မေ ၁၂ ရက် နံနက် ၇ နာရီ ၁၅ မိနစ်တွင် မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)လေယာဉ်သည် ခရီးသည် ၈၂ ဦး တင်ဆောင်၍ မန္တလေးလေဆိပ်သို့အဆင်းတွင် လေယာဉ်ရှေ့ဘီးချမရသော်လည်း ခရီးသည်အားလုံး ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အရေးပေါ်လေယာဉ်ဆင်းသက်နိုင်ခဲ့သည့် လေယာဉ်မှူး Captain မြတ်မိုးအောင်နှင့် ဆက်သွယ်မေးမြန်းဖြေကြားမှုများကို ဖော်ပြအပ်ပါသည်။

""ဆင်းရတော့မယ်ဆိုတော့ အရှိန်လျှော့ချလိုက်ပါတယ်။ သွားတဲ့ဝိတ်ကို လျှော့လိုက်တာပေါ့။ လျှော့တဲ့အခါမှာ လေထဲမှာ မိနစ် ၂၀ လောက် ကြာသွားတယ်။ မိနစ် ၂၀ လောက် ဝဲပြီးတော့မှ ဆင်းခဲ့ပါတယ်""

 

မေး - မနက်က ဖြစ်ပွားခဲ့တဲ့အတွေ့အကြုံလေးကို ပြောပြပေးပါး။

ဖြေ - ရန်ကုန်လေဆိပ်က ၇ နာရီ ၂၀ လောက်က ထွက်တယ်။ ဒီမှာစဖြစ်တော့ ၈ နာရီကျော်။ ဆင်းတော့ ၉ နာရီကျော်လောက်မှာ ဆင်းတယ်။ပုံမှန်တိုင်း Nose Landing Gear တောင်းတယ်ပေါ့။Landing Gearမကျဘူးပေါ့။ Main Wheel နှစ်လုံး ကျတယ်ပေါ့။ Nose Wheel (ရှေ့ဘီး)ကလည်း မကျ ဘူးဆိုပြီးတော့ သတိပေးတာပေါ့။ ကျွန်တော်တို့က procedure အတိုင်း Emergency ချကြည့်တယ်ပေါ့။ ချတဲ့အချိန်မှာလည်း ဒီကောင်က မကျဘူး။ ကျိန်းသေ အောင်လို့ မန္တလေးလေဆိပ်ပေါ်ကနေ ပေ ၁၀ဝ၀ နဲ့ လေဆိပ်ပေါ်ကို ဖြတ်ပျံပါတယ်။ ဖြတ်ပျံပြီးတော့ ATC ကို ကြည့်ခိုင်းပါတယ်။

ATC က မှန်ဘီလူး ရှိတာကိုး။ နှစ်ကြိမ်တိတိ ပျံပါတယ်။ နှစ်ပတ်ပေါ့။ ပထမတစ်ပတ်ဖြတ်တယ်။ နောက်တစ်ခါဖြတ်ပြီး တော့ ထပ်ချသေးတယ်။ ထပ်ကြိုးစားတယ်။ မကျ ဘူး။ နောက်တစ်ပတ် ထပ်ပျံပြီးတဲ့အခါမှာ မရတော့ ဘူး။ ဆင်းရတော့မယ်ပေါ့။ ဆင်းရတော့မယ်ဆိုတော့ အရှိန်လျှော့ချလိုက်ပါတယ်။ သွားတဲ့ဝိတ်ကို လျှော့ လိုက်တာပေါ့။ လျှော့တဲ့အခါမှာ လေထဲမှာ မိနစ် ၂၀ လောက်ကြာသွားတယ်။ မိနစ် ၂၀ လောက် ဝဲပြီးတော့မှ ဆင်းခဲ့ပါတယ်။ မဆင်းခင်မှာလည်းရှိတဲ့ procedure တွေ၊ Technic တွေအတိုင်း အကုန်လုပ် တယ်။ အသိပေးတာတွေ လုပ်တယ်။ ခရီးသည်တွေ ကိုလည်း ဖြစ်စဉ်ကို အသေးစိတ်အသိပေးပါတယ်။ အသိ ပေးပြီးတော့ procedure အတိုင်း ဆင်းခဲ့တာပေါ့။

