ရီယာ့ဒ်၊ ဇွန် ၁၆- ဆော်ဒီအာရေဗျအိမ်ရှေ့မင်း သားက အိုမန်ပင်လယ်ကွေ့အ တွင်း ရေနံတင်သင်္ဘောနှစ်စင်း ဇွန် ၁၃ ရက်က တိုက်ခိုက်ခံရမှု သည် အီရန်နိုင်ငံတွင် တာဝန်ရှိ ကြောင်း ဇွန် ၁၆ ရက်က ပြစ်တင် ပြောဆိုလိုက်သည်။

ယင်းတိုက် ခိုက်မှုသည် နိုင်ငံတကာလွတ်လပ် စွာ ရေကြောင်းသွားလာမှုအား ခြိမ်းခြောက်ခြင်းပင်ဖြစ်သည်ဟု လည်း ဆက်လက်ပြောကြားလိုက် သည်။ ဆော်ဒီအာရေဗျနိုင်ငံအ နေဖြင့် ဒေသတွင်းစစ်မက်ဖြစ်ပွား ခြင်းအားလည်း ရှောင်ရှားလိုရန် ဆန္ဒရှိသည်ဟုလည်း ထုတ်ဖော် ဆိုလိုက်သည်။ ယင်းတိုက်ခိုက်မှု နှင့် စပ်လျဉ်း၍ အမေရိကန်ပြည် ထောင်စုက အီရန်နိုင်ငံ၌ တာဝန် ရှိကြောင်း ပြစ်တင်ပြောဆိုထား ပြီးလည်းဖြစ်သည်။ အီရန်နိုင်ငံက မူ ယင်းကိစ္စအပေါ် ငြင်းဆိုထား သည်။

နော်ဝေပိုင် Front Altair နှင့် ဂျပန်အစိုးရပိုင်ကိုကူကာကာ ရေဂျီးယပ်စ်ရေနံဝယ်သင်္ဘောနှစ် စင်း ဟော်မုဇ်ရေလက်ကြားအတွင်း တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။ ယင်း ရေလက်ကြားသည် နိုင်ငံတကာ ကုန်တင်သင်္ဘောအများအပြား အသုံးပြုရာရေလမ်းခရီးဖြစ်သည်။ ရေနံတင်သင်္ဘောများအတိုက်ခိုက် ခံရချိန်တွင် ဂျပန်ဝန်ကြီးချုပ်ရှင်ဇို အာဘေးသည် တီဟီရန်သို့ ချစ် ကြည်ရေးအလည်ရောက်ရှိနေ ခိုက်ဖြစ်သည်။

"အီရန်အစိုးရဟာ ဂျပန်ဝန် ကြီးချုပ်တီဟီရန်ရောက်ရှိနေချိန် မှာ လေးစားသမှုပြသဖို့တော့ လို အပ်တာပေါ့။ ဆော်ဒီအစိုးရတာ ဝန်ရှိသူက ပြောကြားလိုက်သည် ဟု အစိုးရပိုင် Asharq al-Awsat သတင်းစာကြီးက ထုတ်ဖော်ရေး သားလိုက်သည်။

"ဆော်ဒီအာရေဗျနိုင်ငံဟာ စစ်ကိုမလိုလားပါဘူး။ ဒါပေမဲ့ နိုင်ငံအချုပ်အခြာအာဏာနဲ့ ပြည် သူ့အကျိုးစီးပွားထိခိုက်လာရင် တော့ ရင်ဆိုင်ဖို့အသင့်ပါပဲ " ဟု လည်း သတင်းစာကြီးက ဖော်ပြ ထားသည်။

Ref; Reuters