ကိုကို(စက်မှုတက္ကသိုလ်)နှင့် နေပြည် တော် စည်ပင်သာယာရေးဘဏ် ဥက္ကဋ္ဌ၊ နေ ပြည်တော် ဒုတိယမြို့တော်ဝန်နှင့် မြန်မာ နိုင်ငံဘဏ်များ အသင်း ဒုတိယဥက္ကဋ္ဌ ဦးရဲ မင်းဦးနှင့် တွေ့ဆုံမေးမြန်း ဖြေကြားမှုများ
====================
ယခုကာလတွင် ဘဏ်များနှင့် ပတ်သက် သည့် ကောလာဟလများ အမျိုးမျိုးထွက် ပေါ်နေပြီး ပြည်သူများမှာလည်း စိုးရိမ်ပူပန် မှုများ ဖြစ်ပေါ်လျက်ရှိနေကြသည်။ ထိုကဲ့သို့ ဖြစ်ပေါ်နေ သည့်အတွက် ဘဏ်များနှင့် ပတ် သက်သည့် ကောလာဟလများ အခြေအနေ၊ မြန်မာနိုင်ငံရှိ ဘဏ်များ မည်သို့ စီမံခန့်ခွဲမှု ပြုလုပ်နေသနည်း။

ဘဏ်များအပေါ် ပြည် သူများ၏ စိုးရိမ်မှုရှိနေခြင်းအပေါ် ဖြေရှင်း ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ် သက်ပြီး ကိုကို(စက်မှု တက္ကသိုလ်)နှင့် နေပြည် တော် စည်ပင် သာယာရေးဘဏ် ဥက္ကဋ္ဌ၊ နေ ပြည်တော် ဒုတိယမြို့တော်ဝန်နှင့် မြန်မာ နိုင်ငံဘဏ်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးရဲ မင်းဦးနှင့် တွေ့ဆုံမေးမြန်း ဖြေကြားမှုများ အပိုင်း(၂) ကို စုစည်းဖော်ပြ လိုက်ပါ သည်။ (ယမန်နေ့မှအဆက်)


ကိုကို(စက်မှုတက္ကသိုလ်)- အနည်းဆုံး တော့ အချို့ကျတော့ ဘဏ်တိုးလေးနဲ့ ထိုင် စားနေတဲ့ သူတွေလည်းရှိတယ်။ ဟုတ်တယ် မလား။ ပြန်ထုတ်လိုက်တဲ့ အခါကျတော့ သူ့ရဲ့ ဘဏ်အပေါ် ဝင်ငွေဟာ နစ်နာသွား ရတဲ့သဘော ရှိ တာပေါ့။ ဦးရဲမင်းဦး ပြော တဲ့အတိုင်းဆိုရင် ဦးရဲမင်းဦးဟာ အခုလော လောဆယ်မှာ ကျွန်တော်တို့ သိထားတာ က ဘဏ် လုပ်ငန်းရှင်များအသင်းမှာ ဒုတိ ယဥက္ကဋ္ဌတစ်ယောက်ဆိုတော့ ဘဏ်တွေ နဲ့ ဗဟိုဘဏ်နဲ့ကြားထဲမှာ ဘဏ်လုပ်ငန်း ရှင်တွေက စုစုစည်းစည်းနဲ့ တိုင်ပင်ဆွေး နွေးနေတာတွေတော့ ရှိမယ်ထင်တယ်နော်။

ဦးရဲမင်းဦး- ဟုတ်ကဲ့ ။

ကိုကို(စက်မှုတက္ကသိုလ်)- ဥပမာအားဖြင့် နောက်ဆုံး ဗဟိုဘဏ်ရဲ့ ကြေညာချက်အ ရဆိုရင် ဆက်ပြီးတော့ ဒီကိစ္စကို ညှိနှိုင်း ဖြေရှင်းသွားမယ်လို့ ပြောတယ်ပေါ့နော်။

ဦးရဲမင်းဦး- ဟုတ်ကဲ့

ကိုကို(စက်မှုတက္ကသိုလ်)- အဲဒီတော့ ဘဏ်တစ်ခုရဲ့ ဥက္ကဋ္ဌ အနေနဲ့ရော၊ အသင်း ရဲ့ ဒုတိယဥက္ကဋ္ဌ တစ်ယောက် အနေနဲ့ရော အဲဒီလို ညှိနှိုင်း စေ့စပ်ဖြေရှင်းဆွေးနွေးတဲ့ ကိစ္စတွေကနေရော ရလဒ်ကောင်းတွေ ပေါ်လာနိုင်မလား။

