Print
News
International News
Hits: 8348

တိုကျို ဇွန် ၁၇ ဂျပန်နိုင်ငံတွင် ဇွန် ၁၆ ရက်က ပြုလုပ်ခဲ့သည့် အစည်းအဝေးတစ်ခု၌ ပင်လယ်များအတွင်း ပလတ်စတစ် ညစ်ညမ်းမှုများကို လျှော့ချမည့် သဘောတူညီချက်တစ်ခုကို စက်မှုထိပ်သီး ဂျီ -၂၀ နိုင်ငံများအကြား ရရှိခဲံကြောင်း သိရသည်။

ယင်းသဘောတူညီချက်အောက်တွင် ဂျီ-၂၀ အဖွဲ့ဝင်နိုင်ငံများသည် ပလတ်စတစ် စွန့်ပစ်ပစ္စည်းများကို လျှော့ချရန် ကတိပြုထားသော်လည်း မည်သို့မည်ပုံလုပ်ကိုင်ဆောင်ရွက်မည်ဆိုသည့် အသေးစိတ်ကို အနည်းငယ်သာ ဖော်ပြထားသည်။

ယင်းလုပ်ဆောင်ချက်နှင့် တိုးတက်မှုများကို တစ်နှစ်လျှင် တစ်ကြိမ် သတင်းထုတ်ပြန်ရမည်ဟုလည်း ဖော်ပြထားကြောင်း မီဒီယာများတွင် ဖော်ပြသည်။

ဂျပန်အစိုးရသည် လာမည့်နိုဝင်ဘာလတွင် ပထမဆုံးအစည်းအဝေးကို ကျင်းပပြုလုပ်နိုင်ရန် မျှော်မှန်းထား ကြောင်း ယူမီယူရီရှင်ဘွန်းသတင်းစာက ဆိုသည်။ ဂျပန်ပတ်ဝန်းကျင်ရေးရာ ဝန်ကြီးယိူရှီအာကီ ဟာရာဒါက “တက်သစ်စနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအပါအဝင် အားလုံးအတွက် စည်းမျဉ်းစည်းကမ်းတွေကို ချမှတ်နိုင်ခဲ့တဲ့အတွက် အရမ်းကောင်းမွန်ပါတယ်။” ဟု နှစ်ရက်ကြာ ကျင်းပခဲ့သော ဂျီ-၂၀ ပတ်ဝန်းကျင်နှင့် စွမ်းအင်ဝန်ကြီးများ အစည်းအဝေးအပြီးတွင် ပြောကြားခဲ့သည်။

နိုင်ငံရပ်ခြားမှ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ တင်သွင်းမှုကို တရုတ်နှင့် အခြားနိုင်ငံများက ပိတ်ပင်လိုက်မှု ကြောင့် ပလတ်စတစ်ညစ်ညမ်းမှု ပြဿနာသည် ကမ္ဘာလုံးဆိုင်ရာစိုးရိမ်စရာ ဖြစ်လာခဲ့သည်။ ဂျပန်အပါ အဝင် နိုင်ငံအများအပြားတွင် စွန့်ပစ်ပစ္စည်းများစုပုံနေသည့် အကျိုးဆက်ကိုလည်း ခံစားနေရသည်။ ပြိုပျက်လွယ်သည့် မိုက်ခရိုပလတ်စတစ်များသည်လည်း ယခုအခါ လူကြိုက်များလာခဲ့သည်။ ယင်းသဘောတူညီချက်သည် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို ကိုင်တွယ်နိုင်မည့် ပထမဆုံးခြေလှမ်းဖြစ်ကြောင်း Greenpeace Japan မှ မစ္စတာ

ဟီရိုအာကီ အိုဒါချီကဆိုသည်။

သို့သော်ယင်းကိစ္စကိုဖြေရှင်းရန် နိုင်ငံများ၏ ဦးဆောင်ဦးရွက်ပြုသည့် လုပ်ငန်းများကို မှီခိုရန် မလုံလောက်ကြောင်း ၎င်းကဆိုသည်။

Ref:AFP