Print
News
Political
Hits: 3398

ခြေဥပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို တပ်မတော်သားကိုယ်စားလှယ်များ မဆွေးနွေးတော့ခြင်းမှာ မိမိတို့အစီအစဉ်အတိုင်းဆက်လုပ်နေခြင်းဟု ဗိုလ်မှူးချုပ်မောင်မောင်ဆို

 

နေပြည်တော်၊ ဇူလိုင် ၃၀ - ဖွဲ့စည်း ပုံအခြေခံဥပ ဒေပြင်ဆင်ရေး ပူး ပေါင်းကော်မတီ၏ အစီရင်ခံစာ ကို ဇူလိုင် ၃၀ ရက်တွင် မဆွေးနွေး တော့ခြင်းမှာ တပ်မတော်သား ကိုယ်စားလှယ်များအနေဖြင့် မိမိ တို့အစီအစဉ်အတိုင်း ဆက်လက် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ် စားလှယ် အစုအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်မောင်မောင်က ပြော ကြားသည်။


ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၂ဝဝ၈ ခုနှစ် ပြင်ဆင်ရေးပူးပေါင်းကော် မတီ၏ အစီရင်ခံစာအား ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွှတ် တော်(၁၃)ကြိမ်မြောက် အစည်း အဝေး ဆဋ္ဌမနေ့အစီအစဉ်တွင် စတင်ဆွေးနွေးခဲ့ရာ ဇူလိုင် ၃၀ ရက် တွင် ကိုယ်စားလှယ် ၂၁ ဦးပါဝင် ဆွေးနွေးခဲ့ကြသည်။

""လွှတ်တော်အစီအစဉ်အ တိုင်းပါပဲ။ အားလုံးလည်းသိ၊ ကြော် ငြာထားတာပဲ။ အစီအစဉ်အတိုင်း ပဲဆက်ကြည့်ပါ။ ကျွန်တော်တို့ သီးခြားပြောစရာမရှိပါဘူး။ ကျွန် တော်တို့အနေနဲ့ကတော့ ကျွန်တော် တို့အစီအစဉ်အတိုင်း ဆက်လုပ် နေတာဖြစ်ပါတယ်"" ဟု ဗိုလ်မှူးချုပ် မောင်မောင်က မီဒီယာသမားများ နှင့်တွေ့ဆုံစဉ်ပြောကြားသည်။
ပျော်ဘွယ်မဲဆန္ဒနယ်မှ ပြည် ခိုင်ဖြိုးပါတီ ကိုယ်စားလှယ် ဦး သောင်းအေးကမူ ဆွေးနွေးခြင်း မဆွေးနွေးခြင်းမှာ ၄င်းတို့၏အခွင့် အရေးသာဖြစ်ကြောင်း ပြောသည်။

""အစီရင်ခံစာ နောက်ဆုံးသုံး ပုဒ်မှာ ထည့်ထားတယ်လေ။တပ်မတော်သားကိုယ်စားလှယ်များရဲ့သဘောထားမှတ်ချက်
ဆိုတာကသူတို့ရဲ့သဘောထားဆန္ဒပဲလေ။အဲ့ဒါဖော်ပြပြီးတာဖြစ်လို့ သူတို့ဆွေး နွေးစရာမလိုတော့လို့ မဆွေးနွေး တာလည်းဖြစ်နိုင်တာပေါ့။ ဆွေးနွေး ရင်တော့ အများကြီးပြောလို့ရတာ ပေါ့။ အမှန်ကတော့ ပြောစရာ စကားကကုန်နေပြီ။ သို့သော်လည်း ပြည်သူသိအောင် ထပ်သိအောင် ဆက်ပြီး ဆွေးနွေးတာပဲ။ သူ့သ ဘောတရားအရတော့ ဒါကိုတရား မဝင်ဘူး။ ဒီလုပ်ဆောင်ချက်ကြီး က ဥပဒေနဲ့မညီဘူးလို့ ပြောထား ပြီးဖြစ်တဲ့အတွက် မဆွေးနွေးတာ ဘာအပြစ်မှမရှိဘူး။ ဆွေးနွေးသင့် တယ်။ မဆွေးနွေးသင့်ဘူးဆိုတာ ကတော့ တပ်မတော်ရဲ့ အယူအဆ ပဲလေ""ဟု ၄င်းကပြောသည်။

အစီရင်ခံစာအပေါ် ပါဝင် ဆွေးနွေးရန်  မူလအမည်စာရင်း ပေးသွင်းမှုအရ တပ်မတော်သား များက ၇၈ ဦးဖြင့် အများဆုံးဖြစ် ကာ ပြည်ခိုင်ဖြိုးက ၂၇ ဦး၊ အာ ဏာရဒီချုပ်ပါတီဝင် ခြောက်ဦး နှင့် တိုင်းရင်းသားပါတီများနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်များ  ဖြင့်စုစုပေါင်းလူဦးရေ ၁၂၅ အ ထိ ရှိခဲ့သည်။
ဒီချုပ်အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည် ညွန့်က ""ဝင်ရောက်မဆွေးနွေး  လို့ ဘာမှမဖြစ်ပါဘူး။ အမည်စာ ရင်းပြန်နုတ်တာက လုပ်လို့ရတယ် လေ။ လုပ်ထုံးလုပ်နည်းအရ။ ရုံး ဖွင့်ရက် မနေ့ကလောက်နုတ်တာ ဖြစ်မှာပေါ့။ လွှတ်တော်မှာ ဆွေး နွေးတယ်ဆိုတာ အမည်စာရင်းတင် ထားပြီးပြီဆိုရင် မဆွေးနွေးဘဲနဲ့ အချိန်မီ ပြန်ပြီးတော့ ဃညေခနူ လုပ်လို့ရတယ်။

