Myanmar Idol Season 4  မှာ ဒိုင်တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်သွားမည့် အဆိုတော်တင်ဇာမော်နှင့် တွေ့ ဆုံမေးမြန်းခြင်း...

 

မေး- လာရောက်ယှဉ်ပြိုင်မယ့်သူတွေကို ဒိုင်တစ်ယောက်အနေနဲ့ ဘယ်လိုပြောချင်လဲ။

ဖြေ- Season 4 မှာ လာပြီးတော့ယှဉ်ပြိုင်မယ့် ဝါသနာရှင်တွေကို တကယ်အရည်ချင်းရှိပြီး ကောင်းတဲ့သူတွေကို မျှော်နေပါတယ်။ ရောက်လည်း ရောက်လာစေချင်ပါတယ်။ အစ်မတို့ကMyanmar Idol ဆိုတဲ့ ခေါင်းစဉ်အောက် က Idol တစ်ယောက်ကို ရွေးချယ်မွေးဖွားပေးရမယ်။ အရည်အချင်းရှိတဲ့ ပြိုင်ပွဲဝင်တွေ အရောက်လာခဲ့ပါလို့ ပြောချင်ပါတယ်။

မေး- ကိုယ်က Myanmar Idol မှာ ဆက်တိုက်ဒိုင်အဖြစ် လုပ်ကိုင်လာတာဆိုတော့ နှစ်တိုင်းပြိုင်ပွဲ ဝင်ယှဉ်ပြိုင်ကြတဲ့ ကလေးတွေကို ဘယ်လိုမြင်မိလဲ။

ဖြေ- အစ်မက သီချင်းဆိုချင်တဲ့ ဝါသနာရှင်ကလေးတစ်ယောက် ဘဝကနေဒီနေရာအထိ လျှောက်လှမ်းလာတယ်။ အခုကျတော့ အစ်မလိုပဲ ပြိုင်ပွဲလာဝင်တဲ့ကလေးတွေကို မြင်ရင် ကိုယ့်ကိုယ်ကိုယ် ပြန်မြင်ရသလိုပဲ စိတ်ထဲမှာ ခံစားရပါတယ်။ လူတိုင်းက မွေးကတည်း က တတ်လာကြတယ်ဆိုတာ အရမ်းရှားပါတယ်။ အဲဒါကြောင့် မွေးကတည်းကTalent ရှိတဲ့သူတွေက အရမ်းကိုတန်ဖိုးရှိပါတယ်။ ဒီကလေးတွေက အခုမှ ဒီလောကကို လျှောက်လှမ်းလာကြတယ်။ သူတို့မှာ အတွေ့အကြုံတွေ နည်းမယ်။ ပြိုင်ပွဲမှာဘယ်လို ကစားနိုင်မလဲဆိုတာကို သူတို့အနေနဲ့ စဉ်းစားနိုင်ဖို့ဆိုတာကလည်း အရမ်းကိုခက် ခဲပါတယ်။ ကိုယ်တွေက ဒိုင်တွေအနေနဲ့ သူတို့ရဲ့ ကောင်းတဲ့အချက်တွေကို သိအောင် သေချာပြောပြတယ်။ သူတို့မှာ လိုအပ်နေတဲ့ အချက်တွေကိုလည်း ပြောပြပါတယ်။ အဲဒါမှပဲ ပြည့်စုံလာမှာပါ။ သူတို့ကိုယ်တိုင် ကြိုးစားဖို့လည်း လိုပါတယ်။

မေး- အခုနှစ်မှာ ပါဝင်လာမယ့် ဒိုင်အသစ်တွေနဲ့ဆိုတော့ မြန်မာပြည်သိန်းတန် မပါတော့တဲ့အပေါ်မှာရော ဘယ်လိုခံစားချက်မျိုး ရှိလဲ။

