ကိုကို(စက်မှုတက္ကသိုလ်) နှင့် နေပြည် တော် စည်ပင်သာယာရေး ဘဏ် ဥက္ကဋ္ဌ၊ နေ ပြည်တော် ဒုတိယမြို့တော်ဝန်နှင့် မြန်မာနိုင်ငံဘဏ်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးရဲ မင်းဦးနှင့် တွေ့ဆုံမေးမြန်း ဖြေကြားမှုများ

ယခုကာလတွင် ဘဏ်များနှင့် ပတ်သက် သည့် ကောလာဟလများ အမျိုးမျိုးထွက် ပေါ်နေပြီး ပြည်သူများမှာလည်း စိုးရိမ်ပူပန် မှုများ ဖြစ်ပေါ်လျက်ရှိနေကြသည်။ ထိုကဲ့သို့ ဖြစ်ပေါ်နေသည့်အတွက် ဘဏ်များနှင့် ပတ် သက်သည့် ကောလာဟလများ အခြေအနေ၊ မြန်မာနိုင်ငံရှိ ဘဏ်များ မည်သို့ စီမံခန့်ခွဲမှု ပြုလုပ်နေသနည်း။ ဘဏ်များအပေါ် ပြည် သူများ၏ စိုးရိမ်မှုရှိနေခြင်းအပေါ် ဖြေရှင်း ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ် သက်ပြီး ကိုကို(စက်မှုတက္ကသိုလ်)နှင့် နေပြည် တော် စည်ပင်သာယာရေးဘဏ် ဥက္ကဋ္ဌ၊ နေ ပြည်တော် ဒုတိယမြို့တော်ဝန်နှင့် မြန်မာ နိုင်ငံဘဏ်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးရဲ မင်းဦးနှင့် တွေ့ဆုံမေးမြန်း ဖြေကြားမှုများ ကို စုစည်းဖော်ပြလိုက်ပါသည်။



ကိုကို(စက်မှုတက္ကသိုလ်)- ပုဂ္ဂလိကဘဏ် တွေက ဘယ်လိုပုံစံမျိုးနဲ့ ဆောင်ရွက်နေသ လဲပေါ့။ ဗဟိုဘဏ်နဲ့ ပုဂ္ဂလိကဘဏ်တွေ ကြား ထဲမှာ ဘယ်လို ချိတ်ဆက် ဆောင်ရွက်နေသ လဲဆိုတဲ့ လုပ်ငန်းစနစ်ကို အားလုံးနားလည် အောင် ရှင်းပြစေချင်ပါတယ်။

ဦးရဲမင်းဦး- ဘဏ်ဆိုတာကတော့ ပုံမှန်လူ တွေ နားလည်အောင် ပြောရရင် ငွေရေး၊ ကြေးရေး ဝန်ဆောင်မှုလုပ်ငန်း၊ ငွေကြေးနဲ့ ဆိုင်တဲ့ လုပ်ငန်းတွေကို လုပ်ပေးရတာ ဖြစ် ပါတယ်။ ငွေကြေးလို့ ပြောလိုက်တာနဲ့ ငွေ ကြေးဟာ အင်မတန် အရေးကြီးတယ်။ ငွေ ကြေးဆိုတာက နေရာတကာမှာ မဖြစ်မနေ အသုံးပြုရတဲ့ ပစ္စည်းဖြစ်တယ်။ စီးပွားရေး လုပ်ငန်းတွေမှာပဲ ဖြစ်ဖြစ်၊ ကျန်းမာရေးလုပ် ငန်းတွေမှာပဲ ဖြစ်ဖြစ်၊ လူမှုရေးမှာပဲ ဖြစ်ဖြစ် ငွေကြေးဟာ သုံးကို သုံးရတာပါပဲ။ ဒီလို ငွေ ကြေးဟာ အားလုံးနဲ့ သက်ဆိုင်တဲ့အတွက် ကြောင့် ငွေကြေးသည် အားလုံးနဲ့ဆိုင်တယ်။ငွေကြေးသည် အရေးကြီးတယ်။ အဲဒီအတွက် ငွေကြေးကို ကိုင်တွယ်ရတဲ့ အဖွဲ့အစည်းတွေ ဖြစ်တဲ့ ဘဏ်တွေသည်လည်း အရေးကြီးတဲ့ အဖွဲ့အစည်းတွေ ဖြစ်သွားတာပေါ့။ ဒီလိုမျိုး ငွေကြေးတွေကို သေချာကိုင်တွယ်ပြီးတော့ ဆောင်ရွက်ရတဲ့အပြင် ဘဏ်တွေ ကိုင်တွယ် နေတဲ့ ငွေကြေးတွေသည် အများပြည်သူတွေ ရဲ့ ပိုက်ဆံတွေဖြစ်တယ်။ ဘဏ်က ကိုယ် ထောင်ထားတဲ့ ပိုက်ဆံတစ်ခုတည်းနဲ့ အလုပ် လုပ်နေတာ မဟုတ်ဘူး။ အများပြည်သူတွေ က ယုံကြည်ပြီးတော့ လာအပ်တဲ့ငွေတွေကို ကိုင်တွယ်ရတာ ဖြစ်တယ်။ ဒီအတွက် ပိုပြီး တော့ တာဝန်ကြီးတာပေါ့။ ဒါကြောင့်လည်း ဘဏ်တွေရဲ့ဖွဲ့စည်းပုံဟာ ရိုးရိုးသာမန်ကုမ္ပဏီ တွေ၊ စီးပွားရေးလုပ်ငန်းတွေရဲ့ ဖွဲ့စည်းပုံနဲ့ မတူဘူး။ ပိုပြီးတော့ စည်းကမ်းများတယ်။ပိုပြီးတော့ စည်းကမ်းတင်းကျပ်တယ်။ ဘဏ် ထဲမှာလည်း အဆင့်ဆင့်သော ရာထူးတွေမှာ လုပ်ပိုင်ခွင့်တွေကို သတ်မှတ်ထားတာရှိတယ်။ ဘယ်အဆင့်က ဘာလုပ်ရမယ်။ သူ့ရဲ့ ငွေ ကြေးကိုင်တွယ်မှုက ဘယ်လိုရှိတယ်။ ဘယ် လိုကိစ္စကို ဆောင်ရွက်ရင် လက်မှတ် ဘယ် နှစ်ချက် ထိုးရမယ်ကအစ အတိအကျ သတ် မှတ်ထားတာ ရှိပါတယ်။ ပြောရရင်တော့ ပုံ မှန်လူတွေပြောတဲ့ SOP မျိုးပေါ့။ ှ Standard Operating Procedure ပုံစံမျိုးတွေ အများ ကြီး။ အဲဒီလိုဟာမျိုးတွေ၊ အဲဒီလိုဟာမျိုးတွေ သတ်မှတ်ပြီးမှ သတ်မှတ်ချက်တွေ အတိုင်း ဘဏ်တွေက အတိအကျ လုပ်ရတယ်။နောက်တစ်ခါ အများပြည်သူ ပိုက်ဆံတွေ ကို ကိုင်တွယ်ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း တွေ ဖြစ်တဲ့ အတွက် ဗဟိုဘဏ်က ဒီအဖွဲ့ အစည်းကို ကြိုက်တာလုပ်ကြ။ တစ်နှစ်တစ် ခါ Report လုပ်ဆိုတာမျိုး လုပ်လို့မရဘူး။မရတော့ ဗဟိုဘဏ်က ဘာလုပ်လဲဆိုတော့ နေ့စဉ် Report ပို့ခိုင်းတယ်။ နေ့စဉ် ဘာ တွေလုပ်နေလဲ။ နေ့စဉ် ငွေတွေ ဝင်တာ ဘယ်လောက် ဝင်တယ်၊ ငွေတွေ ဘယ်လောက် ထွက်တယ်။ ဘဏ်တွေက နေ့စဉ် ဘာတွေ ကို သုံးစွဲနေတယ်။ တစ်ခါတည်း စာရင်းဆွဲ ပေးရတယ်။ အဲဒီလိုဆွဲပြီးတဲ့ စာရင်းကို ဗဟို ဘဏ်သို့ ပို့ရတယ်။ ဗဟိုဘဏ်ကမှ ဘဏ် အားလုံးရဲ့စာရင်းကို ပြန်ချုပ်ပြီးတော့မှ တစ် နိုင်ငံလုံးရဲ့ ငွေကြေးတွေ ဘယ်လိုသွားနေ တယ်ဆိုတာကို ထိုင်ပြီး စောင့်ကြပ် ကြည့် ရှုနေတာ ဖြစ်ပါတယ်။ ဘယ်လိုမျိုး ဖြစ်သွား လဲဆိုတော့ ငွေတွေ ဝင်တာများနေလား။ ငွေတွေ ထွက်တာများနေလား။ ဒါမှမဟုတ် ငွေတွေသည်  တစ်ဘဏ်ကနေ အခြားတစ် ဘဏ်ကို သွားနေလား။ ဒါမှမဟုတ် ငွေတွေ သည် ပုဂ္ဂလိကဘဏ်တွေကနေ အစိုးရဘဏ် ကို သွားနေလား။ အစိုးရဘဏ်တွေကနေ ပုဂ္ဂလိကဘဏ်တွေကို သွားတာ များနေလား။ နောက်တစ်ခါ ဒီငွေတွေကို ဘာကိစ္စတွေမှာ သုံးစွဲနေလဲ။ ဗဟိုဘဏ်က သိတယ်။ အဲဒီလို ပုံစံမျိုးနဲ့ ထိန်းကျောင်းနေတာ။ အဲဒီတော့ဘဏ် တွေရဲ့ ဆောင်ရွက်မှုသည် ပုံမှန်လုပ်ငန်း၊ သာ မန်ကုမ္ပဏီတွေနဲ့ မတူဘဲနဲ့ ကျွန်တော်တို့က စည်းမျဉ်းစည်းကမ်း အတိအကျနဲ့ ဆောင် ရွက်ရတယ်။ နောက် ကျွန်တော်တို့ရဲ့ ဆောင် ရွက်နေမှု အားလုံးကိုလည်း ဗဟိုဘဏ်က နေ့စဉ် သိရှိတယ်။ အဲဒီတော့ အခြား Regulator  တွေ မြန်မာနိုင်ငံမှ လုပ်ငန်းတွေကို ကြည့်ကြပ်နေရတဲ့ Regulator  တွေရှိပါတယ်။ ဒီအုပ်ချုပ်နေရတဲ့ Regulator ဌာနတွေထက် ပိုပြီးတော့ကို ဗဟိုဘဏ်က သူအုပ်ချုပ်တဲ့ သူတွေရဲ့ အချက်အလက်တွေကို ပိုရတယ်။ အုပ်ချုပ်တဲ့သူတွေကို အနီးကပ် စောင့်ကြည့် နိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ ဒါကြောင့် ဘဏ်လုပ်ငန်းကို မသိတဲ့အခါမှာ အချို့လူ တွေက ဘဏ်တွေနဲ့ပတ်သက်ရင် ထင်ယောင် ထင်မှားတွေ ဖြစ်ကြတယ်။ ကောလာဟာလ တွေ ထုတ်လွှင့်ကြတယ်။ တချို့ စိုးရိမ်ကြ တယ် ဆိုတာမျိုး ဖြစ်တာပေါ့။ တကယ်တော့ ဘဏ်တွေရဲ့ဆောင်ရွက်မှုက နေ့စဉ် ဘဏ် စာရင်းတွေသည် ဗဟိုဘဏ်ကို ပို့နေရတာ ဖြစ်ပါ တယ်။

