သမိုင်းဆိုသည်မှာ အရေးကြီးအချိန်ကာလ အချို့မှာ နိုင်ငံတစ်နိုင်ငံနှင့်လူမျိုးကို မှတ်သားထား သော ရှေ့ပြေးအမှတ်အသားဖြစ်ပါသည်။ ၁၉၄၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ပထမဆုံး ကြယ်ငါးပွင့်အလံနီကို ပေကျင်း ထျန်းအန်းမင် ရင်ပြင်မှာ တလူလူလွှင့်ထူနိုင်ခဲ့ပါသည်။

ခေတ်ဦး ပိုင်းကာလကတည်းက ပင်ပန်းဆင်းရဲမှုများနှင့် ကြုံတွေ့ခဲ့ရသော တရုတ်ပြည်သူများသည် တရုတ် အမျိုးသားထု ပြန်လည်မွေးဖွားလာခြင်းဆိုသည့် မျှော်လင့်ချက်ရောင်ခြည်ကို ဆီးကြိုလာ နိုင်ခဲ့ပြီး ကြီးမြတ်သော ပြန်လည်နိုးထလာရေးသမိုင်းရာစုသစ် ကို စတင်နိုင်ခဲ့ပါသည်။

နှစ်ပေါင်း (၇၀) ကာလအတွင်း တရုတ်နိုင်ငံ သည် ကမ္ဘာ့အဆင်းရဲဆုံး၊ နောက်ကောက်အကျဆုံး နိုင်ငံတစ်ခုမှသည် ကမ္ဘာ့ဒုတိယအင်အားအကြီးဆုံး စီးပွားရေးထုအဖြစ် တစ်ဟုန်ထိုး တိုးတက် လာခဲ့လေ သည်။ တရုတ်နိုင်ငံ  GDP စုစုပေါင်းပမာဏသည် ၁၉၅၂ ခုနှစ်တုန်းက အမေရိကန်ဒေါ်လာ ၃၀ ဘီလီ ယံရှိရာမှသည် ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၃.၆ ထရီလီယံ အထိ တိုးတက်လာခဲ့ ရာ ၄၅၂.၆ ဆတိုးလာခဲ့ပါသည်။ တရုတ်နိုင်ငံတွင် ကမ္ဘာ့အရှည်ဆုံး ရထားလမ်းကြောင်း ပိုင်ဆိုင်ထား ပြီး အသစ်တိုးလာ သော လမ်း၊ တံတားအများဆုံးရှိကာ အဆင့်မြင့် ပညာ ရေးသင်ယူထားသော ပညာတတ်အုပ်စု အများဆုံး ရှိပါသည်။

တရုတ်နိုင်ငံသည် ကမ္ဘာ့ ၁၀% တောင် မရှိသည့် လယ်ယာမြေဖြင့် ကမ္ဘာ့လူဦးရေ၏ ၂၀% နီးပါးရှိ သည့် လူဦးရေအား မွေးထုတ်ပေးနိုင်ခဲ့သည်။ အထူးသဖြင့် ပြုပြင်ပြောင်း လဲတံခါးဖွင့် လှစ်မှု ဖော် ဆောင်လာကတည်းက ဆင်းရဲနွမ်းပါးသူဦးရေ သန်း ၇၀ဝ ကျော်အား ဆင်းရဲမှုမှလွတ်မြောက်စေ ခဲ့ရာ ကာလတူအတွင်း တစ်ကမ္ဘာလုံး၌ ဆင်းရဲမှုလျှော့ချ သည့် လူဦးရေ စုစုပေါင်း၏ ၇၀% နှင့်အထက် ရှိခဲ့ပြီး ယခင်ကမရှိခဲ့ဖူးသော ဆင်းရဲမှုမှ လွတ်မြောက် ရေးအံ့ဖွယ်တစ်ခုကို ဖန်တီးနိုင်ခဲ့ပါသည်။

