ဝါလကင်းလွတ် သီတင်းကျွတ်ပြီးခဲ့လေပြီ။ မိုး အကုန် ဆောင်းအကူးပွင့်လင်းရာသီဖြစ်သည်နှင့်အညီ မိုးလေကင်း စင်ပြီဖြစ်သော် လည်း ဆောင်းအဝင် နောက်ကျသဖြင့် ရာသီဥတုမှာ ပူအိုက်လှ၏။ ထိုသို့ ပူအိုက်လှသော ရာသီဝယ် လေတဖြူးဖြူးတိုက်ခတ် နေသော ကွင်းပြင်ကဲ့သို့နေရာမျိုးမှာ တန်ဖိုးရှိလှချေ ၏။ ပူအိုက်လှသော အိမ်အတွင်းဝယ် ယပ်တောင် အားကိုးပြီး အအေးဓာတ်ကို ရယူမည့်အစား လတ် ဆတ်သော သဘာဝလေနုအေး၏ တိုက်ခတ်မှုကို ခံယူခြင်းသည် သက်ရှည်ကျန်းမာစိတ်ချမ်းသာစေပါ သည်။



ထိုထိုသော ရာသီဥတုမျိုးဝယ် Open Air Cinema  ဟု ကင်ပွန်းတပ်အမည်ပေးထားသည့် တရုတ်ရုပ်ရှင်ပွဲတော်တစ်ခုကို တရုတ်အမျိုးသားရေနံ ကော်ပိုရေးရှင်း(CNPC)က စီစဉ်လိုက်ပါသည်။ လေဟာပြင်ရုပ်ရှင်ပွဲတော်ဖြစ်သဖြင့် ကွင်းပြင်ကျယ်ကို ဖြတ်သန်းတိုက်ခတ်သော လေနုအေး၏ အရသာ ကိုခံစားရင်း နာမည်ကျော်တရုတ်ရုပ်ရှင်များကို ကြည့် ရှုနိုင်စေမည့် ရုပ်ရှင်ပွဲတော်ဖြစ်သည်။ မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းတစ်လျှောက် မြို့များရှိ ဒေသခံပြည်သူများ ထိုသို့ ခံစားကြည့်ရှု နိုင်ကြစေရန်အတွက် စီစဉ်ပြသလိုက်ခြင်းလည်းဖြစ် လေ၏။ တစ်ဖန် Open Air ဟုခေါ်သည့် လေဟာပြင် ကွင်းပြင်တို့တွင် ရုပ်ရှင်ပြသခြင်းသည် အခြေခံအလွှာ နှင့်လည်း ပိုမိုနီးစပ်သည်။ အထူးသဖြင့် ကျေးလက် နေပြည်သူများအနေဖြင့် အိုးမကွာ အိမ်မကွာပင် အဆိုပါ ရုပ်ရှင်ဇာတ်ကားများကို ခံစားကြည့်ရှုနိုင်ကြ လေသည်။

CNPC  က စီစဉ်ပြသသော Open Air   ရုပ်ရှင် ပွဲတော်ကို အောက်တိုဘာ ၁၇ ရက်နေ့မှ စတင်၍ လှည့်လည်ပြသ နေပြီဖြစ်သည်။ ရှေးဦးစွာ ရေနံ ချောင်းမြို့တွင် စတင်ပြသခဲ့သည်။ ရေနံချောင်းမြို့ ဘောလုံးကွင်းတွင် သုံးညတိုင်တိုင်ပြ သခဲ့ရာ ဒေသခံ ပြည်သူများလာရောက် အားပေးကြည့်ရှုခဲ့ ကြသည်။ ရေနံချောင်းမြို့တွင် အောက်တိုဘာ ၁၇ ရက်မှ ၁၉  ရက်အထိပြသပြီးလေသော် Open Air သည် တောင် သာမြို့သို့ ရောက်ရှိခဲ့ပြန်သည်။ တောင်သာမြို့ ကန် ဆွယ် ရပ်ရှိ ဟစ်တိုင်ကွင်းတွင် ပြသခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာလ ၂၁ရက်မှ ၂၃ရက်နေ့အထိ သုံး ရက်တိုင် တိုင်ပြသ ခဲ့ရာ ဒေသခံ ကလေး၊ လူကြီး၊ လူ ရွယ်၊ လူလတ်တို့ လာရောက်အားပေးကြည့်ရှုကြသည်။ ထို့နောက် Open Air  သည် ကျောက်ဆည်မြို့ ဆင် အကပြိုင်ကွင်းတွင် အောက်တိုဘာ ၂၅ ရက်မှ ၂၇ ရက်အထိ ဆက်လက်ပြသပြန်ရာ၊ သရုပ်ဆောင်ပိုး ကြာဖြူခင်လည်း ပရိသတ်များနှင့် အတူ ရင်းရင်း နှီးနှီး လာရောက် အားပေးကြည့်ရှုခဲ့သည်။ လာရောက် ကြည့်ရှုသော ပရိသတ်မနည်းလှချေ။ လေတဖြူးဖြူး တိုက်ခတ်နေသော ကွင်းပြင်ထဲဝယ် စိတ်ဝင်စားစွာ ရုပ်ရှင်ကြည့်ရှုရသည်မှာ ပျော်စရာကောင်းလှချေ၏။ ယင်းမှဆက်လက်၍ သီပေါမြို့တွင် အောက်တိုဘာလ ၂၉ ရက်မှ ၃၁ ရက်နေ့ အထိ ပြသဦးမည်ဖြစ်သည်။