ဦးရဲမင်းဦး- ကျွန်တော်တို့ မနေ့ကပဲ နိုင်ငံ တော်အစိုးရရယ်၊ မြန်မာနိုင်ငံတော် ဗဟို ဘဏ်ရယ်၊ ကျွန်တော်တို့ ဘဏ်များအသင်း ရယ် တရားဝင် ီအေန ပါတယ်။ အဲဒီမှာ ကျွန်တော်တို့ တွေ့ပါတယ်။ တွေ့ပြီးတော့ အဲဒီအချိန်မှာ ကျွန်တော်တို့ နိုင်ငံတော် အစိုးရကလည်း ဒီအချက်၊ ဒီအချက်တွေ ကောလာဟလတွေ ထွက်နေတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ဗဟိုဘဏ်က ဘာတွေ ဆောင်ရွက်နေပါသလဲ။ နောက်တစ်ခါ ဘဏ်တွေက အခြေအနေ ဘယ်လိုရှိပါသ လဲဆိုပြီးတော့ ကျွန်တော်တို့ကို မေးပါတယ်။ ပြီးတော့ ကျွန်တော်တို့ ဘဏ်တွေကလည်း ကျွန်တော်တို့ဘဏ်တွေရဲ့ အခြေအနေတွေ ကို ရှင်းပြတယ်။ လက်ရှိအခြေအနေအရ ကျွန်တော်တို့သည် စိတ်ပူရတဲ့ အခြေအ နေမှာ မရောက်သေးဘူး။ ကျွန်တော်တို့ ပုံမှန်ပဲ။ နောက် လဆန်းရက်တွေမှာ အမြဲ တမ်း ငွေသွင်း၊ ငွေထုတ်လုပ်တဲ့ ကာလ တွေဖြစ်ပါတယ်။ ဒီကာလနဲ့ ရွှေဈေးတက် တာနဲ့ ဒေါ်လာဈေးတက်တာနဲ့ ရောနေကြ တဲ့အခါမှာ အချို့ ကောလာဟလကြောင့် ထုတ်ပြီး ရွှေဝယ်တဲ့သူတွေ ရှိပါတယ်။ ဒါ ပေမဲ့ လက်ရှိထုတ်နေတဲ့ ငွေပမာဏသည် ကျွန်တော်တို့ဘဏ်တွေရဲ့ ပုံမှန်ပမာဏအ တွင်းမှာပဲ ရှိပါတယ်။ ဒါကြောင့် ကျွန်တော် တို့က စိတ်ပူစရာ မရှိပါဘူးဆိုပြီး ကျွန်တော် တို့ကတင်ပြပါတယ်။ အဲဒီအချိန်မှာပဲ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်ကလည်း သူကလည်း ပိုသိတယ်။ ပိုသိတာပေ့ါ။ ဘဏ်တွေကမှ ဘဏ်တစ်ခုချင်းစီ အကြောင်းပဲ ပြောနိုင် တာပေါ့။ သူကပိုသိတာက သူက တစ်နိုင် ငံလုံးရဲ့ ဘဏ်တွေအားလုံးရဲ့ အချက်အ လက်က သူ့ဆီမှာရှိတယ်။ ရှိတော့ မြန်မာ နိုင်ငံတော် ဗဟိုဘဏ်ရဲ့ ဥက္ကဋ္ဌကြီး ကိုယ် တိုင်ကလည်း ပြောတယ်။ သူ ဂဏန်းတွေ အားလုံးကို  နေ့စဉ် စောင့်ကြည့်နေတယ်။ အဲဒီအတွက် ဘဏ်တွေဟာ အင်မတန် ကောင်းမွန်တဲ့ အခြေအနေတွေမှာ ရှိနေပြီး တော့ အရင်တုန်းက အခြေအနေမျိုးမဟုတ် ပါဘူး။ ဒီကောလာဟလက သူ့ဘာသာသူ ပြေပျောက်သွားပါလိမ့်မယ်။ စိတ်မပူပါနဲ့ ဆိုပြီးတော့ သူကလည်း နိုင်ငံတော်အကြီး အကဲတွေကို ပြောပါတယ်။ ပြောတော့ အစိုးရဘက်ကလည်း ဒါဆိုရင်တော့ ဒီကိစ္စ ကို ဂရုတစိုက်ဆောင်ရွက်ပါ။ အထူးသဖြင့် တော့ ပြည်သူလူထုတွေရဲ့ ပူပန်မှုတွေကို လျော့ပါးအောင် ဆောင်ရွက်ပေးကြပါ။ ပြည်သူလူထုကို ဒီထက်ပိုပြီး စိတ်ပူစရာ တွေ မဖြစ်ပါစေနဲ့ဆိုပြီးတော့ မှာတာပေါ့။ ဒီအတွက်ကို ကျွန်တော်တို့အားလုံးက အခု ပြည်သူလူထု စိတ်ပူပန်မှု မရှိအောင် ငွေ လာထုတ်ချင်တယ်ဆိုရင် ဘယ်သူမဆိုကို ကျွန်တော်တို့ အချိန်မရွေး ထုတ်ပေးနေ တယ်။ ဘာမှ တားတာဆီးတာတွေ မလုပ် ဘူး။ အကုန်လုံး ထုတ်ပေးနေတယ်။ နောက် တစ်ခါ သူတို့ဘာလုပ်ချင်လဲ။ လာအပ်ချင် လား။ လာအပ်ချင်ရင် လက်ခံပေးတယ်။အခုဟာက နှစ်မျိုးဖြစ်နေတာပေ့ါ။ အချို့ ဘဏ်က အထုတ်ခံရတယ်။ အချို့ဘဏ် မှာ လာထည့်တာကိုး။ လာထည့်တဲ့ ဘဏ် တွေကလည်း လာ... ကြိုက်တဲ့အချိန် လာခဲ့။ ငွေအားလုံး လက်ခံပေးတယ်။ဘာ မှ စိတ်ပူစရာမရှိဘူး။ သူက လက်မခံဘူး ဆိုရင်လည်း အဓိပ္ပာယ်က တစ်မျိုးဖြစ်မယ်။ တစ်မျိုးထင်ကြမယ်ပေါ့။ အဲဒီတော့ လက် ခံတဲ့ ဘဏ်တွေကလည်း ကိစ္စမရှိဘူး။ ဘယ် အချိန်လာလာ လက်ခံပေးတယ်။ ထုတ်ပေး တဲ့ ဘဏ်တွေကလည်း ဘယ်အချိန်လာ ထုတ်ထုတ် ထုတ်ပေးနေတယ်။ အဲဒီလိုပဲ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကလည်း ရုံး ပိတ်ရက်တွေ မှာတောင် လိုအပ်ရင် ပိုက်ဆံ လာထုတ်။ ဘဏ်တွေရဲ့ ပိုက်ဆံတွေကို အ ချိန်မရွေး ပြန်ထုတ်ပေးမယ်ဆိုပြီးတော့ သူ က အာမခံတယ်။ အဲဒီတော့ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်မှာလည်း လုံလောက်တဲ့ ငွေ ကြေးအင်အား အပြည့်ရှိတယ်။ အပြည့်ရှိ တော့ အခုအခြေအနေအထိ ကျွန်တော် တို့အားလုံးက စိတ်ချလက်ချ ယုံယုံကြည် ကြည်နဲ့ ထားလို့ရတဲ့ အခြေအနေဖြစ်ပါ တယ်။ ပူပန်သောကတွေကို အားလုံးလျှော့ ချလို့ရတဲ့ အခြေအနေဖြစ်ပါတယ်။