ကိုကို(စက်မှုတက္ကသိုလ်)- နေ့စဉ် ဗဟိုဘဏ် ကို စာရင်းတွေ ပို့ရတယ်ဆိုတော့ ဗဟိုဘဏ် က တစ်နိုင်ငံလုံးမှာရှိတဲ့ ဘဏ်တွေရဲ့ ရရှိ လာတဲ့ အချက်အလက်တွေကို ဘယ်လို စီမံ ခန့်ခွဲသလဲ။

ဦးရဲမင်းဦး- ဗဟိုဘဏ်က ဘာတွေ ထပ်လုပ် ထားသလဲဆိုတော့ သူက ဂဏန်းတွေပို့လိုက် ရုံနဲ့တင် မရသေးဘူး။ သူက သတ်မှတ်ထား တဲ့ အချိုးတွေရှိတယ်။ ဥပမာ- ဘဏ်တစ်ခု ရဲ့ငွေသား ဘယ်လောက်ရှိရမယ်။ ဘဏ်တစ် ခုရဲ့ ငွေဖြစ်လွယ်မှုက ဘယ်လောက်ရှိရမယ်။ ဘဏ် တစ်ခုရဲ့ မတည်ရင်းနှီးငွေနဲ့ ပတ်သက် တဲ့အချိုးက ဘယ်လောက်ရှိရမယ်။ ဘဏ် တစ်ခုက သူ့မှာလာအပ်ထားတဲ့ ပိုက်ဆံနဲ့ ချေး ထားတဲ့ ပိုက်ဆံနဲ့က အချိုးဘယ်လောက်ရှိ ရမယ်။ ဒါတွေအားလုံး သူက သတ်မှတ်ပြီး သား။ အဲဒီရာခိုင်နှုန်းတွေလည်း သူက အမြဲ တမ်း စောင့်ကြည့် တယ်။ ရာခိုင်နှုန်းအောက် ကို ရောက်လို့မရဘူး။ ရာခိုင်နှုန်းအောက် ရောက်တာနဲ့ ဗဟိုဘဏ်ကနေ သတိပေးတဲ့ အကြောင်းကြားချက် ရောက်လာပြီ။ မင်းတို့ ရာခိုင်းနှုန်းအောက် ရောက်လာပြီ ဒါကို ပြည့် မီအောင် အမြန်ပြန်လုပ်ပါ။ ဘဏ်တွေက ချက်ချင်း ပြန်လုပ်ရပါတယ်။ ဒါမျိုးပေါ့။ သူ့ မှာ သတ်မှတ်ထားတဲ့ စံတွေ အများကြီးပဲ။ ဂဏန်းတွေ ပို့လိုက်တယ်၊ ဂဏန်းတွေကို ကြည့်လိုက်ရုံနဲ့ သူ့တာဝန် ကျေသွားတယ် မဟုတ်ဘူး။ သူ့မှာ ရာခိုင်နှုန်းသတ်မှတ်ချက် တွေရှိတယ်။ ဒီရာခိုင်နှုန်းတွေက ဘာကိုမူ တည်သလဲဆိုတော့ ဘဏ်တွေရဲ့ စိတ်ချယုံ ကြည်မှုနဲ့ ခိုင်မာမှုကို အာမခံချက် ပေးနိုင် အောင် သတ်မှတ်ပေးထားတဲ့ ရာခိုင်နှုန်းတွေ ပေါ့။ ဒါက တစ်ကမ္ဘာလုံး သတ်မှတ်ထားတဲ့ ရာခိုင်နှုန်းတွေပေါ့။ မြန်မာတစ်နိုင်ငံတည်း ထူးခြားပြီး သတ်မှတ်ထားတဲ့ ရာခိုင်နှုန်းတွေ မဟုတ်ပါဘူး။ အဲဒါ တစ်ကမ္ဘာလုံး သတ်မှတ် ထားတဲ့ ရာခိုင်နှုန်းတွေနဲ့ ကိုက်ညီအောင် ဗဟိုဘဏ်က တစ်ချိန်လုံး ဂဏန်းတွေကို စောင့်ကြည့်ရုံတင် မဟုတ်ဘူး။ ရာခိုင်နှုန်း တွေကိုပါ သူက စောင့်ကြပ်ပေးနေတယ်။ သတ်မှတ်ပေးနေတယ်။ မပြည့်မီရင် မပြည့် မီတဲ့ဘဏ်ကို ချက်ချင်း အကြောင်းကြားတယ်။ ချက်ချင်း ပြည့်မီအောင် လုပ်ခိုင်းတယ်။ ချက် ချင်း အရေးယူတယ်။ ဒီတော့ ဘဏ်တွေက လည်း အရမ်းကြောက်တယ်။ ဗဟိုဘဏ်က နေ အရေးယူခံရမှာကို ဘဏ်တိုင်းက အရမ်း ကြောက်ပါ တယ်။ ကြောက်တော့ ဒီရာခိုင် နှုန်းပြည့်အောင် ကျွန်တော်တို့အားလုံးက အမြဲ ကြိုးစားပြီးတော့ ဆောင်ရွက်ရမယ်။ တစ်ခါတလေကျတော့ တချို့က ပြော တယ်။ ဟာ... ဘဏ်ထဲမှာ ပိုက်ဆံတွေ အများကြီးပဲ ဘာလို့ ထုတ်မချေးလဲဆိုတာ ကျွန်တော်တို့မှာ သတ်မှတ်တဲ့ ရာခိုင်နှုန်းရှိ တယ်။ ချေးထားတဲ့ ရာခိုင်နှုန်းပြည့်သွားရင် ထုတ်ချေးလို့ မရဘူး။ အဲဒီကျန်တဲ့ ပိုက်ဆံ ကို အခြားကိစ္စတွေ သုံးရတယ်။ ဥပမာ- နိုင်ငံ တော်က ထုတ်ရောင်းတဲ့ ငွေတိုက်စာချုပ်တွေ ဝယ်ထားတာတို့ ဒါမှမဟုတ် ဗဟိုဘဏ်က နေပြီး  Deposit Auction ဆိုတာလုပ်တယ်။ နံနက်တိုင်းမှာ တချိုနေ့တွေမှာပေါ့။ နံနက် ပိုင်းမှာ ကြေညာတယ်။  Deposit Auction ဒီနေ့ ဗဟိုဘဏ်ကနေ ဘီလီယံတစ်ရာ Auction လုပ်မယ်။ ဘဏ်တွေက ပိုက်ဆံပို နေရင် လာ။ အဲဒီ ဗကခအငသည မှာ လာပြိုင်ကြ ဆိုပြီး ခေါ်တာမျိုးတွေ ရှိတယ်။ အဲဒီလိုမျိုး ကိုယ်ပိုနေတဲ့ ပိုက်ဆံကို လူတွေကို ထုတ် ချေးလို့မရရင် ဗဟိုဘဏ်မှာ သွားပြီး ဒီငွေ ကနေ အကျိုးအမြတ် တစ်ခုရအောင် သွား လုပ်ရတာပေါ့။ ဒါမျိုးတွေကို ဘဏ်တွေက လုပ်ရပါတယ်။ အဲဒါကြောင့် ဒီသတ်မှတ်တဲ့ ရာခိုင်နှုန်းနဲ့ ဗဟိုဘဏ် သတ်မှတ်ချက်ကို တော့ ဘဏ်တွေသည် လုံးဝဖောက်ဖျက်လို့ မရပါဘူး။ ဒါကို အတိအကျ လိုက်နာ ရပါတယ်။

ကိုကို(စက်မှုတက္ကသိုလ်)- အဲဒီမှာ အချိုး အစား သတ်မှတ်ချက်ဆိုတာကို တွေ့တယ်။ အများကြီးပေါ့လေ။ အဲဒီထဲကနေမှ ထင်သာ မြင်သာရှိအောင် ပြောပြပေးပါလား။

ဦးရဲမင်းဦး- အရင်ဆုံးကတော့ အများ အလွယ်ဆုံးသိမယ့်ဟာကတော့ ကျွန်တော်တို့ ဆီဝင်လာတဲ့ ပိုက်ဆံ၊ လာအပ်တဲ့ ပိုက်ဆံ တော့၊ စုတဲ့ ပိုက်ဆံ Deposit  ပေါ့။ ဒီ Deposit ဆိုတဲ့ ပိုက်ဆံရယ်၊ ကျွန်တော်တို့ ကနေ ထုတ်ချေးလိုက်တဲ့ချေးငွေ Loan  ပေါ့။ အဲဒီတော့Loan to Deposit ရာခိုင်နှုန်း ပေါ့။ ဒီဟာက ၈၀ ရာခိုင်နှုန်း၊ ၂၀ ရာခိုင် နှုန်း ဖြစ်ပါတယ်။ ကျွန်တော်တို့ဆီကို တစ် ရာ ရောက်လာတယ်ဆိုရင် ရှစ်ဆယ်ရာခိုင် နှုန်းကို ချေးခွင့်ရှိတယ်။ နှစ်ဆယ်ရာခိုင်နှုန်း ကို မဖြစ်မနေ မချေးဘဲ ကိုင်ထားရမှာဖြစ်ပါ တယ်။ ရာခိုင်နှုန်းကို အဲဒီလို သတ်မှတ်တာ ရှိတယ်။ နောက်တစ်ခါ Result သတ်မှတ် တာရှိတယ်။ ကျွန်တော်တို့ကို ပိုက်ဆံတွေ လာအပ်တာရှိတယ်။ လာအပ်ရင် လာအပ် တဲ့ ပိုက်ဆံရဲ့ ငါးရာခိုင်နှုန်းကို မဖြစ်မနေ ဗဟိုဘဏ်ကို ပို့ထားရတာ ဖြစ်ပါတယ်။ ဒီ ပိုက်ဆံကို ကျွန်တော်တို့ ထိလို့မရပါဘူး။ ဒါမျိုးတွေကို ဗဟိုဘဏ်က ပိုစိတ်ချရအောင်၊ ပိုယုံကြည်ရအောင် အမြဲလုပ်ထားပါတယ်။ တချို့က ထင်တာက ဘဏ်တွေကို ပိုက်ဆံ တွေ ဝင်လာတယ်။ ဘဏ်က အဲဒီပိုက်ဆံ တွေကို သူ အကျိုးအမြတ်ရအောင် အကုန် ထုတ်ချေးလိုက်တယ် မဟုတ်ပါဘူး။ ချေးလို့ မရပါဘူး။ လုပ်ချင်တိုင်း လုပ်လို့မရပါဘူး။သူက ထိန်းထားတာဖြစ်ပါတယ်။ အဲဒီတော့ ဘဏ်အများစုက ချေးထားသည့် ၆၀ ရာခိုင် နှုန်းနဲ့ ၇၀ ရာခိုင်နှုန်း ကြားမှာပဲ ချေးကြတယ်။ ဒါကတော့ ကျွန်တော်တို့ရဲ့ ထူးခြားချက်ဖြစ် ပါတယ်။ ဗဟိုဘဏ်ကတော့ ၈၀ ရာခိုင်နှုန်း အထိ ချေးခွင့်ပြုထားပါတယ်။
ကိုကို(စက်မှုတက္ကသိုလ်)- ဘဏ်တွေနဲ့ပတ် သက်တဲ့သူတွေ၊ ချေးခွင့်မရှိဘူးလို့လည်း ကြားတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့လည်း သိချင်ပါတယ်။

