ရန်ကုန်၊ စက်တင်ဘာ ၂၃- ချမ်းအေး သာစံမြို့နယ်အတွင်း ကိုယ်ပိုင်အထက်တန်း ကျောင်းတွင် ကျောင်းသူတစ်ဦး ကိုယ်ထိ လက်ရောက် ကျူးလွန်ခံရသည်ဟုဆိုကာ ကာယကံရှင်မိဘများက တရားစွဲဆိုသွား မည်ဟု သတင်းစာရှင်းလင်းခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းက မီဒီ ယာစင်တာ(မန္တလေး)တွင် ကျောင်းသူ၏မိဘများက သတင်းစာရှင်းလင်းခဲ့ခြင်းဖြစ် သည်။



 ကျောင်းသူ၏ ဖခင်ဖြစ်သူ ဦးဝဏ္ဏ မျိုးကြည်က ""အခုဖြစ်စဉ်အပေါ်မှာလည်း သူ့အနေနဲ့ စိတ်ပါလက်ပါ လုပ်သည်ဖြစ် စေ၊ အမှတ်တမဲ့ ရောက်တာပဲဖြစ်စေ၊ အ ကြောင်းတစ်ခုခုကြောင့် ဖြစ်သွားတဲ့အပေါ် မှာ ဒါကို စာနဲ့ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ လာတောင်းပန်ရင် ကျွန်တော်တို့က ပြီးနေ ပြီ။ ဒီအတိုင်းကို ကျွန်တော်တို့က တောင်း ပန်စေချင်လို့ နေနေတာကို သူတို့က လူမှု ကွန်ရက်ကနေ မတရားသဖြင့် ဆဲဆိုကြိမ်း မောင်းတယ်။ သူ့ကို နို့တစ်စာပို့ထားတယ်""ဟုပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၂ ရက် နံနက် ၁၀ နာရီခန့်က မန္တလေးမြို့ ချမ်းအေး သာစံမြို့နယ်ရှိ "ဆု"ကိုယ်ပိုင်အထက်တန်း ကျောင်းတွင် သချင်္ာဆရာ ဦးညီညီထွေး အချိန်၌ သမီးဖြစ်သူကို စာမေးမည်ပြော၍ မတ်တတ်ရပ်ခိုင်းပြီး စာမှားသည်ဟု အ ကြောင်းပြကာ လည်ကုပ်ကို စကိုင်ခဲ့ ကြောင်း၊ သမီးဖြစ်သူသည် တင်ပါးထိရှည် သော ဆံပင်ကိုစည်းထားရာ ဆံပင်ကိုဖယ် ပြီး ကုပ်ကို ပွတ်သပ်နေကြောင်း၊ သမီးဖြစ် သူမှာ ဇက်ပိုးကိုရိုက်တော့မည် မှတ်၍ ခေါင်းငုံ့ပေးထားရာမှ ကော်လံအတွင်းသို့ လက်ဝင်ပြီး နောက်မှ ရှေ့သို့ အကျႌအတွင်း မှ ဆင်းသက်လာရာ ရင်ညွန့်သို့ ရောက်ခါ နီး၌ သမီးဖြစ်သူက ရုတ်တရက်ထိုင်ချပြီး "ရတယ်ဆရာ သမီး အမှားပြင်လိုက်ပါ့မယ်" ဟုပြောပြီး တုန်လှုပ်သွားခဲ့ကြောင်း၊ ဘေး ချင်းကပ် သူငယ်ချင်းက "ငါ အကုန်မြင် တယ်၊ ကျောင်းအုပ်ဆရာကြီးဆီ သွားတိုင် ရအောင်"ဟု ပြောဆိုခဲ့ကြောင်း၊ သို့သော် သမီးဖြစ်သူမှာ ကြောက်ရွံ့ထိတ်လန့်နေသ ဖြင့် မတိုင်နိုင်ခဲ့ကြောင်း၊ ထိုသို့အပြုအမူ များကို ဘေးရှိ ကျောင်းသား သုံး၊ လေးဦး မြင်ခဲ့သည်ဟု သိရကြောင်း၊ ကျောင်းဆင်း ၍

ကားပေါ်အရောက်တွင် မျက်နှာပျက် နေသောသမီးကို အဖေဖြစ်သူက "ဘာဖြစ် လာသလဲ"ဟုမေးသော်လည်း သမီးမှာ တစ် ခွန်းမျှ မဖြေခဲ့ကြောင်း၊ နောက်နှစ်ရက်နေ မှ အိမ်တွင်သင်သော ဂိုက်ဆရာမမှတစ်ဆင့် ယင်းအဖြစ်အပျက်ကို မိဘများသိခဲ့ကြောင်း ကျောင်းသူ၏မိဘများက ပြောသည်။