ကိုကို(စက်မှုတက္ကသိုလ်)- တကယ့် ဒါ တာဝန်ရှိတဲ့လူတစ်ဦးရဲ့ ပေးတဲ့ Message  ပဲ။ အခု ကျွန်တော်က စိုးရိမ် ပူပန်နေတာ ပေ့ါလေ။ အထူးသဖြင့်ကတော့ ကျွန်တော် တို့က ပိုက်ဆံအရမ်းချမ်းသာတဲ့ သူတွေ မဟုတ်ဘူး။ ကျွန်တော်တွေ့တာတော့ အ ငြိမ်းစားတွေ၊ အလယ်အလတ် အဆင့်တွေ ပေ့ါနော်။ အဲဒါလေးတွေကို ဘဏ်ထဲမှာ ရှိတာလေးတွေနဲ့ စုထားလိုက်တဲ့ သူတွေ အနေနဲ့ စိတ်ပူတာပေါ့နော်။ သူတို့မှာ ဒါ လေးမရှိရင် သွားပြီဆိုတဲ့ ပူပန်မှု။ အခု ဒီ Message ကတော့ သူတို့အတွက်တော့ အင်မတန်မှ စိတ်အေးစရာကောင်းမယ့် Message  တစ်ခုလို့ မြင်ပါတယ်။ အဲဒီ တော့ တစ်ခုပဲ။ ကျွန်တော်တို့က ကျွန်တော် တို့သိချင်တာက ဆက်စပ်ပြီးတော့ပါ။ ဒါ ပါပဲ။ ဒါကလည်း အရေးကြီးတဲ့ အပိုင်းပဲ ဆိုတော့ ကျွန်တော်တို့ ပြီးခဲ့တဲ့မကြာသေး မီကပဲ ကျွန်တော်တို့ ဒီလွှတ်တော်အပြီးမှာ ဘဏ် ဒုတိယဥက္ကဋ္ဌကို ကျွန်တော်တို့ မီဒီ ယာတွေနဲ့ မေးမြန်းတဲ့အခါမှာ ဒုတိယ ဥက္ကဋ္ဌက အဲဒီလိုပြောတယ်။ ဘဏ်တွေမှာ ဗဟိုဘဏ်မှာလည်း ပိုက်ဆံလုံလုံလောက် လောက်ရှိတယ်။ ဆိုလိုချင်တာကတော့ စိတ် ပူလို့ ထုတ်ရင် ထုတ်တဲ့ သူတွေအတွက်ပဲ ခုနက ပြောသလို သူတို့အတွက်ပဲ ထိခိုက်မှု ရှိသွားနိုင်တယ်။ ဘဏ်တွေအနေနဲ့ကတော့ ထုတ် သလောက် ပေးနိုင်တဲ့ အနေအထား ရှိတယ်လို့ သူကနေ ပြောသွားတယ်။အဲဒီ အပေါ်မှာလည်း ဦးရဲမင်းဦးအနေနဲ့ ထပ် ဆင့်ပြီးတော့ ဆွေးနွေးပေးပါဦး။