ဦးရဲမင်းဦး- ဟုတ်ပါတယ်။ ဘဏ်တွေနဲ့ ပတ် သက်တဲ့သူတွေ ချေးခွင့်မရှိပါဘူး။ ဥပမာ- ဘဏ်ရဲ့ ဒါရိုက်တာအဖွဲ့သည် သူ့ကိုယ်သူ ချေးလို့မရဘူး။ နောက် သူ့ရဲ့ ဇနီး၊ ခင်ပွန်း ကို ချေးလို့မရဘူး။ သူ့ရဲ့သားသမီးကို ချေး လို့မရဘူး။ နောက်တစ်ခါ သူ တည်ထောင် ထားတဲ့ ကုမ္ပဏီတွေကို ချေးခွင့်မရှိဘူး။ ဒါက မူလသတ်မှတ်ချက် ဖြစ်ပါတယ်။ ဒီသတ်မှတ် ချက်ကို ဘဏ်တော်တော်များများက လိုက်နာ ပါတယ်။ လိုက်နာပြီး ဒီစည်းကမ်းဘောင်ထဲ မှာ ရအောင် နေပါတယ်။ တကယ်လို့ ချိုး ဖောက်တာတွေ့ရင်လည်း ဗဟိုဘဏ်က ချက် ချင်း အရေးယူတယ်။ ဒါ ဗဟိုဘဏ်က ပုံမှန် ချေးငွေတွေကို အမြဲကြည့်နေတာဆိုတော့ ဘယ်သူတွေကို ချေးတယ်ဆိုတာကိုလည်းအမြဲစစ်ဆေးပါတယ်။ နောက်တစ်ခါ ကျွန် တော်တို့မှာ ပမာဏကြီးကြီး ချေးထားတဲ့သူ တွေရှိရင်လည်း ဗဟိုဘဏ်ကို တင်ပြရပါ တယ်။ ချေးငွေပမာဏ အကြီးကြီးတွေပေါ့ နော်။ ချေးငွေပမာဏ အကြီးကြီးတွေ ချေး ရင် ဗဟိုဘဏ်က ချက်ချင်းကြည့်တယ်။ ဘယ် သူ့ကို ချေးထားတယ်။ ဘယ်ကုမ္ပဏီကို ချေး ထားတယ်။ ဒါမျိုး ကြည့်ပါတယ်။ နောက်တစ် ခါ ကျွန်တော်တို့ရဲ့ အတိုးရတဲ့ ဟာကိုလည်း ကြည့်ပါတယ်။ တကယ်လို့ အတိုးရတဲ့ဟာ မှာ အတိုးပျက်ကွက်တဲ့သူ ရှိလာရင် ဗဟို ဘဏ်က ဒီအတိုး ပျက်ကွက်တဲ့သူတွေကို ဘာလုပ်ထားသလဲဆိုပြီး ဘဏ်တွေကို မေး ပါတယ်။ အဲဒီအချိန်မှာ ဘဏ်တွေကနေပြီး ဒီလူ ဒီလူကို စာပို့ အကြောင်းကြားထားပါ တယ်။ ခေါ်ယူ တွေ့ဆုံပါတယ်။ ညှိနှိုင်းပါ တယ်။ အတိုးကို ဘယ်လိုကောက်နေပါတယ် ဆိုတာ ပြန်လည်တင်ပြရပါတယ်။

ကိုကို(စက်မှုတက္ကသိုလ်)- အဲဒီလို စနစ်တ ကျ လုပ်နေရင်းကနေပြီးတော့မှ နှစ်စဉ်နှစ် တိုင်းလိုလို ဘဏ်တွေနဲ့ ပတ်သက်ပြီးတော့ ကောလာဟလတွေအမြဲထွက်တယ်။ ဒီနှစ် မှာ ဘဏ်က ဖြစ်ပြန်ပြီ။ ဒီနေ့မှာ အေဘဏ် က ဖြစ်တော့မယ်။ နောက်နေ့မှာ ဘီဘဏ် က ဖြစ်တော့မယ်။ ဘဏ်တွေ တစ်ခုနဲ့ တစ် ခု အမြဲတမ်း မရိုးနိုင်အောင် နှစ်စဉ်နှစ်တိုင်း ကောလာဟလတွေပေါ်မှာလည်း လူတွေက ဆိုရှယ်မီဒီယာခေတ်ကျတော့ ပိုဆိုးတာပေါ့ လေ။ စိုးရိမ်မှုတွေ ဖြစ်လာတယ်။ အဲဒါတွေ ကရော ဘာကြောင့် ဖြစ်နေတာလဲ။

