ဘာစီလိုနာ တိုက်စစ်မှူး မက် ဆီက ယမန်နှစ်ရာသီက လာလီဂါ ချန်ပီယံဆုတစ်ခု တည်းသာရခဲ့ပြီး ကျန်ပြိုင်ပွဲများတွင် အောင်မြင်မှု မရခဲ့ခြင်းကို မေ့ဖျောက်ကာ ယခု ရာသီသစ်တွင် ပြိုင်ပွဲတိုင်း၌ဗိုလ်စွဲ ရန် အားထုတ်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။



ဘာစီလိုနာသည် ယမန်နှစ် ရာသီက လာလီဂါတွင် ချန်ပီယံ ဖြစ်ခဲ့သော်လည်း ချန်ပီယံလိဂ်တွင် ဆီမီးအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရ သလို စပိန်ဘုရင့်ဖလားတွင်လည်း ဗလင်စီယာကို အရေးနိမ့်ခဲ့ခြင်း ကြောင့် ဒုတိယဆုဖြင့်သာ နှစ်သိမ့် ခဲ့ရသည်။

မက်ဆီက "မနှစ်က ဆုံးရှုံးခဲ့ ရတဲ့ဆုဖလားတွေအကြောင်းကို ပြန်ပြောဖို့ခက်ခဲပေမယ့် နောင်တရ နေစရာအကြောင်း မရှိပါဘူး။ ပြီးခဲ့ တဲ့ ၁၁ နှစ်အတွင်းမှာ ဖလားရှစ် လုံးရယူနိုင်ခဲ့တဲ့အသင်းအနေနဲ့ အ တူတကွလက်တွဲအားထုတ်မယ် ဆိုရင် ပြိုင်ပွဲတိုင်းမှာ အောင်မြင်မှု ရနိုင်မယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး" ဟုဆိုခဲ့သည်။

KKW/Democracytoday