ဘာသာစကားနားမလည်ရန်အတွက်လည်း ပူစ ရာမလို။ ယခု  “Open Air Cinema” ရုပ်ရှင်ပွဲတော် အတွက် CNPC ကုမ္ပဏီသည် MONNECT ကုမ္ပဏီနှင့် ပူးပေါင်း၍ တရုတ်ရုပ်ရှင်ဇာတ်ကား သုံး ခုကိုရွေးချယ်ကာ ကျွမ်းကျင်သူများနှင့် ဘာသာပြန် ဆိုခဲ့သည်။ ထို့နောက် မြန်မာပရိသတ်များ ရုပ်ရှင် ဇာတ်လမ်းကို ပိုမိုသိရှိနားလည်နိုင်ရန် မြန်မာနိုင်ငံမှ ကျွမ်းကျင်သည့် အသံသရုပ်ဆောင်(dubbing actor)များ၏ အကူအညီဖြင့် ပြသမည့်တရုတ်ရုပ်ရှင်များကို မြန်မာဘာသာစကားနှင့် အသံထပ်(dubbing) ပြု လုပ်ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် Open Air ရုပ် ရှင်ပွဲတော်တွင် ပြသသော ရုပ်ရှင်ကားများသည် မြန် မာစကားပြော မြန်မာအသံထွက်တွေချည်းသာ ဖြစ် လေ၏။ ပြသသည့် ရုပ်ရှင်ကားများမှာ တရုတ်နိုင်ငံ တွင် အထူးလူကြိုက်များခဲ့သည့် "မင်္ဂလာပါ ဘီလျံနာ"၊ "မှော်ပဉ္စလက် "နှင့် လေပွေအမျိုးသမီးဘောလုံးအ သင်း}တို့ဖြစ်ကြသည်။ ယင်းဇာတ်ကားတို့ကို တစ်နေ့ လျှင် တစ်ကားကျစီပြသခြင်းဖြစ်လေ၏။

ရုပ်ရှင်ဟူသည် ယဉ်ကျေးမှုတို့စုစည်းရာ အနု ပညာတစ်ရပ်ဖြစ်သည်။ ရုပ်ရှင်ဇာတ်ကားတစ်ခုတွင် ယင်းရုပ်ရှင်ဇာတ်လမ်းကို ဇာတ်အိမ်တည်ရာ ဒေသ၊ ခေတ်တို့၏ မျက်မှောက်အခြေအနေအရပ်ရပ်တို့ ပါဝင်နေသလို နောက်ခံသမိုင်းများနှင့် အဆိုပါဒေသ လူမှုအဖွဲ့အစည်းနှင့်ပတ်သက်သော အချက်အလက် တွေပါဝင်နေပြီး သက်ဆိုင်ရာယဉ်ကျေးမှုနှင့် လူမှု ဆက်ဆံရေးတို့လည်းပါဝင်နေ၏။ ယင်းကိုပင်လျှင် ရုပ်ရှင်ယဉ်ကျေးမှုဟု ခေါ်ဆိုသည်။ ထို့ကြောင့်ပင်လျှင် မြန်မာ-တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း တစ်လျှောက်ရှိ ဒေသခံများအနေဖြင့် ရုပ်ရှင်များကို ကြည့်ရှုကြခြင်းအားဖြင့် တရုတ်ရုပ်ရှင်ယဉ်ကျေးမှုကို ပိုမို၍ သိရှိလာနိုင်ရန်ရည်ရွယ်ကာ မြန်မာ-တရုတ်ရေ နံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း လည်ပတ် စေရေးကို ကိုင်တွယ်ဆောင်ရွက်သည့်  CNPC  ကုမ္ပဏီတို့၏ တရုတ်နိုင်ငံ အစုရှယ်ယာ ရှင်ဖြစ်သည့် CNPC ကုမ္ပဏီမှ ပိုက်လိုင်း တစ်လျှောက် ရှိ ဒေသများတွင်  Open Air Cinema   ရုပ်ရှင်ပွဲ တော်ကိုစီစဉ်ကာ တရုတ်ရုပ်ရှင်ဇာတ်ကားများကို လိုက်လံပြခြင်းပင်ဖြစ်သည်။ ယင်းရုပ်ရှင်ပွဲတော်စတင် ခြင်းဖွင့်ပွဲအခမ်းအနားကိုလည်း ပြီးခဲ့သည့်စက်တင် ဘာလ ၁၆ရက်နေ့ကရန်ကုန်မြို့ WYNDHAM GRAND   ဟိုတယ်တွင် ကျင်းပခဲ့ သည်။ ဖွင့်ပွဲအခမ်း အနားသို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဖြိုး မင်းသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင်၊ CNPC ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌမစ္စတာ Xu Wen Rong  နှင့်ပြန်ကြား ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတို့တက်ရောက်ဖွင့်လှစ် ပေးခဲ့ကြသည်။


