- အောင်ရဲထိုက်
+++++++
""ကတိ"" ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေတဲ့ သရုပ်ဆောင်အောင်ရဲထိုက်နှင့် တွေ့ဆုံမေးမြန်းခြင်း.......။


မေး- အခုလက်ရှိ ဘယ်ဇာတ်ကားတွေ လက်ခံရိုက်ကူးနေလဲ။
ဖြေ- အခုလက်ရှိမှာတော့ ကျွန်တော် ဒါရိုက်တာကိုထက်ဝေယံနိုင်ရိုက်မယ့် ""ကတိ"" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလေးမှာ ကျွန်တော်ရယ်၊ ကိုအောင်မြင့်မြတ်ရယ်၊ မေရယ် နောက်အခြားသရုပ်ဆောင်တွေလည်း ပါဝင်မယ်။ အဲဒီဇာတ်ကားလေးတော့ ရိုက်ဖို့ ရှိပါတယ်။

မေး- ""ကတိ""ဇာတ်ကားမှာ ကာရိုက်တာကရော ကိုယ့်အတွက်အသစ်ဖြစ်လား။

ဖြေ- ကာရိုက်တာက ကိုယ့်အတွက် အရမ်းအသစ်ဖြစ်တယ်။ ပရိသတ်တွေအရင်က တစ်ခါမှမမြင်ဖူးတဲ့ ကာရိုက်တာနဲ့ မြင်တွေ့ရမယ်။ ဒီဇာတ်ကားထဲက ကျွန်တော့် ကာရိုက်တာက စိန်ခေါ်မှုများတယ်။ လုပ်ကွက်လည်း တော်တော်ရတဲ့ကာရိုက်တာမျိုး ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ကျွန်တော့် ကာရိုက်တာ လုပ်ကွက်ရတာဆိုရင်တော့ ရာခိုင် နှုန်းနဲ့ပြောမယ်ဆိုရင်တော့ ၁ဝဝ ရာခိုင်နှုန်း လုပ်ပြခွင့်ရတဲ့ကာရိုက်တာမျိုးဖြစ်ပါတယ်။
 
မေး- ကာရိုက်တာအတွက် ပြင်ဆင်မှုအပိုင်းတွေကရော ဘာတွေလုပ်ဖြစ်လဲ။

ဖြေ- ဒီဇာတ်ကားမှာက ကျွန်တော်တို့သရုပ်ဆောင်ရမယ့်အပိုင်းတွေက စကား ပြောတာထက် ကိုယ်အမူအရာ၊ မျက်လုံးအမူအရာတွေနဲ့သရုပ်ဆောင်ရမယ်ဆိုတော့ ကျွန်တော့်ကာရိုက်တာကို ကိုယ်တိုင်က ထဲထဲဝင်ဝင်သိဖို့အတွက် ကျွန်တော်က ဒီ ဇာတ်တစ်ခုလုံးကို ပိုင်ပိုင်နိုင်နိုင်သိတဲ့ ဒါရိုက်တာနဲ့စကားပြောရပါတယ်။ ကာရိုက် တာအတွက် ပြင်ဆင်မှုအပိုင်းတွေကတော့ လွန်ခဲ့တဲ့သုံးလလောက်ကတည်းက ကျွန် တော်တို့ပါဝင်တဲ့ သရုပ်ဆောင်တွေနဲ့ ဒါရိုက်တာနဲ့စကားပြောတယ်။ ပြင်ဆင်စရာ ရှိတာတွေကို သုံးလကြိုပြီးတော့ ပြင်ဆင်ခဲ့ပါတယ်။

မေး- ""ကတိ""ဇာတ်ကားက ကိုယ်အရင်ရိုက်ခဲ့တဲ့ဇာတ်ကားတွေထက် လုပ်ကွက်ရ တယ်လို့ ပြောလို့ ရလား။

ဖြေ- အဲဒီလိုလည်း ပြောလို့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်အရင်ကရိုက်ခဲ့တဲ့ ရုပ်ရှင် ဇာတ်ကားတွေလည်း လုပ်ကွက်ရပါတယ်။ ကျွန်တော်က ဇာတ်ကားတစ်ကားကို လုပ်ကွက်ရတာ မရတာထက် ကိုယ်ရိုက်လိုက်တဲ့ ဇာတ်ကားကို ကိုယ်တိုင်ကအားရခြင်း၊ မရခြင်းနဲ့ပဲဆုံးဖြတ်ပါတယ်။ ကျွန်တော် ရိုက်ပြီးခဲ့သမျှ ဇာတ်ကားတွေကို ကျွန်တော် အားရကျေနပ်မှုရှိပါတယ်။

မေး- ဒီဇာတ်ကားက အပြကို ဦးစားပေးမယ်ဆိုတော့ ကိုယ်အရင် ရိုက်ခဲ့တဲ့ဇာတ် ကားတွေနဲ့ ဘယ်လိုကွာခြားသွားနိုင်မယ်ထင်လဲ။

ဖြေ- ဒါရိုက်တာ တစ်ယောက်စီတိုင်းမှာ သူတို့လုပ်ချင်တဲ့ပုံစံ ပြချင်တဲ့ပုံစံလေးတွေ ရှိတယ်။ အဲဒီနောက်ကိုမှ သရုပ်ဆောင်တွေက လိုက်ပြီး သရုပ်ဆောင်ပေးရတာ ဖြစ်တာကြောင့် ဘယ်လိုကွဲပြားမယ်ဆိုတာတော့ ကျွန်တော်မပြောတတ်ဘူး။ ဒီဇာတ် ကားမှာ ဒါရိုက်တာက ဒီလိုပုံစံဒီလိုမျိုးလို ချင်တယ်ဆိုရင် ကျွန်တော်တို့က အဲဒီလို ဖီလင်မျိုးကို သွင်းပြီးတော့ လုပ်ရတာဖြစ်ပါတယ်။
 
မေး- ဒီဇာတ်ကားမှာလည်း ရိုက်ကူးမှုအပိုင်းအတွက်ကို တော်တော်လေး ပြင်ဆင် ကြတယ်နော်။

ဖြေ- ကျွန်တော်တို့ အရင် ""ည"" ဇာတ်ကားရိုက်တုန်းကလည်း အဲဒီအတိုင်းပါပဲ။ သေသေချာချာပြင်ဆင်တယ်။ သေချာလုပ်တဲ့အကျိုး ကို ကျွန်တော်တို့နောက်ပိုင်းမှာ ပြန်ခံစားရတယ်။ အခုနောက်ပိုင်း အခြားအနုပညာသမားတော်တော်များများက လည်း ဇာတ်ကား တစ်ကားကို သေသေချာချာလုပ်ကြတယ်ဆိုတော့ အစစအရာရာအ ဆင်ပြေပါတယ်။

မေး- ရိုက်ထားတဲ့ဇာတ်ကားတွေရော ဘယ်တော့လောက်ထွက်လာမလဲ။

ဖြေ- ကျွန်တော်ရိုက်ထားတဲ့ ဇာတ်ကားတွေ ၁၀ လပိုင်းလောက် ရုံတင်ဖို့ရှိပါတယ်။ ဇာတ်လမ်းတွဲတွေလည်း ၁၀ လပိုင်းလောက်မှာ ပြသသွားဖို့ ရှိပါတယ်။  

KZYH
#Democracytoday