ဦးရဲမင်းဦး- ကျွန်တော်တို့ ပထမဦးဆုံး စ ပြောရရင် ကျွန်တော်တို့နိုင်ငံရဲ့ ပြီးခဲ့တဲ့ခေတ် ကာလတောက်လျှောက် လုပ်ခဲ့တဲ့ စီးပွားရေး အရ စီးပွားရေးကို ဦးဆောင်တဲ့ ပုဂ္ဂိုလ်အ ကြီးကြီးတွေ ပေါ်လာခဲ့ကြတယ်။ ကုမ္ပဏီ အကြီးတွေ ဖြစ်လာခဲ့ကြတယ်။ အဲဒီကုမ္ပဏီ ကြီးတွေက အုပ်စုအကြီးကြီးတွေ ဖြစ်သွား တယ်။ လုပ်ငန်းတစ်ခုတည်း လုပ်တဲ့သူတွေ မဟုတ်တော့ဘူး။ လုပ်ငန်းပေါင်းစုံ ကုမ္ပဏီ အုပ်စုကြီးတွေ ဖြစ်သွားကြတယ်။ ဒီအုပ်စု ကြီးတွေကပဲ ဘဏ်တွေ တည်ထောင်ထားကြ တဲ့အခါကျတော့ သူတို့နဲ့ လုပ်ငန်းဆက်စပ် တဲ့သူတွေ ရှိသလို၊ လုပ်ငန်းပြိုင်ဘက်တွေ လည်း ရှိကြတယ်။ ရှိကြတဲ့အခါမှာကျတော့ တစ်ယောက်နဲ့တစ်ယောက် စကားပြောကြ တဲ့အချိန်မှာ သိသိသာသာပဲဖြစ်ဖြစ်၊ မသိမ သာပဲဖြစ်ဖြစ် တစ်ခါတလေလည်း ထိခိုက် ပြီး ပြောမိကြတာတွေ ရှိကြတယ်။ ဒါ ပထမ ပြဿနာတစ်ခုပေါ့။ ဒုတိယ ပြဿနာတစ်ခု က ဘာလဲဆိုတော့ ဘဏ်လုပ်ငန်းရဲ့ သဘော သဘာဝကို သာမန်လူတွေက နားမလည်တဲ့ အခါကျတော့ ဘဏ်ပိုင်ရှင်နဲ့ ဘဏ်နဲ့ကို ကွဲ ပြားမမြင်ဘူး။ ဘဏ်ပိုင်ရှင်ဆို မြင်လိုက်တာ နဲ့ ဒီဘဏ်ကြီးနဲ့ အတူတူပဲထင်တယ်။ ဘဏ် ပိုင်ရှင်ရဲ့ အနေအထိုင် အပြောအဆိုကိုကြည့် ပြီးတော့ ဒီဘဏ်ကို သွားဆုံးဖြတ်တာမျိုးတွေ လည်း ဖြစ်ကြတာပေါ့။ အဲဒီတော့ နှစ်တိုင်း ဘဏ်တွေက တိုက်ခိုက်ခံရတယ်။ နှစ်တိုင်း ကောလာဟလတွေ ထုတ်ခံရတယ်။ ဘဏ် ပိုင်ရှင်ကို မကျေနပ်လို့ လုပ်နေတဲ့သူတွေ လည်းရှိတယ်။ တခြားသော ရည်ရွယ်ချက် ပေါ့။ နိုင်ငံရေးအရ ထိုးနှက်ချင်လို့ပဲဖြစ်ဖြစ် ပြည်သူတွေ အထိတ်တလန့် ဖြစ်တဲ့အချိန် မှာ အကျိုးအမြတ်ရတဲ့ လူမျိုးတွေလည်း ရှိ ကြတယ်။ အထိတ်တလန့်ဖြစ်လို့ အရောင်း အဝယ်ဖြစ်ကြတဲ့ အချိန်မှာ အရောင်းအဝယ် ဖြစ်တတ်တဲ့ လူမျိုးတွေလည်းရှိတယ်။ သူတို့ တွေပဲဖြစ်ဖြစ်၊ အခြားသော အစုအဖွဲ့တွေ ကဖြစ်ဖြစ် ရည်ရွယ်ချက်ရှိရှိနဲ့ကို နှစ်စဉ်လုပ် ပါတယ်။ နှစ်စဉ် ဒီကိစ္စ ဒီသတင်းတစ်ခုဖြန့် လိုက်တယ်။ တချို့သူတွေက ထိတ်လန့်သွား တယ်။ အဲဒီလိုပဲ မေးကြမြန်းကြတယ်။ မေး ရင်းမေးရင်းနဲ့မှ ပိုပိုပြီး ထိတ်လန့်ကုန်ကြ တယ်။ ထိတ်လန့်ပြီး ဘဏ်တွေကို ပြေးကြ တယ်။ ငွေတွေ ထုတ်ကြတယ်။ ပြီးတော့လည်း ဘာမှမဟုတ်ဘူးဆိုပြီး တစ်ခါပြန်ပြီး သွား ကြပြန်ရော။ အဲဒါ နှစ်စဉ်ဖြစ်ခဲ့ပါတယ်။ အခု ဒီကာလလေးမှာလည်း ဒါလေးဖြစ်တာ ပါ။ ကောလာဟလ ထွက်လာတယ်။ စထွက် တဲ့ ကောလာလဟ ကိစ္စသည် ဘဏ်တွေနဲ့ တိုက်ရိုက်မဆိုင်ဘူး။ ဘဏ်လုပ်ငန်းနဲ့ မဆိုင်ဘဲ သီးခြား ပြင်ပစီးပွားရေးနဲ့ ဆိုင် တဲ့ လောကçကဖြစ်တဲ့ သတင်းကနေပြီး ဘဏ်လုပ်ငန်းကို ဆွဲဆက်လိုက်တာပေါ့။ ဆွဲဆက်လိုက်ပြီး ဒါကြီးကို တွဲလျက်ဖြစ်ပြီး တော့ သတင်းထုတ်ပြန် ကြေညာတယ်။ထုတ်ပြန်ကြေညာရာကနေ ဒီပြဿနာ ဆက် လာတာပေါ့။


ကိုကို(စက်မှုတက္ကသိုလ်)- အဲဒီတော့ ဒီရှေ့ ပိုင်းမှာ ဖြစ်ခဲ့တဲ့ ကောလာဟလတွေနဲ့ ပတ် သက်ပြီးတော့ သူ့ဘာသာသူတော့ ပြေ ပျောက်သွားတယ်ပြောတယ်။ ဒါပေမဲ့ အဲဒီ အပေါ်မှာ ဗဟိုဘဏ်အပါအဝင် ဘဏ်တွေ ကရော ဖြစ်လာတဲ့ ကောလာဟလတွေ ရှိ လာတဲ့အခါမှာ ဘယ်လိုဖြေရှင်းခဲ့တဲ့ သာဓ ကတွေရှိလဲ။