မေး - လေယာဉ်ဆီကုန်စေရန် ဝေဟင်မှာ အချိန် ကြာမြင့်စွာ ပျံသန်းတာ ဘာကြောင့်ပါလဲ။

ဖြေ - ဆီကုန်အောင်ပျံတယ်။ ဒါတွေကတော့ ကျွန်တော်တို့ အတွေ့အကြုံပါ။ ဒီအချက်မှာလည်း အရှိန်လျှော့မယ်ပြောထားပါတယ်။ ဝိတ်ကိုလျှော့ လိုက်တာပေါ့။

 

မေး - အဓိကဖြစ်တာက လေယာဉ်ရှေ့ဘီး ချမရ တာပါလား။

ဖြေ - Main Wheel နှစ်လုံးက ကျတယ်။ Nose Wheel (ရှေ့ဘီး) က ရှေ့မှာကျတဲ့ချိန်မှာ ဒိုးနှစ်ဒိုးရှိ တယ်။ ပထမရှေ့က ဒိုးက ပွင့်ပြီးတော့ နောက်က ဒိုးက မပွင့်တာ။ မပွင့်ဘဲသွားပြီး ကန့်လန့်ခံနေတာ။ အခုကျွန်တော်တို့ မတင်တယ်။ မပြီးတော့ အင်ဂျင် နီယာတွေနဲ့ ဖွင့်လိုက်တော့ အခုတော့ ဘီးက ရသွား ပြီ။ ဆင်းတဲ့ အချိန်တုန်းက လုံးဝမရတာ။

မေး - ရှေ့ဘီးတွင်ကန့်လန့်ခံနေတာ ဘာကြောင့် ပါလဲ။
ဖြေ - ကန့်လန့်ခံတယ်ဆိုတာ ဒါက ဖြစ်တတ် တယ်ပေါ့။ မတော်တဆ စက်ချို့ယွင်းတာပေါ့။ တင်လိုက်တဲ့အချိန်ကတည်းက ကန့်လန့်ဝင်သွား တယ်ပေါ့။ ပြန်ဆင်းတဲ့အခါကျတော့ မကျဘဲ အဲဒီလိုဖြစ်တာပေါ့။

မေး - ယခုလိုဖြစ်ပွားနေချိန်မှာ ခရီးသည်တွေ တစ်စုံတစ်ရာ အန္တရာယ်ကင်းရှင်းစေရန် ဘယ်လို အချက်ပေးစနစ်တွေနဲ့ ညွှန်ကြားခဲ့လဲ။

ဖြေ - ခရီးသည် ၈၂ ဦးပါတယ်။ ညွှန်ကြားခဲ့တယ်။ အမိန့်ပေးတာတွေလုပ်တယ်။ နဂိုကတည်းက လေ ယာဉ် Cabin Crew အဖွဲ့ကလည်း သူရဲ့ procedure အတိုင်း ကျွန်တော်အမိန့်မရမချင်း Evacautions မလုပ်နဲ့။ ဆင်းခါနီးကျရင် ခရီးသည်တွေ ခါးတွေ ဘာတွေဖြစ်မှာစိုးလို့။

 

ညွှန်ကြားတဲ့ Cabin Crew ကလည်း သူ့ procedure အတိုင်း။ ဆင်းသွားတဲ့ အချိန်မှာလည်း စက္ကန့် ၉၀ အတွင်းမှာ Slide တွေဖွင့်ပြီးတော့ သူ့ procedure အတိုင်း အကုန် လုံးဆင်းသွားဖြစ်တာ။ စက္ကန့် ၉၀ တောင် မရောက် ပါဘူး။ စက္ကန့် ၅၀ နဲ့တင် အကုန်ပြီးသွားပါတယ်။ ထိခိုက်မှုက ဘာမှမရှိဘူး။ ကံကောင်းတာက အင်ဂျင်မထိတာ ကံကောင်းတယ်။ အင်ဂျင်ထိသွား ရင် သူရဲ့ဖိအားရှိတယ်။ မီးလောင်နိုင်ခြေအဆင့်ထိ ရှိတယ်။

မေး - လေယာဉ်မတော်တဆမှုတွင် လေယာဉ်မှူး အပါအဝင် လေယာဉ်အမှုထမ်းများ၏ ကြိုးစားမှု ကြောင့်ပါလား။

ဖြေ - ဆက်သွယ်မှုကောင်းတယ်။ အားလုံးစုစည်းမှု ရှိလို့ပါ။ ကျွန်တော်တစ်ယောက်တည်းမဟုတ်ပါဘူး။