CNPC ကုမ္ပဏီက မြန်မာနိုင်ငံတွင် အဓိကရင်း နှီးမြှုပ်နှံသည့်စီမံကိန်းမှာ မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းဖြစ်သည်။ ယင်း တွင် ရေနံစိမ်းပိုက်လိုင်းသည် ဃဏြဃ နှင့် မြန်မာနိုင်ငံ မှ ြဥွနတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းဖြစ်ပြီး သဘာဝဓာတ်ငွေ့ ပိုက်လိုင်း မှာမူ မြန်မာ၊ တရုတ်၊ ကိုရီးယား၊ အိန္ဒိယလေးနိုင်ငံမှ ကုမ္ပဏီ ခြောက်ခု ပူးပေါင်းဆောင်ရွက်သည့်စီမံကိန်းဖြစ်ပါ သည်။

ဃဏြဃ ကုမ္ပဏီသည် မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းတစ်လျှောက်ရှိ ဒေသ များတွင် ဒေသခံပြည်သူများအတွက် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းပေါင်း ၂၄၄ခုကို ဆောင်ရွက် ပေးခဲ့ပြီး ဆောင်ရွက်ပြီးခဲ့သည့် လူမှုစီးပွားဖွံ့ဖြိုးရေး လုပ်ငန်းများတွင် စာသင်ကျောင်း ၁၀၈ ကျောင်း၊ ဆေး ရုံနှင့် ကျေးလက်ဆေးပေးခန်း ၃၇ ခု၊ ဘိုးဘွားရိပ်သာ၊ မိဘမဲ့ကလေးများကျောင်းနှင့်နေ့ကလေးထိန်းကျောင်း ရှစ်ကျောင်း၊ ရေပေးဝေရေးနှင့် စက်ရေတွင်း ၁၉ ခု၊ ကျေးရွာမီးလင်းရေးလုပ်ငန်းခြောက်ခု၊ လမ်းတံတား ပြုပြင်မှုငါးခု၊ ဆက်သွယ်ရေးတာဝါတိုင်သုံးခုနှင့် အ ခြားစီမံ ကိန်းနှစ်ခု တို့ပါဝင်သည်။ ထို့အပြင် သဘာဝ ဘေးသင့်ဒေသများအတွက်လည်း အလှူငွေနှင့် ထောက်ပံ့ပစ္စည်းလှူဒါန်းမှု ၅၈ ခုကိုလည်း ဆောင် ရွက်ခဲ့ပြီးဖြစ်သည်။ လူမှုစီးပွားဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက် ကန်ဒေါ်လာ ၂၅ ဒသမ ၈ သန်းခန့်သုံးစွဲခဲ့ပြီး ဖြစ်ကာ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေလျက်ရှိပါသည်။

ဝါလကင်းလွတ်သီတင်းကျွတ်ပြီးနောက် မိုးအကုန်ဆောင်းအကူး ခြေခင်းလက်ခင်းသာယာသော ရာသီဥတုဝယ် ဒေသခံပြည်သူ များသည် CNPC ကုမ္ပဏီမှစီစဉ်ပြသသည့် Open Air Cinema တရုတ် ရုပ်ရှင်ပွဲတော်မှ ဇာတ်ကားများကို ပျော်ရွှင်ကြည်နူးစွာ အားပေးကြည့်ရှု နေကြပြီ ဖြစ်လေ သတည်း။    ။