ဦးရဲမင်းဦး- ပထမဦးဆုံး ဘဏ် တစ်ဘဏ် ကပဲ ကောလာဟလ ဖြစ်တာဆိုရင် အဲဒီဘဏ် က တရားဝင်ထွက်ရှင်းတယ်။ သတင်းစာ ရှင်းလင်းပွဲ လုပ်တယ်။ ဒါမှမဟုတ် မီဒီယာ တွေကို ခေါ်ပြောတယ်။ သူတို့သည် ခိုင်မာ ပါတယ်။ ဘာမှမဖြစ်ပါဘူး။ ဒီသတင်းက မှား ပါတယ်လို့ သူတို့ ထွက်ပြောတယ်။ တကယ် လို့ ဘဏ် တစ်ဘဏ်မဟုတ်တော့ဘဲ ဘဏ် လောကကို ဦးတည်ပြီး တိုက်ခိုက်လာတယ် ဆိုရင် ဘဏ်များအသင်းက ထွက်ပြီး ပြော တယ်။ ဘဏ်များအသင်းမှာ ဘဏ်တွေအား လုံးရှိတယ်။ ကျွန်တော်တို့က အမြဲတွေ့ကြ တာကိုး။ ဘဏ်တွေအားလုံး စည်းစည်းလုံး လုံး ရှိနေကြတယ်။ တစ်သားတည်းပဲ ဖြစ် တယ်။ ဘာပြဿနာမှ မရှိဘူးဆိုတာကို ကျွန် တော်တို့က ထွက်ပြီး ပြတယ်။ ဒီထက် ပိုပြီး လိုအပ်လာရင် ကျွန်တော်တို့က မြန်မာနိုင်ငံ တော် ဗဟိုဘဏ်ကို အကူအညီတောင်းတာ ပေါ့။ ဗဟိုဘဏ်က တာဝန်ရှိ ပုဂ္ဂိုလ်က ဘဏ်များအသင်းကို <ကလာတယ်။ ဘဏ် များအသင်းမှာ ဗဟိုဘဏ်က အစစအရာ ရာ တာဝန်ယူပါတယ်ဆိုပြီး ထွက်ပြီးဖြေရှင်း တယ်။ တာဝန်ယူလို့ကို လိုင်စင်ထုတ်ပေး ထားတယ်။ လူတွေက သဘောမပေါက်တာ။ ဥပမာထားပါတော့ ဟိုတယ်တစ်ခုဖွင့်တယ်။ ဟိုတယ်ဝန်ကြီးဌာနက လိုင်စင်ပေးတယ်။စားသောက်ဆိုင်တစ်ခု ဖွင့်တယ်။ စည်ပင် သာယာက လိုင်စင်ပေးတယ်။ စည်ပင်သာ ယာပေးတဲ့ လိုင်စင်သည် စားသောက်ဆိုင် ပျက်တာနဲ့ ကောင်းတာနဲ့ ဘာမှမဆိုင်ဘူး။ ဒီစားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင်ခွင့်ပေး လိုက်တာ။ ဒီစားသောက်ဆိုင်က ရောင်းဝယ် တဲ့ အစားအသောက်တွေနဲ့ မီးဖိုချောင်သန့် ရှင်းရဲ့လား သွားစစ်ပေးတယ်။ ဒါပဲ စည် ပင်က လုပ်တာ။ ဟိုတယ်ဆိုလည်း ဒီလိုပဲ လိုင်စင်ပေးလိုက်တဲ့အချိန်မှာ ဝန်ကြီးဌာန က အခန်းတွေရဲ့ ဖွဲ့စည်းပုံက ဘယ်လိုဖွဲ့ ထားတာလဲ၊ နေလို့ထိုင်လို့ အဆင်ပြေရဲ့ လား၊ သက်သောင့်သက်သာရှိရဲ့လား၊ မီး ဘေးအန္တရာယ် ရှိနိုင်လား။ ဒါမျိုးကိုပဲ စစ် ပေးတာ။ ဒီလုပ်ငန်းပျက်သွားရင် သူပျက် တာပဲ။ ဧည့်သည်မရလို့ ပျက်တာ သူ့ကိစ္စပဲ။ ဟိုတယ်ဝန်ကြီးဌာနနဲ့ မဆိုင်ဘူး။ စား သောက်ဆိုင် လူလာမစားလို့ အရှုံးပေါ်ပျက် သွားရင်လည်း စားသောက်ဆိုင်လိုင်စင် ထုတ်ပေးတဲ့ စည်ပင်သာယာနဲ့ ဘာမှမဆိုင် ဘူး။ ဘဏ်ကျတော့ အဲဒီလိုမဟုတ်ဘူး။ ဘဏ်လိုင်စင် ပေးတယ်ဆိုကတည်းက ဗဟို ဘဏ်က ဒီဘဏ်ကို တာဝန်ယူပြီး ထုတ်ပေး တာ။ ဒီဘဏ်ရဲ့ ကောင်းသည်၊ ဆိုးသည် အားလုံးကို သူကတာဝန်ယူတယ်။ အကုန် လုံးကို သူ ရှင်းပေးနိုင်တယ်။ ရှင်းပေးနိုင် အောင်လည်း စိစစ်ထားတယ်။ ရှင်းပေးနိုင် အောင်လည်း နဂိုကတည်းက ကြီးကြပ်ထား တယ်။ ဒါကြောင့် နေ့စဉ် ကြီးကြပ်ရတယ် ပြောတာ။ နေ့စဉ် ကြီးကြပ်ရတဲ့ စောင့်ကြည့် နေတဲ့အတွက် ဒီလူ ဘာဖြစ်မယ်၊ သူ အမြဲ တမ်း ကြိုသိတယ်။ အဲဒီဂဏန်းတွေပေါ်မှာ မူတည်ပြီးတော့ တစ်ခုခုဖြစ်ခဲ့ရင်လည်း ဗဟို ဘဏ်မှာရှိတဲ့ ငွေကြေးကို ထုတ်ပေးပြီး ချက် ချင်း ဒီပြဿနာကို ရှင်းပေးခဲ့ပါတယ်။ ဒါက တစ်ကမ္ဘာလုံးမှာ ဒီအတိုင်းပဲ။ ဗဟိုဘဏ် တွေက ဘဏ်တွေအားလုံးကို ကျောထောက် နောက်ခံ ပြုပေးထားတာပါ။ ဒါကြောင့် ကျွန် တော်တို့က စကားလုံးသုံးထဲက ဘဏ်တွေ ကို ဖွင့်တဲ့အချိန်မှာ ဘဏ်လိုင်စင် လျှောက် ထားခြင်းနဲ့အတူ မြန်မာနိုင်ငံတော် ဗဟိုဘဏ် သည် ဘဏ်များကို ကျောထောက်နောက်ခံ ပြုပေးထားသည်လို့ အမြဲတမ်း သုံးကြပါ တယ်။ ဗဟိုဘဏ်က အားလုံးကို တာဝန်ယူ ထားတာ။ ဒါကြောင့် လူတွေက မသိတဲ့အ ခါမှာ ဘဏ်ပိုင်ရှင်နဲ့ ဘဏ်နဲ့ မကွဲဘူး။ ဗဟို ဘဏ်ရဲ့ နောက်ကနေ ဘယ်လိုထိန်းကျောင်း ပေးနေတယ်။ ဘယ်လို စောင့်ရှောက်ပေး နေတယ်ဆိုတာ မမြင်တဲ့အခါကျတော့ ကောလာဟလ တစ်ခုခုဖြစ်တိုင်းမှာ ကော လာဟလနောက်ကို လူတွေက ပါပါသွားကြ တာပေါ့။


ကိုကို(စက်မှုတက္ကသိုလ်)- အဲဒီတော့ အ တိတ်ကဖြစ်ခဲ့တဲ့ ကောလာဟလတွေကို ဖြေ ရှင်းနည်း။ ပွင့်ပွင့်လင်းလင်း မေးချင်တာက ကောလာဟလတွေရဲ့ နောက်ကွယ်က တ ကယ့် ကောလာဟလတွေပဲလား။ တကယ် ကို စိုးရိမ်ပူပန်စရာမျိုး ဖြစ်ခဲ့တာမျိုးရှိလား။


ဦးရဲမင်းဦး- ၂၀၀၃ ခုနှစ်နောက်ပိုင်းမှာ အဲဒီလိုကိစ္စမျိုးတွေ မရှိတော့ဘူး။ အဲဒီ ကာလတွေတုန်းကတော့ ရှိခဲ့ဖူးတယ်။ ဒါပေ မဲ့ အဲဒီနောက်ပိုင်းကာလတွေမှာ ကောလာ ဟလတွေအားလုံးသည် တမင် အတုလုပ်ထား တဲ့ ကောလာဟလတွေချည်းပဲ။ ဥပမာ- ဘဏ်ပိုင်ရှင် ဥက္ကဋ္ဌကြီး ဘယ်သူကတော့ အဖမ်းခံရပြီ။ ဒါမျိုး လွှင့်တယ်။ ဒါမှမဟုတ် ဘဏ်ပိုင်ရှင် ဥက္ကဋ္ဌကြီး ဘယ်သူကတော့ ဘာပြဿနာတွေ တက်နေပြီ။ ဒီလိုသတင်း လွှင့်တယ်။ ဒါမှမဟုတ်ရင် ဘယ်ဘဏ်ကတော့ စိတ်မချရတော့ဘူး။ အစိုးရပြောင်းသွားချိန် မှာ ဘယ်ဘဏ်ကတော့ အစိုးရရဲ့လူမို့လို့ သူ့ ဘဏ် စိတ်မချရတော့ဘူး။ ဒါမျိုးပေါ့။ မဟုတ်တဲ့သတင်းတွေကို ဖြန့်တာပေါ့။ ဖြန့် ပြီး တမင်ကို တိုက်ခိုက်ကြတာပေါ့။ တမင် တိုက်ခိုက်တဲ့အချိန်မှာ ကျွန်တော်တို့က ဒီ တိုက်ခိုက်မှု ကြုံရတိုင်း ဘဏ်တွေက ပိုစည်း လုံးသွားတယ်။ စည်းစည်းလုံးလုံးနဲ့ ဒီပြဿ နာတွေကို ဖြေရှင်းကြတယ်။ အားလုံးက ပြိုင် ဘက်ဆိုတာထက် လုပ်ငန်းတူလို့ သဘော ထားတယ်။ လုပ်ငန်းတူ မိတ်ဆွေလို့ သဘော ထားတဲ့အခါမှာ ဘဏ်တိုင်းက တစ်ယောက် နဲ့တစ်ယောက် ကူညီကြတယ်။ နည်းပညာ အရ ကူညီကြတယ်။ ငွေရေးကြေးရေးအရ ကူညီကြတယ်။ ဒါမျိုးသွားတဲ့အခါကျတော့ ကျွန်တော်တို့ စိတ်ပူစရာမရှိဘူး။ နောက်တစ် ခါ လူတွေက ခုနောက်ပိုင်းဖြစ်တာက Target က တစ်ဘဏ်နဲ့တစ်ဘဏ် နာမည်နဲ့ Target  ဖြစ်တာကိုး။ ဒီဘဏ်ကို မယုံကြဘူးဆိုရင် နောက်ဘဏ်ကို သွားထည့်လိုက်ကြတယ်။ ဒီအတိုင်း ဖြစ်တာကိုး။ ဒီငွေကြေးတွေက ဘဏ်လောကထဲမှာပဲ ရှိနေတယ်။ ရှိနေ တော့ ငွေလိုတဲ့ဘဏ်ကို ငွေပိုတဲ့ဘဏ်က ပြန်ပေးလိုက်တာ။ ပေးလိုက်တာနဲ့ သူ့ဘာ သာသူ ပြန်အဆင်ပြေပြီး ဘာမှ ပြဿနာ မရှိဘူး။ လူတွေက အချိန်တစ်ခုရောက်သွား တဲ့အချိန်မှာ စိတ်ချပြီး အဲဒီဘဏ်ကိုပဲ ပိုက် ဆံတွေ ပြန်လာအပ်ကြတာပဲ။ ဒါမျိုးဆိုတော့ စိတ်ပူစရာရှိတဲ့ အခြေအနေမျိုး မဟုတ်ပါ ဘူး။

