ရန်ကုန်၊ ဩဂုတ် ၅-   အာဆီယံ ယူ-၁၈ချန်ပီယံရှစ် ဘောလုံး ပြိုင်ပွဲတွင် အုပ်စုအဆင့်ကျော် ဖြတ်ရန် မျှော်လင့်ထားကြောင်း နည်းပြချုပ် ဦးစိုးမြတ်မင်းက ဩဂုတ်၅ရက်တွင် ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြော ကြားခဲ့သည်။



အာဆီယံယူ-၁၈ဘောလုံး ပြိုင်ပွဲတွင် မြန်မာအသင်းသည် အုပ်စု(က)၌ အင်ဒိုနီးရှား၊လာအို၊ တီမော၊ ဖိလစ်ပိုင်၊ ဘရူနိုင်းအသင်း တို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။မြန်မာအသင်းသည် ပွဲဦးထွက်ပွဲ စဉ်အဖြစ် ဩဂုတ် ၆ ရက် မြန် မာစံတော်ချိန် ညနေ ၃နာရီခွဲတွင် လာအိုအသင်းနှင့် စတင်ယှဉ်ပြိုင် ရမည်ဖြစ်သည်။

"ကျွန်တော်တို့ အုပ်စုမှာ ပါ ဝင်တဲ့အသင်းတွေ အားလုံးက အ သင်းကောင်းတွေဖြစ်ပါတယ်။ကျွန်တော်တို့အနေနဲ့ အကောင်း  ဆုံးရလဒ်ထွက်ပေါ်အောင် အ စွမ်းကုန်ကြိုးစားပြီးတော့ ယှဉ်ပြိုင် သွားမှာပါ။ ဒီအတွက် အကောင်း ဆုံးလည်း ပြင်ဆင်ထားသလို နောက်တစ်ဆင့်တက်ဖို့လည်း မျှော် လင့်ထားပါတယ်" ဟု ပွဲကြိုသတင်း စာရှင်းလင်းပွဲတွင် ပြောကြားခဲ့ သည်။

အာဆီယံယူ-၁၈ဘောလုံးပြို င်ပွဲကို ဗီယက်နမ်နိုင်ငံ ဟိုချီမင်း မြို့တွင် ဩဂုတ်လ၆ရက်မှ၁၉ရက် အထိ လက်ခံကျင်းပမည်ဖြစ်သည်။ မြန်မာယူ-၁၈အသင်းသည် အာ ဆီယံယူ-၁၈ချန်ပီယံရှစ်ပြိုင်ပွဲအ တွက် ဂျပန်နိုင်ငံ၊အိုဆာကာမြို့ တွင် လေ့ကျင့်မှုများပြုလုပ်ခဲ့ပြီး ခြေစမ်းပွဲ သုံးပွဲကစားခဲ့သည်။

NTL/Democracytoday