ရန်ကုန်၊ စက်တင်ဘာ ၄- မူဆယ် မြို့တွင် သတင်းထောက်တစ်ဦး ကို လူနှစ်ဦးက သေနတ်ဖြင့်လာ ရောက်ပစ်ခတ်သဖြင့် ဒဏ်ရာ ရခဲ့ကြောင်းသိရသည်။



ဖြစ်စဉ်မှာရှမ်းပြည်နယ် (မြောက် ပိုင်း) မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက် သိန်းသန်းချီကားကြီးဝင်း အနောက် ခြမ်းတွင်နေထိုင်သည့် သတင်း ထောက် ဦးသန်းထွန်း(ခ)ဆရာ မောင်အား စက်တင်ဘာ ၃ ရက် ည ၉ နာရီမိနစ် ၂၀ အချိန်ခန့်က အမည်မသိလူနှစ်ဦးရောက် လာပြီး အသင့်ပါလာသည့် သေနတ်ဖြင့် လာရောက် ပစ်ခတ်ပြီးထွက်ပြေး သွားကြောင်း မူဆယ်မြို့နယ်ရဲတပ်ဖွဲ့ ထံမှစုံစမ်း သိရသည်။

အခင်းဖြစ်ပြီး မကြာမီ ရဲတပ် ဖွဲ့နှင့် ပြည်သူ့စစ်မှတပ်ဖွဲ့ဝင်များ ရောက်လာပြီး သေနတ်ဒဏ်ရာ ရရှိသည့် ဦးသန်းထွန်း(ခ)ဆရာ မောင်(မူဆယ်)ကို မူဆယ်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
မူဆယ်မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက""အမှုက စစ်ဆေးနေတုန်းပါ။ တရားခံကို မမိသေးဘူး။ စုံစမ်းဆဲပဲ။ လူနှစ် ဦးရောက်လာပြီးတော့ အင်္ကျီအ ဝါနဲ့လူက ပစ်ခတ်သွားတယ်လို့ပြော တယ်""ဟု ဒီမိုကရေစီတူဒေးသို့ စက်တင်ဘာ ၄ ရက်က ပြောသည်

သတင်းထောက်ဦးသန်းထွန်း (ခ)ဆရာမောင်(မူဆယ်)သည် ယခင်ကကြေးမုံသတင်းထောက် လုပ်ကိုင်ဖူးပြီးလက်ရှိတွင် သတင်း ရေးသားနေကြောင်း သိရသည်။
""အရပ်မြင့်မြင့်အသားဖြူ        ဖြူဦးထုပ်ဆောင်းထားသူနဲ့ မျက် နှာမှာ ြေျု တပ်ထားသူလူနှစ်ဦး က မင်္ဂလာမူဆယ်သို့သွားတဲ့လမ်း ကို မေးမြန်းခဲ့တယ်။ ကျွန်တော် ကလည်း သွားနိုင်သည့်လမ်းကြောင်း ကို ကောင်းမွန်စွာဖြေကြား နေချိန် မှာပဲ အသားဖြူ အရပ်မြင့်တဲ့လူ ကနေ ာမေုတပ်အမျိုးသားကို ကားသွားယူဖို့ပြောပြီး ကျွန်တော် ဘက်သို့လှည့်ကာသေနတ်နဲ့ ချိန် ပြီးပစ်ခတ်သွားတာပါ။ ကျွန်တော် လည်း သေနတ်ပစ်ခံရတဲ့အတွက် ထွက်လာတဲ့လမ်းကြောင်းအတိုင်း အိမ်မကြီးဘက်ကို လှည့်ပြေးစဉ်မှာ ဒုတိယကျည်ဆန်က ညာဘက်ခြေ မကိုဖောက်ထွက်သွားတာကို သိ လိုက်ရပါတယ်""ဟု သေနတ်ပစ် ခတ်ခံရသည့် သတင်းထောက်ဦး သန်းထွန်း(ခ) ဆရာမောင် (မူဆယ်) က ဒီမိုကရေစီတူဒေးသို့ စက် တင်ဘာ ၄ ရက်က ပြောသည်။

အခင်းမဖြစ်ပွားမီ ပြီးခဲ့သည့် ဩဂုတ်လ ၃၁ ရက် နံနက်ပိုင်းက လူတစ်ဦး ရောက်လာပြီး ကြိမ်းမောင်း ပြောဆိုခံခဲ့ရကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ကြေးမုံ သတင်းစာတိုက် အယ်ဒီတာချုပ် ဦးဝင်းရွှေက""ယခင်ကတော့ ကျွန် တော်တို့ဆီမှာလုပ်တာ ဟုတ်ပါ တယ်။ ယခုကျွန်တော် တာဝန်ယူ နေစဉ်မှာတော့ လာရောက်ဆက် သွယ်ခြင်း၊  သက်တမ်းတိုးခြင်းတွေ တော့ ပြုလုပ်မထားပါဘူး}}ဟု ဒီ မိုကရေစီတူဒေးသို့ ပြောသည်။

ယင်းအမှုနှင့်ပတ်သက်ပြီး မူဆယ်မြို့မရဲစခန်းတွင် (ပ) ၇၂၀/၂၀၁၉၊ လူသတ်မှုကိုကျူး လွန်ရန်အားထုတ်ခြင်းပုဒ်မ ၃၀၇၊ ဘေးဖြစ်စေတတ်သောလက်နက်ဖြင့်အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၆၊ ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီသူကိုယ်တိုင်ရှိနေ ခြင်း ပုဒ်မ ၁၁၄ ဖြင့် အမှုဖွင့်ပြီး ကျူးလွန်သူကို ဖော်ထုတ်လျက် ရှိကြောင်း သိရသည်။

WYHW,PS
#Democracytoday