆိုတာကို ကျွန် တော်သဘောတူပါတယ်။ ဒါပေ မဲ့ ဒီပုံစံနဲ့တော့ အဆင်မပြေပါ ဘူး။ အခုလုပ်နေတာက ဥပဒေ ပြင်ဆင်တယ်လို့ နာမည်တပ်ပြီး ဥပဒေအသစ်တစ်ခုရေးဖို့ ကြိုးစား နေတယ်ဆိုတာ လုပ်ငန်းစဉ်မှာ အထင်အရှား ပေါ်လွင်နေတယ်""ဟု ၄င်းကပြောသည်။

ယင်းအတွက်ကြောင့် လက်ရှိ ပူးပေါင်းကော်မတီမှတင်သွင်းသည့် အစီရင်ခံစာပါအချက်များကို ကန့် ကွက်ကြောင်း ၄င်းကဆိုသည်။၄င်းအနေဖြင့် ဖွဲ့စည်းပုံအ သစ်ရေးဆွဲရေးကို သဘောတူ လက်ခံသော်လည်း လက်ရှိအခြေ အနေအရမဖြစ်နိုင်သေးဘဲ ထိပ် ပိုင်းခေါင်းဆောင်များ ဆွေးနွေး ရမည်ဖြစ်ကြောင်း ၄င်းကဆက် လက်ပြောသည်။

""တိုင်းရင်းသားတွေဖြစ်ကြ တဲ့ ကျွန်တော်တို့လို လူတွေက နိုင်ငံမှာလက်ရှိ အာဏာရအစိုးရ ဖြစ်တဲ့မြန်မာခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအရ တန်းတူရည်တူညှိ နှိုင်းပြီး တိုင်းရင်းသားပေါင်းစုံပါ ဝင်တဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည် ထောင်စုကို တည်ဆောက်လိုကြ ပါတယ်။ ဒီလိုတည်ဆောက်နိုင်ဖို့ အတွက် နိုင်ငံတော်ဖွဲ့စည်းပုံအ ခြေခံဥပဒေအသစ်လည်း လိုအပ် ပါတယ်။
ဒါပေမဲ့ အခုမဖြစ်နိုင် သေးပါဘူး။ ဘာကြောင့်လဲဆို တော့ လက်ရှိဖွဲ့စည်းပုံအရ ကျွန် တော်တို့ နိုင်ငံမှာ ဥပဒေအရ အာ ဏာရထားတဲ့ ကာကွယ်ရေးဦးစီး ချုပ်ရယ်၊ တစ်ဖက်မှာ ရွေးကောက် ပွဲနဲ့ အာဏာရလာတဲ့ လက်ရှိအစိုး ရရယ်ရှိကြပါတယ်။

ကာကွယ်ရေး ဦးစီးချုပ်နဲ့ လက်ရှိအစိုးရတို့ကြား မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် တစ်ခုကိုရေးဆွဲဖို့ ယုံကြည်မှုကို ဦးစွာ တည်ဆောက်ထားကြရမှာ ဖြစ်ပါတယ်။ အာဏာရမြန်မာ ခေါင်းဆောင်တွေက ပြည်ထောင် စုမှာပါဝင်ကြမယ့် တိုင်းရင်းသား လူမျိုးစုတွေကို ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ် တွေနဲ့ နိုင်ငံရေးအရ တန်းတူရည် တူ စားပွဲဝိုင်းထိုင်ပြီး ဆွေးနွေးကြ ရမှာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေ ခံဥပဒေကို အုပ်ချုပ်သူတွေရဲ့ အ ကျိုးအတွက်မဟုတ်ဘဲ တိုင်းရင်း သား ပြည်သူအားလုံးအကျိုးအ တွက် မြေပြင်အခြေအနေနဲ့ ကိုက် ညီတဲ့ အခြေခံဥပဒေကိုရေးဆွဲ ကြရမှာဖြစ်ပါတယ်""ဟု ၄င်းက ပြောသည်။

ဦးဘရှိန်ပြောကြားခဲ့သည့် မြန်မာခေါင်းဆောင်ဟူသည့် စကား ရပ်မှာ တိုင်းရင်းသားအချင်းချင်းစိတ်ဝမ်းကွဲစေသည့်အတွက် ယင်း စကားရပ်ကိုပယ်ဖျက်ပြီး နိုင်ငံ့ ခေါင်းဆောင်ဟု ပြောင်းလဲမှတ် တမ်းတင်ရန် ပြည်ထောင်စုလွှတ် တော်နာယကက ဆုံးဖြတ်ခဲ့သည်။ယနေ့ဆွေးနွေးပွဲတွင် ဆွေး နွေးရန် စာရင်းတင်ထားသူ ၆၆ ဦးအနက် ၂၁ ဦးက ဆွေးနွေးခဲ့ ကြပြီး လွှတ်တော်ကို ဩဂုတ် ၁ ရက်တွင် ပြန်လည်ခေါ်ယူထား သည်။

MO, HWA
#Democracytoday