ရန်ကုန်၊ ဩဂုတ် ၅ - စင်ကာပူ တိုက်ကွမ်ဒို ချန်ပီယံရှစ်ပြိုင်ပွဲ၌ မြန်မာတိုက်ကွမ်ဒိုအဖွဲ့မှ ရွှေတံ ဆိပ်နှစ်ခုအပါအဝင် ဆုတံဆိပ်ငါး ခုကို ဆွတ်ခူးနိုင်ခဲ့ပြီးအောင်မြင်မှု ရရှိခဲ့သည်။



Singapore Sport Day Taekwondo Championship's  ပြိုင်ပွဲကိုစင်ကာပူနိုင်ငံတွင်ဩဂုတ် ၁ ရက်မှ၁၀ရက်အထိ ကျင်းပနေ လျက်ရှိရာ မြန်မာတိုက်ကွမ်ဒိုအဖွဲ့ ချုပ်မှ လက်ရွေးစင်ကစားသမားငါး ဦးဖြစ်သော ကောင်းမြတ်သူ၊ ကျင် စိုးရန်နိုင်၊ အောင်ကျော်ကျော်၊ ဒေစီဦးဂျူးလီးယက်၊ နေရီဦးတို့ ဖြင့်ဝင်ပြိုင်ခဲ့သည်။

ယင်းပြိုင်ပွဲ၏ အမျိုးသမီး တစ်ဦးချင်းကကွက်ပြိုင်ပွဲ၌ နေရီ ဦးမှ ရွှေတံဆိပ်၊ (-၅၃ကီလို အောက်) အတိုက်ပြိုင်ပွဲ၌ ဒေစီဦး ဂျူးလီးယက်မှ ရွှေတံဆိပ်၊ (-၅၈ ကီလိုအောက်) အတိုက်ပြိုင်ပွဲ၌ ကောင်းမြတ်သူမှ ငွေတံဆိပ်၊(-၆၃ ကီလိုအောက်) အတိုက်ပြိုင်ပွဲ၌ ကျင်စိုးရန်နိုင်မှ ငွေတံဆိပ်၊ (-၆၈ ကီလိုအောက်) အတိုက်ပြိုင်ပွဲ၌ အောင်ကျော်ကျော်မှ ငွေတံဆိပ် တို့အားဆွတ်ခူးနိုင်ခဲ့သည်။

စင်ကာပူတိုက်ကွမ်ဒိုချန်ပီ ယံရှစ်ပြိုင်ပွဲမှာ ဩဂုတ် ၁၀ ရက် ထိ ကျင်းပသွားမည်ဖြစ်သော် လည်း မြန်မာအဖွဲ့ဝင်ပြိုင်မည့်ပွဲ စဉ်များမှာ ပြီးဆုံးသွားခဲ့ပြီဖြစ်၍ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်သုံးခု ရရှိခဲ့သောမြန်မာတိုက်ကွမ်ဒိုအဖွဲ့ မှာ မြန်မာနိုင်ငံသို့ပြန်လည်ထွက် ခွာခဲ့ပြီဖြစ်သည်။           

LLH/Democracytoday