မေး - ဆုံးဖြတ်ချက်ကို ရဲရင့်စွာ ချမှတ်နိုင်တာ ဘာကြောင့်ပါလဲ။

ဖြေ - ဒါတွေကတော့ အတွေ့အကြုံလည်းပါတယ်။ခြောက်လတစ်ကြိမ် အမြဲတမ်းလေ့ကျင့်တယ်ပေါ့။ ကျင့်ရတဲ့Exercise တွေထဲမှာ ပါတယ်။ သူရဲ့ responsibility ပေါ့။ အဲဒါတွေကို ကျင့်ပြီးသား။

မေး - ဖြစ်တုန်းက ရာသီဥတုအခြေအနေကို ပြောပြ ပေးပါ။

ဖြေ - ရာသီဥတု ကောင်းပါတယ်။

 

မေး - လေယာဉ်ရှေ့ဘီး ကန့်လန့်ခံနေတဲ့အချိန်မှာ စိတ်ထဲမှာဘယ်လို တွေးထားလဲ။

ဖြေ - Emergency ဆိုတာကတော့ နောက်ပိတ်ဆုံး အသက်ပေါ့။ မရရင်တော့ စဉ်းစားရမယ့်အပိုင်းဖြစ် သွားပြီ။ ဆင်းကိုဆင်းရတော့မယ်။ မဆင်းလို့ မရ တော့ဘူး။

မေး - မန္တလေးလေဆိပ်ပြေးလမ်းကို ဆင်းလာရာ မှာ လေယာဉ်ရှေ့ဘီးမထွက်ဘဲ နောက်ဘီးနဲ့ သွားခဲ့တာ အရှိန်လျော့သွားချိန်မှာ ကိုယ်ထည်နဲ့ သွားခဲ့ရတာကို ပြောပြပေးပါ။

ဖြေ - Speed နည်းတဲ့အခါကျတော့ လေယာဉ်က မရတော့ဘူး။ အတတ်နိုင်ဆုံး ညင်သာစွာ ချပေးရ မယ်။ ဒါမှ အထိအခိုက် သက်သာမှာပေါ့။ ပုံမှန်က တော့ ထိပြီးရင်တော့ ချတာပေါ့။ နောက်ဘီးနဲ့ အရင် ဆုံးတည်ပြီးတော့မှ ထိခါနီးမှာ ဖြည်းဖြည်းချင်း ထိ အောင် လုပ်ရတာပေါ့။ လေယာဉ်ငြိမ်သွားတော့ အောက် ကနေ ပွတ်တိုက်မှုတွေကြောင့် မီးခိုးတွေမွှန်တယ်။ အင်ဂျင်တွေ ဆီပက်တယ်။ နာနမါနညခပ စမသခနိကမန လုပ်တယ်။

မေ - မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့် မောင် လာခဲ့တယ်သိရတယ်။ ဘာပြောသေးလဲ။

ဖြေ - ဝန်ကြီးချုပ်လာတယ်။ ကျွန်တော်တို့ မလာ သေးခင် ခရီးသည်တွေကို အရင်သွားတွေ့ပါတယ်။ နှစ်သိမ့်စကား သွားပြောတယ်။ ဂုဏ်ပြုစကား လာ ပြောပါတယ်။

မေး - အရင်ကရော ယခုလို ဖြစ်ဖူးပါလား။

ဖြေ - ဖြစ်ခဲ့တယ်။ စစ်တွေမှာ။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် အောက်တိုဘာတုန်းက အဲဒီတိုင်းပဲဖြစ်တာ။

မေး - လေယာဉ်မောင်းအတွေ့အကြုံ ဘယ်လောက် ရှိပြီလဲ။

ဖြေ - ၁၉၉၄ ခုနှစ်ကနေ ဒီနေ့ထိ မောင်းပါတယ်။ မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)မှာ ၂၀ဝ၆ ခုနှစ်ကတည်းကရောက်တာ။ အရင်ကတော့ တပ်မတော်မှာ ဖိုက်တာမောင်းပါတယ်။ လေယာဉ် နည်းပြလည်း လုပ်နေပါတယ်။

မေး - နောက်ဆုံးအနေနဲ့ ဘာများပြောချင်ပါလဲ။

ဖြေ - ကျွန်တော်တို့က Safety ကို ဦးစားပေးပါတယ်။ နိုင်ငံတကာစံနှုန်းနဲ့ ညီအောင်လုပ်နေတယ်။ ပြည်သူ တွေကလည်း ယုံကြည်မှုရှိရှိနဲ့ ဆက်ပြီးအားပေးပါလို့ ပြောချင်ပါတယ်။

ယခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

#Democracytoday