နယူးယောက်၊ ဩဂုတ် ၁၈

နယူးယောက်မြို့ မြေအောက် ဘူတာရုံအတွင်း လျှပ်စစ်ထမင်း ပေါင်းအိုးသဏ္ဌာန်တူ မသင်္ကာ ဖွယ်ရာပစ္စည်းနှစ်ခု တွေ့ရှိမှုကြောင့် ရဲအဖွဲ့သည် လုံခြုံရေးများချကာ စစ်ဆေးခဲ့ပြီး မသင်္ကာဖွယ်ရာအ နောက်ဗာဂျီးနီးယားနယ်သား လာ ရီကင်တွန်ဂရစ်ဖင်အားလည်း ဖမ်း ဆီးထိန်းသိမ်းလိုက်သည်။

ကဘူးလ်၊ ဩဂုတ် ၁၈

အာဖဂန်နစ္စတန်နိုင်ငံ၊ မြို့ တော်ကဘူးလ်တွင် ပြုလုပ်သည့် မင်္ဂလာဧည့်ခံပွဲ အခမ်းအနား တစ်ခုအတွင်း အသေခံ ဗုံးခွဲတိုက် ခိုက်မှုတစ်ခု ဩဂုတ် ၁၇ ရက်ည ပိုင်း၌ ဖြစ်ပွားခဲ့ပြီး ၆၃ ဦးသေ ဆုံးခဲ့ကာ ၁၈၂ ဦးဒဏ်ရာရရှိခဲ့ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာ နကဆိုသည်။ ကဘူးလ်မြို့ အ နောက်ပိုင်းရှိ လူနည်းစု ရှီးယိုက် များနေထိုင်ရာ ရပ်ကွက်မှ လက် ထပ်ခန်းမဆောင်တစ်ခုတွင် မင်္ဂ လာပွဲကျင်းပနေစဉ် ဖြစ်ပွားခဲ့ သည့် ယင်းဖောက်ခွဲမှုမှာ ゞင်း တို့၏ လက်ချက်မဟုတ်ကြောင်း တာလီဘန်တို့က ငြင်းဆိုထား သည်။

ဟောင်ကောင်၊ ဩဂုတ် ၁၃-ဟောင်ကောင်တွင် အစိုးရ ဆန့်ကျင်ရေးဆန္ဒပြသူများသိမ်း ပိုက်ထားသော လေဆိပ်များ ဩဂုတ်  ၁၂ ရက်က ပြန်လည်ဖွင့်လှစ်လိုက် ပြီဖြစ်သော်လည်း လေယာဉ်ခရီး စဉ်များမှာ ဖျက်သိမ်းထားဆဲဖြစ် သည်ဟု ဩဂုတ် ၁၃ ရက် သတင်း များအရ သိရှိရသည်။

ပေကျင်း သြဂုတ် ၁၄

အမေရိကန်နိုင်ငံသည် ကျန်းမာရေး၊ လုံခြုံရေး၊ အမျိုးသားလုံခြုံရေးနှင့် အခြားအကြောင်းအရာများကြောင့် တရုတ်သွင်းကုန်ပစ္စည်းအချို့အပေါ် လာမည့် ဒီဇင်ဘာမတိုင်မီအထိ အခွန်တိုးကောက်မည့် အစီအစဉ်အား ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။ ယင်းသွင်းကုန်ခွန်တိုးမြင့်မှု ရွှေ့ဆိုင်းမှုတွင် ပါဝင်သည့် ကုန်ပစ္စည်းများထဲ၌ မိုဘိုင်းဖုန်း၊ လက်ပ်တော့၊ ဗီဒီယိုဂိမ်းခလုတ်၊ အရုပ်၊ ကွန်ပျူတာမော်နီတာ၊ ဖိနပ်နှင့် အဝတ်အထည်များ ပါဝင်သည်။ ယင်းကြေညာချက်ကို အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးက သြဂုတ် ၁၃ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ယင်းသတင်းကြောင့် ရှယ်ယာစျေးနှုန်းများ မြင့်တက်ခဲ့ရသည်။

အစ္စတန်ဘူ၊ ဩဂုတ် ၅

တူရကီသမ္မတရီစက်တေ ယက်ပ်အာဒိုဂန်က တူရကီစစ်တပ် များသည် ဆီးရီးယားနိုင်ငံ ယူဖရေး တီးမြစ် အရှေ့ဘက်ဒေသသို့ ဝင် ရောက်တော့မည်ဖြစ်ကြောင်း ပြော ကြားလိုက်ကြောင်း ဆင်ဟွာသတင်း က ဩဂုတ် ၅ ရက်တွင် ဖော်ပြ လိုက်သည်။