ဟောင်ကောင်၊ ဩဂုတ် ၁၃-ဟောင်ကောင်တွင် အစိုးရ ဆန့်ကျင်ရေးဆန္ဒပြသူများသိမ်း ပိုက်ထားသော လေဆိပ်များ ဩဂုတ်  ၁၂ ရက်က ပြန်လည်ဖွင့်လှစ်လိုက် ပြီဖြစ်သော်လည်း လေယာဉ်ခရီး စဉ်များမှာ ဖျက်သိမ်းထားဆဲဖြစ် သည်ဟု ဩဂုတ် ၁၃ ရက် သတင်း များအရ သိရှိရသည်။


ဩဂုတ် ၁၂ ရက် အစော ပိုင်းက ခရီးသည်များ၏ ကုန်စည် များကို စစ်ဆေးချိန်တွယ်ကာ လေယာဉ်ကွင်းပြန်ကြားရေးဌာန မှ ထွက်ရှိမည့်လေယာဉ်ခရီးစဉ် များကို ကြေညာပေးခဲ့သည်။ ဆန္ဒ ပြသူများကလည်း ဆန္ဒပြမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ် ကြောင်း လေယာဉ်ကွင်းရှိ ခရီး သည်များအား အော်ဟစ်ပြောဆို ခဲ့ကြသည်။

သို့ဖြစ်၍ ဟောင်ကောင်  လေဆိပ်တွင် ယင်းနေ့က မည်သည့်  လေယာဉ်မှ ဆင်းသက်ခြင်းမပြု ခဲ့ချေ။ ကာဌေးလေကြောင်းဌာနက  လေယာဉ်ကွင်းတွင် အစိုးရဆန့် ကျင်ရေးဆန္ဒပြမှုများရှိနေသေး သောကြောင့် မိမိတို့လေယာဉ်များ မဆင်းသက်နိုင်သေးကြောင်း ကြေ ညာချက်ထုတ်ပြန်ခဲ့သည်။

ဩဂုတ် ၁၁ ရက်က ဟောင် ကောင်လေဆိပ်တွင် ပျံသန်းမှုခရီး စဉ် ၂၅၀ ကျော် ပိတ်ထားခဲ့၍ ကမ္ဘာ့အစည်ကားဆုံးလေဆိပ်ကြီး  ရှစ်ခုတွင် ပါဝင်၍ နေ့စဉ်လေယာဉ်   ခရီးသည် အဝင်/အထွက် ၂ဝဝဝဝဝ  ခန့်ရှိသော ဟောင်ကောင်လေဆိပ် ၌ ခရီးသွားများရှင်းနေခဲ့ရသည်။

စင်ကာပူ-ဟောင်ကောင် လေယာဉ်ခရီးစဉ်မှ လေယာဉ်များ သည် ကွမ်ကျိုးလေဆိပ်သို့ပြောင်း လဲဆင်းသက်ခဲ့ရသည်။
ဟောင်ကောင်လေဆိပ်ပိတ် ထားရသောကြောင့် ငွေကြေးများ စွာ နစ်နာခဲ့ရသည်ဟု မြို့တော် သယ်ယူပို့ဆောင်ရေးအဖွဲ့ဥက္ကဋ္ဌ  ဖရန့်ဆန်းက ထုတ်ဖော်ပြောဆို လိုက်သည်။

မနေ့ည(ဇူလိုင်လ ၁၁)က""မြို့  ဟာ ဆန္ဒပြသူတွေ၊ လုံခြုံရေးရဲတွေ နဲ့ ပဋိပက္ခဖြစ်ပွားနေတယ်""ဟု ပဲ ရစ်သို့သွားမည့် ဩစတေးလျလူမျိုး  ခရီးသည် ကိတ်ဖလန်နာရီက ပြောဆိုလိုက်သည်။

Xinhua
#Democracytoday