ရန်ကုန်၊ အောက်တိုဘာ ၂၃-  ကရင် ပြည်နယ် လူမှုရေးဝန်ကြီးဟောင်း ကတ်ကြေးဖြင့် လက်ကောက်ဝတ် သွေးလွှတ်ကြောဖြတ် ကာ အဆုံးစီ ရင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့ နယ် ရွှေဂွန်းမြို့မရပ်ကွက်နေ ကရင် ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန် ကြီးဟောင်း ဒေါက်တာ တင်ဝင်းကျော် သည် အောက်တိုဘာ ၂၂ ရက် ည နေ ၆ နာရီခွဲခန့်က နေအိမ်တွင် ကတ် ကြေးဖြင့် ဘယ်ဘက်လက်ကောက်ဝတ် သွေးလွှတ်ကြောကို ဖြတ်တောက်ခဲ့ ရာ သွေးထွက်လွန်ကာ သတိလစ် မေ့မြောနေသည်ကို ၄င်း၏ဇနီးဖြစ်သူ အိမ်ပြန်ရောက် လာချိန်တွင် တွေ့ရှိ သဖြင့် သက်ဆိုင်ရာသို့ အကူအညီ တောင်းပြီး ဆေးရုံပို့ဆောင်ခဲ့ကြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ မွန် တိုင်းရင်းသားရေးရာဝန်ကြီး မင်း တင်ဝင်းက ပြောသည်။

အခင်းဖြစ်ချိန်က နေအိမ်တွင် လူမှုရေးဝန်ကြီးဟောင်းနှင့် ၄င်း ၏ လေဖြတ်နေသဖြင့် နားမကြား မျက်မမြင်မိခင်တို့သာ ရှိကြောင်း ၊ ဇနီးဖြစ်သူမှာ ရော်ဘာခြံသို့သွားနေ ပြီး သားသမီးနှစ်ဦးမှာ ရန်ကုန်နှင့် ဘားအံတို့တွင် အသီးသီးရောက် နေကြောင်း ၄င်းက ပြောသည်။

၄င်းကို ရွှေဂွန်းတိုက်နယ် ဆေးရုံသို့ပို့ဆောင်စဉ် ဆေးရုံ အရောက် သွေးထွက်လွန်ကာ သေဆုံးခဲ့ကြောင်း ゞင်းက ထပ်မံ ပြောသည်။

မွန်တိုင်းရင်းသားရေးရာဝန် ကြီး မင်းတင်ဝင်းက ]]သူ့အိမ်သူ အိမ်သားတွေပြောပြချက်အရ သွား တွေ့တဲ့အခါကျတေ့ လက်ကောက် ဝတ်ကသွေးကြောကနေ သွေးတွေ စီးကျနေတယ်။ သွေးကြောကို လှီးဖြတ်ထားတဲ့ပုံစံ တွေ့ရတယ်။

တွေ့တဲ့ချိန်တုန်းက နှလုံးခုန်နှုန်း ငွေ့ငွေ့ ကျန်သေးတယ်။ သူ့ကို ကမန်းကတန်း ဆေးရုံပို့တော့ ဆေးရုံရောက်တော့ မရတော့ဘူး လို့ပြောတယ်။ ခုလောလောဆယ် ကိုယ်ကိုယ့်ကိုယ်အဆုံးစီရင်တယ် လို့ပေါ်တယ်။ ဒဏ်ရာက လက် ကောက်ဝတ်ကို ကတ်ကြေးနဲ့ညှပ် ထားတယ်ပေါ့။ လက်ကောက်ဝတ် က သွေးပြန်ကြောကိုကတ်ကြေးနဲ့ ညှပ်လိုက်တဲ့သဘောရှိတယ် "
ဟု ဒီမိုကရေစီတူဒေးသို့ အောက်တို ဘာ ၂၃ ရက်တွင် ပြောသည်။

လူမှုရေးဝန်ကြီးဟောင်း ဒေါက်တာ တင်ဝင်းကျော်သည် အူလမ်းကြောင်းဆိုင်ရာ ကင်ဆာ ရောဂါကြောင့် ထိုင်းနိုင်ငံတွင် ခွဲစိတ်ကုသမှု ခံယူထားသူဖြစ်ကာ အူလမ်းကြောင်း ဖြတ်တောက်ထား ကြောင်း ၄င်းက ပြောသည်။

"သူ့ဝန်ကြီးအဖြစ်နဲ့ တာဝန် ထမ်းဆောင်တုန်းက တဖြည်းဖြည်း နဲ့ ပိန်ပိန်ကျတယ်။ ပိန်ပိန်ကျတဲ့ အဓိပ္ပာယ်က သူ့ထမင်း များများ စားလို့မရဘူး။ သူ့အူကိုဖြတ်ထား တော့ အူတွေလည်း မခံနိုင်ဘူးပေါ့။ အဲ့ဒါကြောင့် နားလိုက်တာပေါ့ "ဟု ၄င်းက ထပ်မံပြောသည်။

ဒေါက်တာတင်ဝင်းကျော် သည် ကျန်းမာရေးအခြေအနေ ကြောင့် စိတ်ဓာတ်ကျကာ အဆုံး စီရင်ခဲ့သည်ဟု ယူဆနိုင်ကြောင်း မွန်တိုင်းရင်းသားရေးရာဝန်ကြီး မင်းတင်ဝင်းက ပြောသည်။

"အစိုးရအဖွဲ့ကတော့ ဒီနေ့ နံနက်က ဝန်ကြီးတွေအားလုံးသွား ပြီးတော့ လိုအပ်တာတွေ မေးပြီး တော့ ကူညီတယ်။ သူ့မဲဆန္ဒနယ် မှာ သူ့ကို တော်တော်ချစ်တယ် "ဟု  ၄င်းက ပြောသည်။

သေဆုံးမှုနှင့်ပတ်သက်ပြီး လှိုင်းဘွဲ့မြို့နယ် ရွှေဂွန်းနယ်မြေ ရဲစခန်းတွင် သေမှုသေခင်းဖွင့်ကာ စစ်ဆေးနေကြောင်း ဘားအံခရိုင် ရဲတပ်ဖွဲ့မှ အဆင့်မြင့် ရဲအရာရှိ တစ်ဦးက ပြောသည်။

"သေမှုသေခင်းဖွင့်ထားတယ်" ဟု  ၄င်းက ဒီမိုကရေစီတူဒေးသို့ ပြောသည်။

ဒေါက်တာတင်ဝင်းကျော်သည် ကရင်ပြည်နယ် လူမှုရေးဝန်ကြီး တာဝန်မှ ယခုနှစ် ဇွန်လအတွင်း က အနားယူခဲ့သူဖြစ်သည်။ ၄င်းသည် ၂၀၁၅ ခုနှစ် ရွေး ကောက်ပွဲကNLD ပါတီ ကိုယ်စား လှယ် လှိုင်းဘွဲ့မဲဆန္ဒနယ် အမှတ် (၁)မှ အနိုင်ရရှိခဲ့ပြီး သေဆုံးချိန် တွင် အသက်(၅၉)နှစ်ရှိပြီဖြစ် ကြောင်း ဆရာဝန်ဘွဲ့ ရရှိထား သူလည်းဖြစ်ကြောင်း သိရသည်။

WYHW/Democracytoday