""ကျွန်မတို့ တောင်းပန်စေချင်တာက လည်း အထက်စီးကနေ တောင်းပန်စေချင် တာ မဟုတ်ပါဘူး""ဟု ကျောင်းသူ၏မိခင် ဖြစ်သူ ဒေါ်မင်းမင်းမြတ်က ပြောသည်။ ဒီမိုကရေစီတူဒေးမှ ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆရာဦးညီညီထွေးထံ ဆက် သွယ်သော်လည်း ကျန်းမာရေးအခြေအ နေကြောင့် တွေ့ဆုံနိုင်ခြင်းမရှိခဲ့ဘဲ ၄င်း မိသားစုဝင်များနှင့် မေးမြန်းနိုင်ခဲ့သည်။

""CCTV မှာ မြင်တွေ့နေရတာပဲလေ။ ဆရာဦးညီညီထွေးဘက်မှာ ကျောင်းသား တွေရှိတယ်။ ဒီကိစ္စက ဆရာဦးညီညီထွေး တောင် ထွက်စရာမလိုဘူး။ ကျောင်းသား တွေရှိတယ်။ တစ်ဖက်မိသားစုများက  တ ရားစွဲဆိုမယ့်အပေါ် ဆရာဦးညီညီထွေးရဲ့ သဘော ဆန္ဒအတိုင်း တုံ့ပြန်ဆောင်ရွက် သွားမှာပါ""ဟု ဦးညီညီထွေး၏ အစ်ကိုဖြစ် သူ ဦးမောင်မောင်က ပြောသည်။
အခင်းဖြစ်ချိန်က စာသင်ခန်းအတွင်း အခြားကျောင်းသားများနှင့် ဂိုက်ဆရာများ ရှိနေပြီး စာသင်ခန်းနှင့် ရုံးခန်းတို့တွင် CCTV ကင်မရာများ တပ်ဆင်ထားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး "ဆု"ကိုယ်ပိုင်အထက်တန်းကျောင်း တည် ထောင်အုပ်ချုပ်သူ ဦးနေမျိုးက ""အခုကိစ္စ ကိုတော့ ဘာမှမပြောလိုဘူး။ ကာယကံရှင် တွေကိုသာမေးမြန်းကြည့်ပါ""ဟု ပြောသည်။
ယခုဖြစ်စဉ်အပေါ် ရဲတပ်ဖွဲ့မှ စုံစမ်း စစ်ဆေးနေကြောင်း ချမ်းအေးသာစံမြို့နယ် အမှတ်(၈) မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦး က ပြောသည်။

""အမှုဖွင့်ထားတာ တရားစွဲဆိုတာ မရှိ သေးဘူး။ အချက်အလက်တွေ စုံစမ်းနေ တုန်းပဲ။ အမှန်၊ အမှား မသိရသေးဘူး""ဟု
၄င်းက ဒီမိုကရေစီတူဒေးသို့ ပြောသည်။"ဆု"ကိုယ်ပိုင်အထက်တန်းကျောင်းတွင် စက်တင်ဘာ ၁၅ ရက်က သချင်္ာသင်ကြားပေး သည့် ရာပြည့်ဆရာ ဦးညီညီထွေးသည် ကျောင်းသူတစ်ဦးကို စာသင်ခန်းထဲတွင် ရိုက်နှက်ခဲ့မှုနှင့် ပတ်သက်ပြီး မိဘများက မကျေနပ်သဖြင့် ကျောင်းရုံးခန်းတွင် လာ ရောက်ဖြေရှင်းခဲ့ကြောင်း သိရသည်။

ယင်းအချိန်တွင် မိဘနှစ်ပါးမှ ဆရာ ဦးညီညီထွေးကို ကိုယ်ထိလက်ရောက် ရိုက် နှက်ပစ်ပေါက်ခဲ့ပြီး အပြင်ထွက်သည့်အချိန် တွင် ကျောင်းသူ၏ ဖခင်ဖြစ်သူက ဆရာ ဦးညီညီထွေး၏ မျက်နှာကို လက်သီးဖြင့် ထပ်ထိုးခဲ့ရာ ဆရာဦးညီညီထွေးတွင် မျက် နှာဖူးရောင်ဒဏ်ရာနှင့် ဦးခေါင်းခွံကွဲအက် ဒဏ်ရာရရှိခဲ့သည်။   

MTK, WYHW
#Democracytoday