ဦးရဲမင်းဦး- ဟုတ်ကဲ့။ ကျွန်တော်တို့က မြန်မာနိုင်ငံရဲ့ ထူးခြားချက်က မြန်မာနိုင်ငံ က ငွေကြေးကို အဓိက ကိုင်တွယ် သုံးစွဲတဲ့ နိုင်ငံ။ ပြောရရင် ငွေစက္ကူကို ကိုင်သုံးတဲ့ နိုင်ငံပေါ့။ ကျွန်တော်တို့ သူများနိုင်ငံလိုမျိုး အီလက်ထရွန်နစ် Payment  တွေက အ များကြီး မဖြစ်ထွန်းကြသေးဘူး။ မဖြစ်ထွန်း တဲ့ အခါကျတော့ ငွေကြေးကို ကိုင်သုံးတဲ့ အတွက် သူက ဘဏ်တွေကနေ ငွေလာ ထုတ်တဲ့သူတွေက အမြဲရှိနေတယ်။ အဲဒီ တော့ ဘဏ်တွေက ငွေသားတွေ အမြဲဆောင် ထားတယ်။ အဲဒီတော့ဘဏ်တိုင်းမှာ ငွေ တိုက်တွေ ဆောက်ထားရတယ်။အဲဒီအ တွက် မြို့တိုင်း၊ မြို့တိုင်း၊ ဘဏ်ခွဲ တိုင်း၊ ဘဏ် ခွဲတိုင်းမှာ ငွေတိုက်တွေရှိတယ်။ ငွေစက္ကူ တွေ ကျွန်တော်တို့က ထည့်ထားတယ်။ ထည့်ထားတဲ့ အတွက်ကို ကျွန်တော်တို့က စိတ်မပူရဘူး။ ကြိုက်တဲ့အချိန်လာခဲ့ ကျွန် တော်တို့က ငွေစက္ကူရှိတယ်။ ဒါပေမဲ့ ငွေ စက္ကူက သတ်မှတ်ချက်ကတော့ ရှိတာပေါ့။ ဘဏ်ခွဲရဲ့ ှငဖန ပေါ်မူတည်ပြီး ဒီဘဏ်ကို ကျွန်တော်တို့က သိန်းတစ်သောင်း ထား မယ်။ ဒီဘဏ်ကို သိန်းပေါင်း နှစ်သောင်း ထားမယ်။ ဒီဘဏ်ကို သိန်းပေါင်း သုံး သောင်းထားမယ်။ သူက မြို့အပေါ်မူတည် ပြီး ကြည့်တာပေါ့။ ဒီမြို့ကလူတွေက သိန်း ခြောက်ထောင်လောက်ဆိုရင် ရမယ်။ ဟာ ... ဒီမြို့ကလူတွေက သိန်း ငါးသောင်း လောက်ထားမှရမယ်။ မြို့ အသေး၊ အကြီး ပေါ့။ ဒါကို ကျွန်တော်တို့ကြည့်ပြီး ငွေတွေ ထားပါတယ်။ ထားတော့ တစ်ခါတလေ ကျ ဖြစ်တတ်တာက ပြီးခဲ့တဲ့ရက်ကပဲ ဘဏ် တစ်ဘဏ်မှာ ကျွန်တော်တို့ ကြုံရတယ်။ ဘာမှ ကြိုတင်အကြောင်းကြားခြင်း မရှိ ဘဲနဲ့ ဘဏ်ကိုရောက်လာပြီး သိန်းပေါင်း တစ်သောင်း အခုချက်ချင်း ထုတ်မယ်ဆို ပြီးတော့ ချက်လက်မှတ် လာပြတယ်။ ဒါ မျိုးဆိုရင်တော့ ဘဏ်က ဘာလုပ်ရလဲဆို တော ဒါက ရန်ကုန်မှာပေ့ါ။ သူ့ ဘဏ်ခွဲ ကပြောတယ် ရုံးချုပ်ကိုသွားပါ။ သူ့ဘဏ် တိုက် (ဘဏ်ခွဲရဲ့ဘဏ်တိုက်ထဲ)ထဲမှာ သိန်း ပေါင်းတစ်သောင်းက ချက်ချင်းမရှိဘူး။သူ့ရုံးချုပ်ကိုသွား သူ့ရုံးချုပ်က ထုတ်ပေးပါ လိမ့်မယ်ဆိုပြီး ရုံးချုပ်က ချက်ချင်းစီစဉ်ပြီး ထုတ်ပေးရတာမျိုး ရှိတယ်။ အဲဒီအတွက် အဲဒါသည် ဘဏ်တွေရဲ့ လုပ်ထုံးလုပ်နည်း ပုံစံပဲ။ ကျွန်တော်တို့ဆီမှာ ငွေသားတွေက ခွဲထားတယ်။
တစ်မြို့လုံး၊ တစ်နိုင်ငံလုံးအနှံ့ ငွေသားတွေကို ထားပါတယ်။ အဲဒီငွေသား တွေကိုလည်း ကျွန်တော်တို့က လိုအပ်ရင် ကျွန်တော်တို့က ဗဟိုဘဏ်က ချက်ချင်း တောင်းတယ်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ကလည်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး ဆိုပြီး ဗဟိုဘဏ်ကြီး သုံးခု ခွဲထားတယ်။အဲဒီ သုံးခုမှာ သိမ်းထားတယ်။

ကိုကို(စက်မှုတက္ကသိုလ်)- ဘဏ်တွေမှာ ငွေမရှိဘူးဆိုတဲ့ဟာက ယာယီပဲ။ သတ် မှတ်ချက်အရ ယာယီပဲ။

ဦးရဲမင်းဦး- ဘဏ်တွေမှာ ငွေမရှိတာ မဟုတ်ဘူး။ ဘဏ်တွေမှာရှိတဲ့ ပမာဏ ထက် ပိုလာခဲ့ရင် ကျွန်တော်တို့က ဟိုဘက် ဘဏ်ကို လွှဲလိုက်တာ။ ကျွန်တော်တို့ရဲ့ ဟိုဘက်ဘဏ်ခွဲကို သွားထုတ်ပါ။ ဒီဘက် ဘဏ်ခွဲမှာတော့ ဒီဘက်ဘဏ်အတွက် တွက် ချက်ထားတဲ့ ပမာဏပဲရှိတယ်ဆိုတဲ့ ပမာ ဏပဲ ရှိတယ်ဆိုတဲ့ ဟာမျိုးလေး ကြုံကောင်း ကြုံရနိုင်တယ်။
 
