နက္ခတ်
+++
""ကြီးမြတ်သောမြန်မာ"" ရုပ်ရှင်ဇာတ်ကားကို ကြည့်ရင်တော့ ရသ၊ ဂုဏ်ယူစရာနဲ့ ဗဟုသုတတွေရမှာ သေချာပါတယ်လို့ အဲဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် နက္ခတ်က ပြောပါတယ်။



""ဒီဇာတ်ကားက ကိုရီးယားနိုင်ငံနဲ့မြန်မာနိုင်ငံ ပူးပေါင်းရိုက် ကူးတဲ့ဇာတ်ကားဖြစ်ပါ တယ်။ ဒီဇာတ်ကားက မြန်မာတွေအတွက် ဂုဏ်ယူစရာ ဗဟုသုတရနိုင်စရာပါမယ်။ ပရိသတ်တွေ ဒီဇာတ်ကားကို ကြည့်ပြီးတော့ အကောင်းဆုံးရသတစ်ခုကိုရမှာပါ။ ဒီ ဇာတ်ကားမှာ အရင်တုန်းက ကျွန်တော်တို့ မြန်မာတွေဘယ်လောက်ကြီးကျယ်ခမ်း နားခဲ့တယ်ဆိုတာတွေ နောက်ကျွန်တော်တို့နိုင်ငံရဲ့ ဘာသာရေးနဲ့ပတ်သက်တဲ့ ရာဇ ဝင်တွေကို အများကြီးထည့်သွင်းရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်""လို့ ဆိုပါတယ်။

သူကဆက်လက်ပြီး  ဇာတ်ကားမှာ ပါဝင်ထားတဲ့ကာရိုက်တာနဲ့ပတ် သက်ပြီး တော့လည်း အခုလိုပြောပါတယ်။
""ကိုနိုင်နိုင်းက ကျန်စစ်သား၊ ကျွန်တော်က သူရဲကောင်းလေးယောက် ထဲက တစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ ကာရိုက်တာ အတွက်ပြင်ဆင်မှုအပိုင်းကတော့ မြင်းစီးတာကိုအဓိကထား လေ့ကျင့် ရပါတယ်""လို့ ဆိုပါတယ်။

သရုပ်ဆောင် နက္ခတ်အနေနဲ့ လက်ရှိမှာဇာတ်လမ်းတွဲတစ်ခု ရိုက် ကူးနေတာနဲ့ပတ်သက်ပြီးတော့လည်း အခုလိုပြောပါတယ်။  
""အခုလက်ရှိကတော့ ]ကျွန်တော်အမုန်းဆုံး ကျွန်တော်}ဆိုတဲ့ ဇာတ်လမ်းတွဲလေးကို မန္တလေးမှာ ရိုက်ကူးနေပါတယ်။  Forever Group  နဲ့ပဲ ရိုက်နေတာဖြစ်ပါတယ်။ အပြင်ထုတ်လုပ်ရေးနဲ့ကတော့ အချိန် ညှိနှိုင်းလို့ အဆင်ပြေရင်တော့ ကျွန်တော် အပြင်ထုတ်လုပ်ရေး တွေနဲ့လည်း ရိုက်ပါတယ်။ အများဆုံးရိုက်ဖြစ်တာကတော့ Forever Group  နဲ့ပဲ အများဆုံးရိုက်ဖြစ်တာ များပါတယ်""လို့ ပြောပြခဲ့ပါတယ်။  

KZYH
#Democracytoday