ရန်ကုန်၊ စက်တင်ဘာ ၂၃- ဦး ဝီရသူအမည်ဖြင့် ဘဏ်စာရင်းဖွင့် ထားပါက ပိတ်သိမ်းပေးရန် ရဲ တပ်ဖွဲ့မှ မြန်မာနိုင်ငံတော်ဗဟို ဘဏ်သို့ အကြောင်းကြားထား သည်။



စက်တင်ဘာ ၂၃ ရက်တွင် ဦးဝီရသူပိုင်ဆိုင်သော ပစ္စည်းများ ကို ဝရမ်းကပ်မှုနှင့်ပတ်သက်ပြီး ရဲအုပ်ဇော်ဝေလင်းက ဝရမ်းပြန် လည်တင်ပြရာတွင် အထက်ပါအ တိုင်းပြောခြင်းဖြစ်ကြောင်း သိရ သည်။အနောက်ပိုင်းခရိုင်တရား ရုံး၊ သတင်းပြန်ကြားရေးအရာရှိ ဒုတိယခရိုင်တရားသူကြီး ဦးမင်း သန့်က""ဦးဝီရသူ ပုဂ္ဂလိကအ မည်နဲ့ရှိနေတဲ့ ဘဏ်စာရင်းတွေ ရှိမရှိ ရှိရင်လည်း ပိတ်သိမ်းပေးပါ ဆိုပြီးတော့ ရဲတပ်ဖွဲ့ကနေ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်ကို ညှိနှိုင်း အကြောင်းကြားထားတယ်ဆိုတဲ့ အကြောင်း တရားရုံးရှေ့မှာ လာ ရောက်ရှင်းလင်းပြောကြားပါ တယ်။

အဲ့ဒီရှင်းလင်းပြောကြား ချက်ကို အမှုစစ်တရားသူကြီးက မှတ်တမ်းတင်ပြီးတော့ ဦးဝီရသူ ပုဂ္ဂလိကနာမည်နဲ့ အစိုးရဘဏ် တွေ ပုဂ္ဂလိကဘဏ်တွေမှာ ငွေ စာရင်းဖွင့်လှစ်ထားခြင်း ရှိ၊ မရှိ၊ ရှိရင် ပိတ်သိမ်းထားမှု အခြေအ နေကို ရဲတပ်ဖွဲ့က ထပ်မံတင်ပြရန် ရုံးချိန်းလိုက်တယ်""ဟု မီဒီယာ များကို ပြောသည်။
လာမည့် အောက်တိုဘာ ၂၂ ရက်တွင် ဗဟိုဘဏ်နှင့် ညှိ နှိုင်းဆောင်ရွက်မှုအခြေအနေကို တင်ပြရန် ရဲတပ်ဖွဲ့သို့ညွန်ကြားခဲ့ ကြောင်း ၄င်းက ပြောသည်။

ဦးဝီရသူအပေါ် ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၈၇၊ ၈၈ အ ရ ဝရမ်းထုတ်ဆင့်ထားမှုကို မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ အမှတ် (၇) နယ်မြေရဲစခန်းမှူး ရဲအုပ် ဇော်ဝေလင်းက ပြန်လည်တင် သွင်းခဲ့ခြင်းဖြစ်သည်။
""သူတရားရုံးရှေ့မှာ လာတင် ပြတာကတော့ ရဲတပ်ဖွဲ့အနေနဲ့ တရားရုံးကထုတ်ဆင့်တဲ့ ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၈၇၊ ၈၈ အရ ထုတ်ဆင့်တဲ့ ဝရမ်းတွေကို ကျင့် ထုံးနဲ့အညီ ပြည့်ပြည့်စုံစုံဆောင် ရွက်နေတဲ့အကြောင်း၊ ဝရမ်းကို ကိုင်ပြီးတော့ သွားရောက်အတည် ပြုတဲ့အခါမှာ ကျောင်းက သံဃာ တော်တွေကို ရည်မှန်းပြီးတော့ လှူဒါန်းထားတာဖြစ်တဲ့အတွက် သံဃိကပစ္စည်းဖြစ်တယ်ဆိုတဲ့ အ ကြောင်း ဆရာတော်ကြီးတွေက ရဲတပ်ဖွဲ့ကို ပြောကြားတဲ့အတွက် ကျောင်းတိုက်နဲ့

ပတ်သက်ပြီးတော့ ဝရမ်းကပ်လို့မရဘူးဖြစ်တယ်။ နောက် ဦးဝီရသူစီးနင်းတယ်ဆို တဲ့ အဆိုရှိတဲ့မော်တော်ယာဉ်ကို လည်း လိုင်စင်စစ်လိုက်တဲ့အခါ ဦးဝီရသူအမည်နဲ့ ရှိနေတဲ့ ကား မဟုတ်ဘဲ သံဃိကပစ္စည်းအနေ နဲ့ လှူဒါန်းထားတာဖြစ်တယ်ဆို ပြီးတော့ ဆရာတော်ကြီးတွေက ရှင်းလင်းမိန့်ကြားတယ်အတွက် ကြောင့်မို့ ကျောင်းတိုက်ရော၊ ကားရောဝရမ်းကပ်လို့ ဆောင် ရွက်လို့မရဘူး""ဟု ဒုတိယခရိုင် တရားသူကြီး ဦးမင်းသန့်က ပြောသည်။

ဦးဝီရသူကို သုံးလကျော် ကြာသည်အထိ ဖမ်းမိခြင်းမရှိ သေးဘဲ ဖမ်းဝရမ်းနှစ်ကြိမ်နှင့် တစ်လအတွင်း လာရောက်ရန် ကြေညာချက်ထုတ်ထားခဲ့ပြီး အမှုမှ တရားလိုပြသက်သေ ကိုးဦးကိုလည်း စစ်ဆေးပြီးဖြစ် သည်။ဦးဝီရသူကို တရားစွဲထား သော ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကမှာ အကြည်ညိုပျက်အောင်ပြု လုပ်ခြင်းဖြစ်ပြီး ကျူးလွန်ကြောင်း ထင်ရှားပါက ထောင်ဒဏ်အနှစ် ၂၀ အထိ ချမှတ်နိုင်ကြောင်း ရာဇ သတ်ကြီးတွင် ပြဋ္ဌာန်းထားသည်။ပြီးခဲ့သည့် မေ ၅ ရက်က ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံ ရှေ့တွင် ဦးဝီရသူဟောပြောချက် များနှင့် ပတ်သက်ပြီး တရားစွဲဆိုခဲ့ ခြင်းဖြစ်သည်။

WYHW
#Democracytoday