ရန်ကုန်၊ ဇွန် ၁၅ - မြင်းစီးချစ်သူ များနှင့် မြင်းစီးအားကစားဝါသနာ ရှင်များအတွက် အိုလံပစ်နေ့အ ထိမ်းအမှတ် မြန်မာနိုင်ငံမြင်းစီး အားကစားအဖွဲ့ချုပ် (အလွတ် တန်း) ခရီးရှည်မြင်းစီးအားကစား ပြိုင်ပွဲကြီး ကျင်းပသွားမည်ဖြစ် ကြောင်းသိရသည်။

ရန်ကုန်၊ ဇွန် ၁၅ - မြန်မာ MMA ကစားသမားဖိုးသော်က အင်ဒို နီးရှား MMA ကစားသမားဗစ် တိုရီယိုဆန်ဒက်ကို ပထမအချီပွဲပြီး ဆုံးရန် ၄၂စက္ကန့်အလိုတွင် ဒိုင် ပွဲရပ်ဖြင့် အနိုင်ရရှိခဲ့သည်။

စီရော်နယ်ဒိုနှင့် မက်ဆီတို့သည် မိခင်ကလပ်များနှင့်အတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်းမရှိ သော်လည်း တစ်ရာသီအတွင်း ချန်ပီယံလိဂ်အကောင်းဆုံးအသင်းတွင် ရွေးချယ် ခြင်းခံခဲ့ရသည်။ စီရော်နယ်ဒို၏ ဂျူဗင်တပ်သည် ကွာတားအထိသာတက်နိုင်ခဲ့ပြီး အေ ဂျက်ကြောင့် ပြိုင်ပွဲမှထွက်ခဲ့ရသလို မက်ဆီ၏ဘာစီလိုနာမှာလည်း ချန်ပီယံ ဖြစ်ခဲ့သောလီဗာပူးကို ဆီမီးတွင် အရေးနိမ့်ခဲ့ရသည်။

အဘူဒါဘီအခြေစိုက် ဘီလျံနာတစ်ဦးဖြစ်သူ ရှိတ်ခါလက်သည် နယူးကာဆယ်အသင်းကို ပြန်လည်ဝယ်ယူရန် ကြိုးပမ်းလျက်ရှိရာ ၎င်းင်းပိုင်ရှင်ဖြစ်လာပါက လက် ရှိနည်းပြဘင်နီတက်ဇ်ကို ရာထူးမှထုတ်ပယ်ပြီး မော်ရင်ဟို သို့မဟုတ် ဝင်းဂါးဖြင့် အစားထိုးခန့်အပ်သွား ရန်စီစဉ်နေကြောင်း သတင်းများ ကဖော်ပြခဲ့သည်။

မေလ ၂၆ ရက်နေ့က အိုးလ်ထရက်ဖို့ဒ်ကွင်းကြီးထဲမှာ ရင်ဆိုင် ကစားသွားခဲ့တဲ့ ရန်ပုံငွေရှာဖွေပွဲကတော့ တကယ်ကို ရင် ခုန်စိတ်လှုပ်ရှားစရာကောင်းခဲ့ပြီး မန်ယူပရိသတ်တွေကို အတိတ်ကအောင်မြင်မှုတွေဆီ တစ်ကျော့ပြန်ခေါ်ဆောင်သွားနိုင်ခဲ့ ပါတယ်။ မန်ယူဂန္ထဝင်ကစားသမားတွေနဲ့ ဘိုင်ယန်မြူးနစ်ဂန္ထဝင် ကစားသမားကြီးတွေ ရင်ဆိုင်ကစားခဲ့ကြတဲ့ ရန်ပုံငွေရှာဖွေပွဲဆိုပေမယ့် ဒီပွဲဟာ တစ်နည်းအားဖြင့် မန်ယူအသင်းရဲ့ ၁၉၉၉ ခုနှစ်က ဖလား သုံးလုံးရရှိခဲ့တဲ့ အောင်မြင်မှုရဲ့ အနှစ် ၂၀ ပြည့်အထိမ်းအမှတ်ပွဲ လည်းဖြစ်ပါတယ်။