--------------

ဒါပေမဲ့ အမြဲတမ်းကြီးတော့ မဖြစ်ပါ ဘူး။ ကျွန်တော်တို့ တွက်ထားတယ်။ ဘဏ် မှာရှိတဲ့ လာအပ်တဲ့ လူစာရင်း။ ဒီဘဏ် မှာရှိတဲ့ ငွေပမာဏမှာ ဘယ်လောက်များ များလာထားလဲ ကျွန်တော်တို့ တွက် ထားပါတယ်။ တစ်ခါတလေ ဖြစ်တာက ကျွန်တော်တို့ဘဏ်ပဲ အခြားဘဏ်ခွဲက အကောင့်က ဒီဘက်မှာ ပိုက်ဆံလာထုတ် တာမျိုးပေါ့။ ဟိုဘက်ဘဏ်မှာ သူက Amount အကြီးကြီး ထည့်ထားတယ်။ ဒီဘက်ဘဏ်မှာ လာထုတ်တာမျိုးပေါ့။ အဲဒီကျရင် ကျွန်တော်တို့ ထုတ်ပေးနိုင် ပါ တယ်။ ဘယ်လို ထုတ်ပေးလဲဆိုတော့ ဟို ဘက်ကို အကြောင်းကြားလိုက်တာပေါ့။ ဟိုဘက်ကို သွားထုတ်ပါ။ ဒါမှမဟုတ် သူ စောင့်နိုင်ရင် စောင့်။ ဟိုဘက်ကနေ ငွေ သယ်ပြီး ဒီဘက်ကနေ ထုတ်ပေးမယ်။ ဒါ ဆိုရင်လည်း ကျွန်တော်တို့ လုပ်ပေးပါ တယ်။ ငွေသားနဲ့ပတ်သက်လို့တော့ စိတ် မပူနဲ့။ ငွေစက္ကူ ကိုင်တွယ်ရတဲ့ တိုင်းပြည် ဖြစ်တဲ့အတွက်ကို ငွေစက္ကူတွေက ဘဏ် တိုင်းမှာ အမြဲတမ်း သိမ်းထားတယ်။

ကိုကို(စက်မှုတက္ကသိုလ်)- အဲဒီတော့ ကျွန်တော်တို့ ဆွေးနွေးပွဲရဲ့ ခေါင်းစဉ်လေး ပဲ ထပ်ပြောပါမယ်။

ကျွန်တော်တို့ခေါင်းစဉ် က "မြန်မာ့ဘဏ်တွေ ယုံကြည်စိတ်ချရသ လား " ဆိုတော့ ဦးရဲမင်းဦးအနေနဲ့ အဲဒီမေး ခွန်းလေးကို ဖြေပေးပါဦးခင်ဗျ။

ဦးရဲမင်းဦး- မြန်မာ့ဘဏ်တွေ ယုံကြည် စိတ်ချရသလားဆိုရင် လက်ရှိမြန်မာ့ဘဏ် တွေရဲ့ တည်ထောင်ထားတဲ့ပုံစံ၊ မြန်မာ့ ဘဏ်တွေ ဆောင်ရွက်နေတဲ့ လုပ်ငန်း၊ မြန်မာ့ဘဏ်တွေကို နောက်ကနေပြီးတော့ ဗဟိုဘဏ်ကနေ ပံ့ပိုးထားတဲ့ အခြေအနေ အရဆိုရင် ရာနှုန်းပြည့် ယုံကြည်စိတ်ချရ တဲ့ အခြေအနေမှာရှိပါတယ်။ အခု ဘဏ် လောကကလည်း အရမ်း ဖွံ့ ဖိုးတိုးတက် လာတယ်။ လူတွေမြင်တာက ဘဏ်ခွဲတွေ များလာတာပဲ မြင်တယ်။ အဲဒါမဟုတ်ဘူး။ ဘဏ်တွေမှာ သုံးနေတဲ့ ကွန်ပျူတာစနစ် တွေ ဘာတွေလည်း အများကြီးပြောင်းလဲ သွားကြပြီ။ နောက်ပြီး ဘဏ်တွေရဲ့ စည်း မျဉ်းစည်းကမ်းတွေကလည်း နိုင်ငံတကာ စည်းမျဉ်းစည်မျဉ်းတွေအတိုင်း ဗဟိုဘဏ် က ပြောင်းလဲ သတ်မှတ် ထားတာတွေ ရှိ တယ်။ ဒီဖွံ့ဖြိုးတိုးတက်မှုနောက်ကိုပဲ ဘဏ် တွေက ပြောင်းလဲသွားနေပြီဖြစ်တဲ့ အတွက် ကျွန်တော် တို့ရဲ့ဘဏ်လောက၊ ဘဏ်လုပ် ငန်းတွေ ဘဏ်တွေရဲ့အခြေအနေဟာ ယုံ ကြည်စိတ်ချရတဲ့ အခြေအနေမှာ ရှိပါတယ်။


ကိုကို(စက်မှုတက္ကသိုလ်)- ခုနပြောခဲ့တဲ့ အထဲမှာ ဖွံဖြိုးတိုးတက်အောင် ဘဏ်တွေ ဘက်ကလည်း လုပ်နေတယ် ဆိုတော့ ကျွန် တော်တို့ ပုဂ္ဂလိကဘဏ်တွေအနေနဲ့ ဖွံ့ဖြိုး တိုးတက်မှု ရှေ့အလားအလာကရော ဘယ် လိုရှိလဲ။ ဘာတွေများ ထပ်မံပြီးတော့ ဝန် ဆောင်မှုအသစ်တွေ နည်းပညာအသစ်တွေ နဲ့ ဘယ်လိုပံ့ပိုးမှုတွေ အနာဂတ်ပေါ့။ အဲ ဒါလေးကိုလည်း ဆွေးနွေးပေးပါဦး။