ဖြေ- အန်ကယ်(မြန်မာပြည်သိန်းတန်)မပါတော့ဘူးဆိုတော့ အန်ကယ့်ကို လွမ်းနေပါတယ်။ အန်ကယ်က သေချာလေးပြောနိုင်ပြီး ဝါရင့်တဲ့ ဒိုင်တစ် ဦးလည်းဖြစ်ပါတယ်။ အခုပြောင်းလာတဲ့ ဒိုင်နှစ်ဦးမှာဆိုရင်လည်း ဆရာ ဦးအောင်ကိုလတ်ဆိုရင်လည်း ဂီတမှူးတစ်ယောက်ဖြစ်ပါတယ်။ သူလည်း သီချင်းတွေ ရေးနိုင်တယ်၊ ဆိုနိုင်တယ်၊ တီးနိုင်တယ်။ ဒါရိုက်တာတစ် ယောက်လည်းဖြစ်တယ်။ သူနဲ့အတူတူ အလုပ်လုပ်ရတော့မယ်ဆိုတော့ သူ့ဆီကနေ ဘာတွေသင်ယူနိုင်မလဲဆိုတာတွေ ရှိပါတယ်။ သူက ဘယ် လိုအယူအဆ ခံယူချက်တွေနဲ့ အလုပ်လုပ်မလဲဆိုတာတွေကို ရင်ခုန်စွာနဲ့ သိချင်ပါတယ်။ ဖြူဖြူဆိုလည်း အစ်မရဲ့ညီမလေးလိုပါပဲ။ သူဆိုလည်း အဆို ပိုင်းမှာ ထူးခြားတဲ့ဆိုဟန်တွေရှိတယ်။ သူ့မှာ ပညာတွေရှိတယ်။ အတုယူရ မယ့် အချက်တွေလည်းရှိပါတယ်။ အဲဒီလိုအရည်အချင်းရှိတဲ့ ဒိုင်နှစ်ဦးနဲ့ တွဲ ပြီးတော့ အလုပ်လုပ်ရမယ်ဆိုတော့ ကလေးတွေကို အကောင်းဆုံးရွေးချယ် ပေးရင်းနဲ့ သူတို့နှစ်ဦးဆီကနေ သင်ယူစရာရှိတာတွေ သင်ယူဖို့ကြိုးစား မှာပါ။

မေး- ပြိုင်ပွဲဝင်သူတွေအတွက် ဒိုင်တွေက ဘယ်လောက်အထိ အရေး ပါလဲ။

ဖြေ- ကိုယ်ဆိုလည်း ငယ်ရာကနေ ကြီးလာတဲ့သူ တစ်ယောက်ဖြစ် တယ်။ ကိုယ့်ကိုဆိုရင်လည်း ကိုယ့်ရှေ့က အစ်ကို၊ အစ်မတွေက ကိုယ့်အပေါ် မြင်တာတွေကို အားမနာတမ်း ပြောတယ်။ အဲဒီလို ပြောတဲ့အခါမှာ ကိုယ်ကမှတ်ထားပြီး ပြုပြင်သင့်တာတွေကို ပြုပြင် ရပါတယ်။ အဲဒီအခါမှာ ကိုယ့်အတွက် ပိုကောင်းလာတယ်။ အဲဒါ ကြောင့် အစ်ကို၊ အစ်မတွေဆိုရင် ကျေးဇူးတင်တယ်။ အခုပြိုင်ပွဲ ဝင် ကလေးတွေကလည်း အဲဒီလိုမျိုးလေးတွေပဲ ဖြစ်မှာပါ။ ကိုယ် တွေကပြောပြမယ်။ သူတို့ပြင်မယ်ဆိုရင် ပိုကောင်းသွားမှာပါ။ ကိုယ်တွေက သေချာလေးအားမနာဘဲ လိုအပ်ချက်တွေကို ထောက်ပြမယ်။ သူတို့ကလည်း ပြင်ရမယ်၊ ကြိုးစားမယ်ဆို တော့ ဒိုင်တွေကလည်း အရေးကြီးပါတယ်။

မေး- ယခုနှစ်လာရောက် ယှဉ်ပြိုင်ကြမယ့်သူတွေကို ဖိတ် ခေါ်စကားလေး ပြောပေးပါဦး။

ဖြေ- လာပြိုင်ကြပါ၊ လာခဲ့ကြပါ။ အစ်မတို့ အားလုံးကို၊ အကုန်လုံးကို စောင်ြ့ကိုနေပါတယ်။ မျှော်လင့်ချက်ဆိုတာ နေ့ တိုင်းရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ။ သင်လည်း သင် ပေးမယ်။ အဲဒီအခွင့်အရေးရဖို့ကို လာပြိုင်ဖို့ပဲလိုပါတယ်။

#Democracytoday

ကျော်ဇေယျာဟိန်း တွေ့ဆုံမေးမြန်းသည်