ကိုကို(စက်မှုတက္ကသိုလ်)- ဒါနဲ့ ဆက်စပ်ပြီး တော့ လွှတ်တော်မှာပြောဆိုခဲ့တဲ့ ကိစ္စတွေ ရယ်။ ဗဟိုဘဏ်က ထုတ်ပြန်ချက်တွေနဲ့အ တူ ဆက်စပ်ပြီးတော့ ပါလာတဲ့ကိစ္စကတော့ လူတွေရဲ့ စိုးရိမ်မှုတွေ ဘာကြောင့်ဖြစ်နေ တာလဲ။ ဘဏ်တွေဘက်ကရော ဒီစိုးရိမ်ပူပန် မှုတွေကို ဘယ်လိုဖြေရှင်းမယ်လို့ စဉ်းစားထား တာတွေရှိလဲ။


ဦးရဲမင်းဦး - ဒီကာလဖြစ်တဲ့ကိစကအစကိုပြန်ပြောရမယ်။ဇာတ်လမ်းအစက ဘဏ်တွေကစတာ မဟုတ်ဘူး။ဇာတ်လမ်း အစကစီးပွားရေးလောက ကစတာပေါ့။စီးပွားရေး လောကထဲမှာစီးပွားရေးလုပ်ငန်း တစ်ချို့ကဏ္ဍတစ်ချို့ပေါ့။ဥပမာဆောက်လုပ်ရေး လုပ်ငန်းလိုကဏ္ဍ တစ်ချို့ပေါ့။ကဏ္ဍ တစ်ချို့အရောင်း အဝယ်တွေအေးသွားတယ်။လုက်ရကိုင်ရခက် သွားတဲ့လုပ်ငန်းတွေရှိတယ်။အဲဒီဘက်ကပုဂိုလ်တွေက သူတို့ရဲ့အကျပ် အတည်းတွေအခက် အခဲတွေဖြစ်ကြတာပေါ့။ဒီအခက်အခဲ အကျပ်အတည်းတွေ ကိုမီဒီယာတွေကိုထွက်ပြောကြတယ်။ထွက်ပြောတဲ့အချိန်မှာဘဏ်တွေနဲ့ ဆက်စပ်တာဘာ လာလဲဆိုတော့ လုပ်ငန်းတွေတိုးချဲ့တဲ့အချိန်မှာလုပ်ငန်းတွေအတွက်ဘဏ်ချေးငွေေ တွယူထားတယ်။

ဘဏ်ချေးငွေတွေကြောင့်သူတို့မှာ အခက်အခဲတွေဖြစ်ပါတယ် လို့သူတို့ကပြောတယ်။သူတို့တောင်းဆိုချင်တာက တော့ဘဏ်တွေကို အတိုးလျော့ပေးပါ လို့တောင်းချင်တာ။ လူတွေကအဲလိုနားမလည်လိုက်ဘူး။လူတွေထင် သွားတာကဟိုလူတွေကအကြွေးမဆပ်တော့ ဘူးဘဏ်တွေဘာဖြစ်တော့ မလဲ လို့တွေးတာ။တကယ်တော့ အဲလိုဖြစ်တာမဟုတ်ဘူး။ ကျွန်တော်တို့ပိုက်ဆံချေးထားတဲ့လူပုဂိုလ်ပေါင်းများစွာထဲကကဏ္ဍတစ်ချို့ထဲကလူတစ်ချို့မှာတတ်တာ။ ဒါပေမယ့် အဲဒီပြသနာသည်ပြသနာကြီးမဟုတ်ဘူး။ကျွန်တော်တို့နဲ့သူတို့ ကြားမှာရှင်းလို့ရ တယ်။မြန်မာ နိုင်ငံရဲ့ထူးခြား ချက်ပေါ့အခြား နိုင်ငံတွေမှာဘဏ်တွေဘာအပေါင်ပစည်းမှမ ယူဘဲချေးတာ။ဘာအာမခံပစည်းမှမရှိဘူး။ဒီနိုင်ငံမှာအာမခံပစည်းပေးမှချေးတာ။ ကျွန်တော်တို့ဘဏ်တွေ ရဲ့အလေ့ အကျင့်ပေါ့။ပစည်းမပေး ထားဘဲနဲ့အိမ်မြေမပေး ဘဲနဲ့ဘယ်သူ့ကိုမှ မချေးထားဘူး။ခိုင်မာတဲ့ ပစည်းကိုင်ထား တာဖြစ်တဲ့ အတွက်သူတို့နဲ့ကျွန်တော်တို့ကြားမှာဖြေရှင်းလို့ရတဲ့ကိစပေါ့။ဆုံးစရာမရှိဘူး။ ဘဏ်တွေဘက် ကအကြွေး ယူထားတဲ့သူတွေဘက်က ဘာစိတ်ပူစရာမှမရှိ ဘူး။ဒီလူတွေပိုက်ဆံသည် ကျွန်တော်တို့ပြန်ရမယ့်ပိုက် ဆံတွေ။ဒီငွေတွေဘယ်လိုပြ န်ရအောင် လုပ်ရမလဲဆိုတာ ကျွန်တော် တို့နားလည် တယ်။ဒါကျွန်တော်တို့ ဘာသာရပ်ကျွန်တော်တို့ တတ်ကျွမ်းတယ်။ဒါပေမယ့် ဟိုလူတွေရဲ့လို လား ချက်ကဘာလဲဆိုတော့သူ တို့ပေးနေရတဲ့အတိုးကိုလျော့ပေး စေချင်တာ။ အတိုးလျှော့ ပေးဖို့ကျ တော့ကျွန်တော်တို့နဲ့မဆိုင်ဘူး။ဒါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကသတ် မှတ်ထားတဲ့ အတိုးနှုန်းဖြစ်တဲ့ အတွက်အတိုးလျှော့ခြင်း မလျှော့ခြင်းသည် ကျွန်တော်တို့နဲ့တိုက် ရိုက်မဆိုင်ဘူး။ဗဟိုဘဏ်ကနေအတိုးနှုန်း တွေကိုရွှေ့ပေးပြောင်းပေးလိုက်ရင် ကျွန်တော်တို့ ကအဲဒီတိုင်း လိုက်နာပြီးအတိုးနှုန်းကိုလျှော့လိုက်ရုံပဲ။