ဦးရဲမင်းဦး- အနာဂတ်က ဘဏ်အားလုံး ဦးတည်နေတာတော့ ငွေစက္ကူသုံးစွဲမှု လျှော့ချဖို့ပေါ့။ တစ်နိုင်ငံလုံးရဲ့ ငွေပေးချေ မှုကို အီလက်ထရွန်နစ်နည်းနဲ့ ပေးချေ ကြမယ်။ ဒါကြောင့် ဘဏ်တွေက Mobile Banking  တွေ မိတ်ဆက်ကြတယ်။ လူ တိုင်းမှာ တယ်လီဖုန်းရှိနေပြီ။ ကိုယ့်တယ် လီဖုန်းထဲကနေ ဟိုဘက်ကို ငွေလွဲှမယ်။ ကိုယ့်တယ်လီဖုန်းထဲကနေ ပစ္စည်းတွေဝယ် မယ်။ ဒါမျိုးလုပ်ဖို့ စပြောင်းတာတွေ ပြင် ဆင်တာတွေ ကျွန်တော်တို့ လုပ်နေပါပြီ။ နောက်တစ်ခုက Pay  တွေ ပေါ်လာတာ ပေါ့။ အခုနာမည်ကြီး KBZ Pay  တို့၊ CB Pay  တို့၊ AGD Pay  တို့ ဒါမျိုး Pay  တွေ ပေါ်လာတာက ငွေစက္ကူ မသုံးဖို့အတွက် ကို လုပ်ကြတာပေါ့။ နိုင်ငံတကာမ QR ကုဒ်နဲ့သွားနေကြပြီ။
QR ကုဒ် ဘက်ကို အကုန်လုံးက ပြောင်းကြပြီ။ QR ကုဒ် Standard သတ်မှတ်ဖို့ကိုလည်း ဗဟိုဘဏ် က ဦးစီးပြီး လုပ်နေပြီ။ အဲဒီအပြင် ဘဏ် တွေက ဒီလိုမျိုး အီလက်ထရွန်နစ်နည်းနဲ့ ဒီဂျစ်တယ်လိုက်ဇေးရှင်း လုပ်ကြတယ်။ ကွန် ပျူတာတွေနဲ့ပဲ Mobile  တွေနဲ့ပဲ အင်တာ နက်တွေနဲ့ပဲ လုပ်ကြမယ်ဆိုတဲ့အချိန်မှာ ဗဟိုဘဏ်ကြီးက သူကလည်း ထိုင်နေလို့ မရဘူး။ သူက ဘဏ်တွေကို အုပ်ချုပ်နေ တာကိုး။  ဗဟိုဘဏ်ကြီးကလည်း နိုင်ငံ တကာ အဖွဲ့ အစည်းတွေရဲ့ အကူအညီနဲ့ သူ့ကိုယ်သူ ဒစ်ဂျစ်တယ်ဘက်ကို ပြောင်း နေပြီ။ အဲဒါကို ကျွန်တော်တို့ကCBM Net လို့ခေါ်တယ်။ CBM ဆိုတာက Central Bank of Myanmar  ပေါ့။ CBM  ရဲ့ Network ကြီး သူလုပ်ထားတယ်။ CBM Net   ကလည်း Phase 2  ကို သွားဖို့တောင် အခုလုပ်နေပြီ။ သူကိုယ်တိုင်ကလည်း အခု ဆိုရင် ဘဏ်တွေအားလုံးရဲ့ စာရင်းပြောင်း တွေကိစ္စကို ကွန်ပျူတာပေါ်ကနေပဲ သွား တော့တယ်။ ဗဟိုဘဏ်လာခဲ့ ပြောင်းပေး မယ်ဆိုတဲ့ကိစ္စမျိုး မဟုတ်တော့ဘူး။ Manual မဟုတ်တော့ဘူး။ အားလုံးကို ဒစ်ဂျစ်တယ်ဖြစ်သွားပြီ။ ကွန်ပျူတာနဲ့ သွားတော့မယ်။ ဒါမျိုးတွေလည်း ဗဟိုဘဏ် ကပြောင်းနေပါပြီ။ နောက်ပိုင်းကျရင် ဗဟိုဘဏ်က တစ်နိုင်ငံလုံးကို ကွန်ပျူတာ နဲ့ပဲ ထိန်းကျောင်းတော့မယ်။ ဘဏ်တွေ ကလည်း ကွန်ပျူတာစနစ်နဲ့ပဲ လုပ်တော့ မယ်။ ကွန်ပျူတာတွေ အချင်းချင်းကြား မှာပဲ Reporting လုပ်တာတို့၊ ဘာတို့ဖြစ် တော့ ဗဟိုဘဏ်က တစ်ရက်ကုန်မှ စာရင်း ကြည့်ရတာ မဟုတ်တော့ဘဲ နာရီပိုင်းအ တွင်းတောင် ဘဏ်တွေကို ကြီးကြပ်လို့ရ တဲ့ အခြေအနေမျိုးကို ကျွန်တော်တို့ပြောင်း တော့မှာ။ ဒီစနစ်ကို ကျွန်တော်တို့ သွား နေပါတယ်။ ပြီးတော့ နိုင်ငံတကာ ဗဟို ဘဏ်တွေ ကျင့်သုံးတဲ့ ကွန်ပျူတာစနစ်ပုံစံ မျိုးကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြောင်းနေပါပြီ။ ဒီအတွက် ကျွန်တော်တို့ အားလုံးက ဘဏ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးဆိုတာ ဘဏ်ခွဲများများ ဖွင့်တာ၊ ဘဏ် အကြီးကြီးတွေဆောက်တာ။ ဘဏ်ဝန်ထမ်း တွေကို ဝတ်စုံလှလှလေးတွေ ဝတ်ပေး ထားတာကို ပြောတာမဟုတ်ပါဘူး။ ကျွန် တော်တို့နောက်မှာ စာရင်းထားသိုမှု စနစ် တွေ အခုဆိုရင် နိုင်ငံတကာ စာရင်းထား သိုမှုစနစ်ကို ပြောင်းနေပြီ။ နိုင်ငံတကာရဲ့ Payment System  တွေ ကျွန်တော်တို့ ယူ ပြီး သုံးနေပြီ။ ဒီပုံစံတွေ ကျွန်တော်တို့ပြောင်း နေကြပါပြီ။ ဒါဟာ ကျွန်တော်တို့ရဲ့ ဖွံ့ဖြိုး တိုးတက်မှုပါပဲ။

