Print
News
International News
Hits: 8287

မက်ဒရစ်၊ ဇွန် ၁၆ /  Vodafone Espana ကုမ္ပဏီ သည် တရုတ်ဆက်သွယ်ရေးကုမ္ပဏီ ကြီး Huawei နှင့်စပိန်နိုင်ငံတွင် ပထမဆုံးစီးပွားဖြစ် 5G မိုဘိုင်း ဝန်ဆောင်မှုများကို ဇွန် ၁၅ ရက် တွင်စတင်လိုက်ကြောင်း၊ စပိန်အ နေဖြင့်ဥရောပတွင် အထူးလျင် မြန်သော မိုဘိုင်းကွန်ရက်ကိုအ သုံးပြုသော ပထမဆုံးဥရောပနိုင်ငံ များတွင် ပါဝင်လာခဲ့ကြောင်းသိရ သည်။

Vodafone Espana ကုမ္ပဏီ ၏အဆိုအရ ၅ွ မိုဘိုင်းကွန်ရက် သည်မက်ဒရစ်၊ ဘာစီလိုနာ၊ ဗလင်စီယာ၊ ဆီဗီလာမြို့တို့အပါ အဝင် စပိန်မှ အဓိကမြို့ကြီး ၁၅ ခုတို့ကို လွှမ်းခြုံထားသည်ဟု သိရ သည်။

ယင်းမြို့များမှ ဒေသခံထက် ဝက်ဝန်းကျင်သည် အနာဂတ်တွင် ပါ ချဲ့ထွင်လာမည့် အဆင့်မြင့်မြန် နှုန်းမြင့်မိုဘိုင်း ကွန်ရက်နည်းပညာ ကိုရယူအသုံးပြုနိုင်ပြီဖြစ်သည်။ 5G မိုဘိုင်းဖုန်းများနှင့်အတူ စပိန်နိုင်ငံမှ 5G ဝယ်ယူသူများ သည် 4G ကွန်ရက်ထက် ၁၀ ဆ ပိုမိုလျင်မြန်မည့် တစ်စက္ကန့်လျှင် 2GB အထိဒေါင်းလုဒ် ဆွဲနိုင်မည့် နှုန်းကိုလည်း ယခုနှစ်ကုန်တွင် ခံ စားကြရမည်ဟု ဆိုသည်။

ယင်းအဆင့်မြင့် ကွန်ရက် နည်းပညာသည် အနာဂတ်တွင် အလိုအလျောက် ယာဉ်မောင်းနှင် မှု၊ ကြေးနန်းဆေးပညာနှင့် ပုံရိပ် ယောင်နည်းပညာကဲ့သို့သော အဓိ ကကျသည့် နည်းပညာများအ တွက်အခြေခံလည်း ဖြစ်လာ မည်ဖြစ်သည်။ Vodafone သည် စပိန်နိုင်ငံမှဝယ်သူများအတွက် 5G ကွန်ရက်ကို စတင်ပေးအပ်သည့် အော်ပရေတာ ဖြစ်လာခဲ့သည်။5G Vodafone Espana ကုမ္ပဏီ သည်လည်း ဥရောပရှိမြို့ကြီးအချို့ ကိုလည်း လွှမ်းခြုံထားပြီးဖြစ် သည်။

Huawei Spain ၏ အဆို အရကုမ္ပဏီသည် မိတ်ဆက်ရန် နည်းပညာအများအပြား ပြင်ဆင် ထားပြီး ယင်းစီမံကိန်းအတွက် အဓိကကျသည့် ပစ္စည်းထောက်ပံ့ သူအဖြစ် Vodafone နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ် ကြောင်းသိရသည်။ ယင်းကုမ္ပဏီ နှစ်ခုသည် ၁၀ နှစ်ကျော်ကြာ အနီးကပ် ပူးပေါင်းဆောင်ရွက်ခဲ့ ကြသည်။

Ref: globaltime