အကယ်၍ သတ် မှတ်ထားတဲ့ ရက်အတွင်းမှာ အမည် စာရင်း မပေးထားဘူးဆိုရင် နောင် ဆွေးနွေးချင်တယ်ဆိုရင်တောင်မှ ဆွေးနွေးလို့မရတော့ဘူး။ အဲ့ဒီ တော့ အခုလောလောဆယ် အနေ အထားမျိုးနဲ့ ပြန်ပြီးမဆွေးနွေး တော့ဘူးဆိုတဲ့ အနေအထားမျိုး က ဘာတစ်ခုဖြစ်သွားလဲဆိုတော့ အထူးသဖြင့်တော့ အချိန်အားဖြင့် ဆိုရင်လည်း အများကြီးသက်သာ သွားတယ်။ နောက်ပြီးတော့ အထူး အခုအခံ။ အရင်တုန်းကတော့ လူ တွေကစိုးရိမ်နေကြတာလေ။ မီဒီ ယာမှာလည်းစိုးရိမ်သွားတာ။ အင် မတန်မှ အကြိတ်အနယ် အခုအခံ လုပ်ကြလိမ့်မလားပေါ့။ အဲ့ဒီလို စိုး ရိမ်ကြတယ်။ အခုက ပြန်ပြီးတော့ နုတ်ထွက်သွားတယ်ဆိုတော့ အဲ့ဒီ လိုအခြေအနေမျိုးမပေါ်ပေါက်လာ နိုင်တော့ဘူးလို့တော့ မှန်းဆလို့ရ သွားတာပေါ့။

ပေးထားပြီးသား အချို့စာရင်းတွေမှာလည်း အချို့ လည်း နုတ်ထွက်ကြတဲ့လူတွေရှိ တယ်။ တပ်မတော်သား ကိုယ်စား လှယ်မဟုတ်တဲ့ အခြားသူတွေလည်း နုတ်ထွက်ကြ တာရှိတယ်။ အချိန် ကုန်သက်သာသွားတာပေါ့။ နောက် ပြီးတော့ အကြိတ်အနယ်နဲ့ အခုအခံ ဖြစ်စရာတွေမရှိတော့ လုပ်ငန်းစဉ် လေးတစ်ခုကတော့ ဒီအဆင့် တစ် ဆင့်မှာ ချောချောမွေ့မွေ့နဲ့ အချိန် တိုတိုနဲ့ ပြီးသွားနိုင်တာပေါ့""ဟု ပြောကြားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၂ဝဝ၈ ခုနှစ်ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ၏ အစီရင်ခံစာကို ဇူ လိုင် ၁၅ ရက်က လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်ပြီး တပ်မတော် သား ကိုယ်စားလှယ်များအနေဖြင့် သီးခြားသဘောထားမှတ်ချက်ပြု ခြင်းရှိခဲ့သည်။

တပ်မတော်သား အစုအဖွဲ့ ၏ သဘောထားမှတ်ချက်တွင် ဖွဲ့ စည်းပုံအခြေခံဥပဒေ ၂ဝဝ၈ ခုနှစ် ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းဆောင်ရွက်ခြင်းသည် ဖွဲ့စည်း ပုံအခြေခံဥပဒေအခန်း ၁၂ နှင့် ကိုက် ညီခြင်းမရှိသောကြောင့် တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ် များက ကော်မတီဖွဲ့စည်းရန် အ ဆိုတင်သွင်းစဉ်ကပင် ကန့်ကွက်ခဲ့ ပြီးဖြစ်ကြောင်း၊ ပြည်ထောင်စုလွှတ် တော်မှ မဲခွဲဆုံးဖြတ်အတည်ပြုပြီး အဆိုပါ ကော်မတီကိုဖွဲ့စည်းခဲ့ ခြင်းဖြစ်၍ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ပြည်ထောင်စုလွှတ်တော်၏

ဆုံးဖြတ် ချက်ကို လေးစားလိုက်နာသော အားဖြင့် ပါဝင်တက်ရောက်ခဲ့ ကြောင်း၊ ထိုသို့တက်ရောက်စဉ် တွင်လည်း တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်များမှ ပြင်ဆင် ရန် အဆိုပြုချက်များ တင်သွင်းခြင်း၊ သဘောထားမှတ်ချက်ပြုခြင်းတို့ ကို ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း၊ ယခု ပူးပေါင်းကော်မတီ၏ အစီရင် ခံစာဆိုင်ရာ လုပ်ငန်းစဉ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း ၁၂ ပါဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက် များနှင့် ကိုက်ညီမှုမရှိပါကြောင်း သဘောထားမှတ်ချက်ပြုထားခဲ့ သည်ဟု အစီရင်ခံစာတင်သွင်းစဉ် ဖော်ပြထားသည်။           


MP
#Democracytoday