ကိုကို(စက်မှုတက္ကသိုလ်)- နောက်ဆုံး အနေနဲ့ ကျွန်တော်တို့ ဆွေးနွေးနေတာကို ဖတ်ရှုနေတဲ့ ပရိသတ်ထဲမှာ ဘဏ်တစ် ခုခုရဲ့ ဖောက်သည်တွေပါမှာပါ။ သူတို့ကို Message  လေး တစ်ခုခု ပေးပါဦးခင်ဗျ။

ဦးရဲမင်းဦး- လူတွေက စိုးရိမ်ပူပန်မှုရှိ တယ်။ အဲဒီလို စိုးရိမ်ပူပန်မှုရှိတဲ့ အချိန် တိုင်းမှာ တစ်ချိန်တစ်ခါတုန်းက မစိုးရိမ် ပါနဲ့လို့ ထွက်ပြောတယ်။ အဲဒီလို မစိုးရိမ် ပါနဲ့လို့ ထွက်ပြောရင် ပိုပြီးတော့ စိုးရိမ်ကြ တယ်။ စိုးရိမ်မှုက ပိုတက်လာတယ်။ မဟုတ် ဘူးလို့ ပြောတာဟာ ဟုတ်လို့ပြောတာဖြစ် မှာပေါ့လို့ဆိုတဲ့ အခံပေါ့။ အဲဒီလို အတွေး မျိုး ကျွန်တော်တို့က ရှိခဲ့ကြပါတယ်။ အခု နောက်ပိုင်းက အဲဒီလိုအခြေအနေ မဟုတ် ပါဘူး။ နိုင်ငံရဲ့၊ တိုင်းပြည်ရဲ့ နိုင်ငံရေးအ ခြေအနေ လည်း ပြောင်းသွားပါပြီ။ ဒါသည် ဒီမိုကရေစီစနစ်ကို သွားနေတာဖြစ်ပါတယ်။ ဒီအချိန်မှာ ပွင့်လင်းမြင် သာမှုဆိုတာကို ကျွန် တော်တို့အားလုံးက ကျင့်သုံးနေပါပြီ။ ဘာ လုပ်ငန်းလုပ်လုပ် အစိုးရကိုယ်တိုင်က ထင် သာမြင်သာရှိအောင် ကျွန်တော်တို့ လုပ် နေပါတယ်။ နောက်တစ်ခါ ပြည်သူလူထု က ရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ်စား လှယ်တွေနဲ့ လွှတ်တော်ကြီးလည်း ရှိနေပါ ပြီ။ အားလုံးက တစ်ယောက်နဲ့ တစ်ယောက် Check and Balance  လုပ်ပြီးတော့ စောင့် ကြည့်ပြီးတော့ ဘယ်သူမှ မမှားအောင် ဘယ်သူမှ မဟုတ်တာ လုပ်လို့မရအောင် စနစ်တွေက ထိန်းကျောင်းပြီး သွားနေတဲ့ အချိန်အခါ ဖြစ်ပါတယ်။ ဒါကြောင့် ခုချိန် မှာ ကျွန်တော်တို့က စိတ်ပူစရာ မရှိဘူး ဆိုတာက ပွင့်လင်းမြင်သာမှုရှိစွာ စိတ်ပူစ ရာ မရှိဘူးလို့ ထွက်ပြောတာဖြစ်ပါတယ်။ ဒါကိုတော့ လူတွေအားလုံးက လက်ခံဖို့ ယုံကြည်ဖို့ လိုပါတယ်။ ကျွန်တော်တို့က ဘာကိုပဲ စိတ်ပူလဲဆိုတော့ အဲဒီစိတ်ပူတယ် ဆိုတဲ့ ပုဂ္ဂိုလ်တွေကိုပဲ စိတ်ပူပါတယ်။ စိတ် ပူမှုဖြစ်တဲ့အတွက် သူတို့ရဲ့ ကျန်းမာရေး အခြေအနေ စိတ်ပူရတယ်။ သူတို့ ခုနလို ဘဏ်က ငွေကြေးတွေ ထုတ်သွားပြီးတော့ ရွှေတွေကို ဈေးတက်တဲ့အချိန်မှာ သွား ဝယ်လိုက်မိတယ်။ တကယ်တမ်း ရွှေဈေး လည်း ပြန်ကျသွားရော သူတို့မှာ နစ်နာမှု ရှိတာမျိုး ကျွန်တော်တို့က စိတ်ပူပါတယ်။ ဒါကြောင့် ဒီလိုမျိုး နစ်နာမှုမျိုး မဖြစ် အောင် စိတ်ပူနေတဲ့သူတွေက အခြေအ နေမှန်ကို သုံးသပ်ပြီးတော့ အခြေအနေမှန် က ဘာလဲဆိုတာ ကြည့်ပြီးတော့ စိတ်အေး လက်အေးနဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ပါ။ သူများပြောတိုင်း