အဲဒီကိစကိုလူတွေကနား လည်တာ တစ်မျိုးဖြစ်သွားတာပေါ့။အဲဒီချိန်မှာပဲဆက်စပ်ပြီး တော့လွှတ်တော်ထဲမှာဖြေတာကလည်းမေးခွန်းမေးတဲ့ ပေါ်မှာဖြေကြားခြင်ူးပဲဖြစ် တယ်။မေးတဲ့ သူနဲ့ဖြေတဲ့သူကြားမှာ စကားလုံးတွေနဲ့ဘာသာ ပြန်မှုတွေက မတူညီတဲ့အခါကျေ တာ့မြန်မာနိုင်ငံတော် ဗဟိုဘဏ်က လူတွေစိတ်ပူမှာစိုးလို့သူ ကထပ်ပြီးတော့စာထုတ်ရတာကြေညာချက်ထုတ်ရတာ။ ဒီဖြေထားတဲ့ အဖြေနဲ့ ဗဟိုဘဏ်ရဲ့ ဆောင်ရွက်နေ တာအားလုံးသည် ရာနှုန်းပြည့်မတူဘူးလို့သူက ပြောတာ။ဗဟိုဘဏ်ရဲ့လက်ရှိ ရပ်တည်ချက်တွေနဲ့ဆောင်ရွက် ချက်တွေနဲ့ရာနှုန်းပြည့်အပြည့် အဝမတူ ပါ ဘူးလို့ပြောတာပါ။ အဲဒီတော့ပြောလိုက်တော့ အခါ ကျတော့လူတွေကတစ်ခါ နဂိုက မှဘာသာရပ်က လူတွေနဲ့ဝေးတဲ့ ဘဏ်နဲ့ဆိုင် တဲ့ဘာသာရပ်ဖြစ်တဲ့ အပြင် စာတွေကလည်းထုတ်ကြ တယ်။ဟိုလူကလည်းထွက်ပြော ၊ဒီလူကလည်းထွက်ပြောဆိုတော့ သက်သက်ပိုပြီးတော့ စိတ်ပူသွား ကြတဲ့ သဘော ပေါ့။ အဲဒီလိုစိတ်ပူ သွားတဲ့အခြေအနေမျိုးဖြစ်တာပါ။ တစ်ခါ တိုက်ဆိုင်တာက ဒီအချိန် မှာပဲ ကမ္ဘာ့ရွှေဈေးကတက်နေ တယ်။ကမ္ဘာ့ရွှေဈေးကတက်တော့ မြန်မာ့ရွှေဈေးကလည်းလိုက် တက်တယ်။လိုက်တက်တဲ့ အချိန် မှာ  သတင်းက ဘာဖြစ်လာလဲ ဆိုတော့ ဟာ..ဘဏ်တွေကို မယုံလို့ အချို့လူတွေ ကပိုက်ဆံ တွေထုတ်ပြီး ရွှေတွေဝယ်တယ်ဆို တဲ့သတင်းတွေထွက်တယ်။

ကိုကို(စက်မှုတက္ကသိုလ်) -  ရွှေတွေဝယ်ပြီးရွှေဈေး တွေက တက်ရတယ်ပေါ့

ဦးရဲမင်းဦး - ကျန်တဲ့သူတွေက အဲဒါကိုတကယ်ထင်ပြီး ပိုက်ဆံ တွေထုတ်ပြီး ရွှေသွားဝယ်ကြရော။ ဝယ်တဲ့လူများလာလေ ရွှေဈေးက ပိုတက်လေပဲ။ တောက်လျောက် ဒါမျိုးလေးတွေဖြစ်ကြတယ်။တစ်ခါ အဲဒီအချိန်မှာပဲ နိုင်ငံတကာမှာရှိ တဲ့အမေရိကန်ဒေါ်လာရဲ့ တန်ဖိုး ကလည်းအပြောင်း အလဲဖြစ်တယ်။ တစ်ခါဒေါ်လာဈေးကလည်း နည်း နည်းလှုပ်ပြီးတက်တယ်။တက်တော့ တစ်ခါဒေါ်လာဈေးလည်းတက် ပြန်ပြီဟေ့ပေါ့။ဒါမျိုးဖြစ်ကြတာ ပေါ့။အဓိကဖြစ်တာက နိုင်ငံတကာ မှာပြင်ပဖြစ်တဲ့အချက်အလက် တွေရယ်၊ပြည်တွင်းက ခုနက ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင် တစ်ချို့ရဲ့ဆောင်ရွက်ပြောဆိုမှု တွေရယ် တိုက်ဆိုင်သွားတာ။ အဲဒီလိုတိုက်ဆိုင်သွားတာမှာ လူတွေကဘယ်ဟာ ကိုယုံရမှန်း မသိဖြစ်သွားတာ။ဖြစ်သွားတော့ အဲဒီမှာမဆိုင်ဘဲနဲ့ ဘဏ်တွေကို လာပြီးတော့ဘဏ်တွေကပိုက်ဆံ ထုတ်ပြီးတော့ ဟိုဟာဝယ်မယ် ၊ဒီဟာ ဝယ်မယ်ဆိုပြီးဖြစ်ကြတာပေ့ါ။ ကျွန်တော်တို့မြင်တာကတော့အဲဒီ လိုလုပ်တာတွေအားလုံးသည် ကျွန်တော်တို့ဘဏ်လောကမှာကျ ကျွန်တော်တို့ဒီလာထုတ်တဲ့ ငွေကို ထုတ်ပေးရမှာပဲ။အဲဒါဆို ကျွန်တော်တို့ဗဟိုဘဏ်မှာအပ် ထားတဲ့ပိုက်ဆံတွေကို စာနဲ့တင် ပြတယ်။ ကျွန်တော်တို့ကို ငွေထုတ် ပေးပါ။ဗဟိုဘဏ်က ဒီနေ့ စာတင် ရင်မနက်ဖြန်ချက်ချင်းထုတ်ပေး တယ်။ထုတ်ပေးတဲ့ငွေနဲ့ ကျွန်တော်တို့ ကပြန်ထုတ်ပေးနေ တာ။ဘာကြောင့်လဲဆိုတော့ ဗဟို ဘဏ်က အစကတည်းက ကျွန်တော်တို့ငွေတွေယူပြီး သိမ်း ပေးထားတာကိုး။ သိမ်းထားတဲ့ ပိုက်ဆံတွေကိုစာထုတ်ပြီး ကျွန် တော်တို့ ပြန်ပေးတယ်။ အခု လက်ရှိလာထုတ်တဲ့ပမာဏအားလုံး ကိုကျွန်တော်တို့ပြန် ပေးနိုင်တယ်။အဲဒီလောက်စိတ်ပူစရာ အခြေအနေမရှိဘူး။ဒါပေမယ့် တစ်ခုပဲ လူတွေအတွက်တော့ ကျွန်တော်တို့ကစိတ်ပူတယ်။  သူတို့ပင်ပန်းတယ်။သူတို့ စိတ်သောကတွေရောက်ရတယ်။ နောက်ဒီပိုက်ဆံတွေကို ထုတ်ပြီး တော့အကျိုးမရှိတဲ့တစ်ခုခုသူတို့ လုပ်လိုက်မိမှာကိုလည်းစိုးရိမ် တယ်။
----------------------------------------
ဆက်လက်ဖော်ပြပါမည်

#Democracytoday