ဒီဆိုရှယ်မီဒီယာ မှာ ရေးသားတိုင်း အဲဒါကြီးကို အတည်ယူ ပြီး သူများနောက်ကို လိုက်မသွားပါနဲ့။ တ ကယ် အခက်အခဲဖြစ်ရင်၊ တကယ်ဒုက္ခ ရောက်ရင် ကိုယ်ပဲရောက်မှာပါ။ ဆိုရှယ် မီဒီယာမှာ ဘယ်သူမှန်းမသိတဲ့ ပုဂ္ဂိုလ်များ၊ ဘယ်သူမှန်းမသိတဲ့ အစုအဖွဲ့များက တချို့ သော ရည်ရွယ်ချက်တွေနဲ့ တမင်ဆောင် ရွက်နေတာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက် နေတဲ့နောက်ကို လိုက်မသွားဖို့ အရေးကြီး ပါတယ်။ ဒါသည် ကိုယ့်ရဲ့ စီးပွားရေး၊ ကျန်း မာရေးနဲ့ သက်ဆိုင်သလို ကိုယ့်နိုင်ငံရဲ့ နိုင် ငံရေး အခြေအနေနဲ့လည်း သက်ဆိုင်ပါ တယ်။ နိုင်ငံသည် ဒီမိုကရေစီကို သွားနေ ပါတယ်။ တစ်လှမ်းချင်း တစ်လှမ်းချင်း ဒီမို ကရေစီစနစ်နဲ့ ပိုပိုနီးပြီး ဒီမိုကရေစီနိုင်ငံ တော်ကြီး တစ်ကယ်ဖြစ်တဲ့အထိ၊ ဒီမိုက ရေစီ အပြည့်အ၀ ရောက်တဲ့အထိဖြစ် အောင် နိုင်ငံက ဆောင်ရွက်နေပါတယ်။နိုင်ငံသူ၊ နိုင်ငံသားအားလုံးကလည်း ဒါ ကို ယုံယုံကြည်ကြည်နဲ့ လိုက်ပါဆောင်ရွက် ရင် နိုင်ငံက တစ်ချိန်မှာ ကျွန်တော်တို့အား လုံးလိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်သွားမှာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေ မျိုးကို သွားနေတဲ့အချိန်မှာ အနှောင့်အယှက် တွေ၊ ပယောဂတွေ ရှိနေမှာ မလွဲပါဘူး။ ဒီအနှောင့်အယှက်တွေ၊ ပယောဂတွေ မြင် အောင်ကြည့်နိုင်ဖို့ လိုပါတယ်။ ဒါကြောင့် မို့လို့ စိတ်ပူတယ်ဆိုတဲ့ ပုဂ္ဂိုလ်များကို ကျွန် တော်တို့ ပြောချင်တာက မိမိတို့ရဲ့ စိတ်ပူ မှုဟာ အမှန်တကယ် စိတ်ပူရမယ့် ကိစ္စ လား။ ဒါမှမဟုတ်ရင် ပယောဂတွေကြောင့် မှားပြီးတော့ စိတ်ပူနေမိတာလားဆိုတာ မှန်မှန်ကန်ကန် သုံးသပ်ပြီးတော့ ကိုယ် လုပ်သင့် လုပ်ထိုက်တာကိုပဲ လုပ်ပါ။ စိုး ရိမ်ပူပန်မှုတွေအားလုံးကို ဖြေလျှော့ပြီး တော့ စိတ်ချမ်းသာ လက်ချမ်းသာနဲ့ အား လုံး ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ်ပြီး တော့ ကိုယ့်ကိစ္စတွေ အားလုံးကို အောင် အောင်မြင်မြင်နဲ့ လုပ်နိုင်ပါစေလို့ ကျွန် တော်တို့က ဆုတောင်းပါတယ်။ မျှော် လည်း မျှော်လင့်ပါတယ်။

ကိုကို(စက်မှုတက္ကသိုလ်)- ကျေးဇူးအ များကြီးတင်ပါတယ်။ ဒုမြို့တော်ဝန်ကြီး၊ ဘဏ်များအသင်း ဒုတိယဥက္ကဋ္ဌကြီး အ နေနဲ့ အချိန်အခါကိုက်ပြီးတော့ တကယ့် ကို အရေးကြီးတဲ့ Message  တစ်ခုကို ကျွန် တော်တို့နဲ့ အတူလာဆွေးနွေးပေး တဲ့ အ တွက်ကြောင့် အထူးပဲ ကျေးဇူးတင်ပါတယ်။

ဦးရဲမင်းဦး- ကျေးဇူးတင်ပါတယ် ခင်ဗျ။

#Democracytoday