တရုတ်နိုင်ငံ၏ စည်ပင်ဝပြောမှုသည် ကမ္ဘာ ကြီးနှင့် ခွဲခြား၍မရပေ။ ကမ္ဘာကြီး၏ ဖွံ့ဖြိုးတိုးတက်မှု သည်လည်း တရုတ်နိုင်ငံနှင့် ခွဲခြား၍မရပေ။ ၂၀ဝ၈ ခုနှစ်မှစ၍ ကမ္ဘာ့စီးပွားရေး တိုးတက် မှုအပေါ် တရုတ် နိုင်ငံမှ အကျိုးပြုနှုန်းသည် နှစ်ပေါင်းများစွာ ဆက် တိုက် ၃၀% ခန့်ရှိခဲ့ရာ ကမ္ဘာ့စီးပွားရေး၏ အရေးပါ ခွန်အားဇာစ်မြစ်နှင့် စီးပွားရေးတည်ငြိမ်စေသည့် stablizer ဖြစ်လာခဲ့ပါသည်။



လူဦးရေ ၁.၄ ဘီလီယံ နီးပါးရှိ ဈေးကွက်ကြီးဖြစ်သည့် ကမ္ဘာ့အရွယ်အစား အကြီးဆုံးသော အလယ် အလတ်ဝင်ငွေရှိ လူအုပ်စု ကြီးတွင် နှစ်စဉ်ပြည်ပသို့ခရီးသွားလည်ပတ်သည့် ဦးရေမှာ သိန်းထောင်နှင့် ချီရှိရာ တရုတ်နိုင်ငံသည် ကမ္ဘာ့နိုင်ငံအသီးသီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးအမြတ်များပြားစွာ ဆောင်ကြဉ်းပေးလျက်ရှိပါ သည်။ အနောက်နိုင်ငံများ၏ ကုန်သွယ်ရေး ကိုယ် ကျိုးစီးပွား ကာကွယ်ရေး ဝါဒ တစ်နေ့ထက်တစ်နေ့ သိသာလာသည့်အခြေအနေတွင် ဂလိုဘယ်လိုက်ဇေး ရှင်းနှင့် လွတ်လပ်စွာကုန်သွယ်ရေးအား တစိုက် မတ်မတ် ထိန်းသိမ်း ကာကွယ် လျက်ရှိသည့် တရုတ် နိုင်ငံသည် ပိုမိုတံခါးဖွင့်လှစ်သည့် ကမ္ဘာ့စီးပွားရေးကို တည်ဆောက်ရန် မပြတ်တွန်းအားပေးလျက်ရှိပါ သည်။

တရုတ်နိုင်ငံသည် “Belt and Road ” အတူတကွတည်ဆောက်ရေးကို တက်တက်ကြွက တွန်း အားပေး လျက်ရှိရာ နိုင်ငံ(ဒေသ)နှင့် နိုင်ငံ တကာအဖွဲ့အစည်း ၁၆၀ ကျော်၏ တက်တက်ြွက  တုံ့ပြန်မှုများ ကို ရရှိခဲ့ပါသည်။ အနာဂတ် ၁၅ နှစ် တွင် တရုတ်နိုင်ငံ၏ သွင်းကုန်ပစ္စည်းနှင့် ဝန်ဆောင် မှုတို့သည် အမေရိကန်ဒေါ်လာထရီလီယံ ၃၀ နှင့် အမေရိကန်ဒေါ်လာထရီလီယံ ၁၀ တို့ကို ကျော်လွန် နိုင်မည်ဟု ခန့်မှန်းရပါသည်။ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုအလားအလာသည် အားရဖွယ်ကောင်း လှပြီး မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှ ပြည်သူများ သည်လည်း တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက် မှုမှတစ်ဆင့် အကျိုးအမြတ်များရရှိနိုင်မည်ဖြစ်သည်။

တရုတ်နိုင်ငံမှ အများအာရုံစိုက်ရလောက်သည့် ဖွံ့ဖြိုးတိုးတက်မှုရလဒ်ကောင်းများ ဆွတ်ခူးနိုင်ခြင်း မှာ တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်များကြောင့် ပင်ဖြစ်သည်။ ၁၉၇၈ ခုနှစ်တွင် တရုတ်ကွန်မြူနစ် ပါတီ (၁၁) ကြိမ်မြောက် ပြည်လုံးဆိုင်ရာကွန်ဂရက် ဗဟို ကော်မတီ၏ (၃) ကြိမ်မြောက် အစည်းအဝေး ကို ဦးတည်၍ တရုတ်နိုင်ငံသည် ပြုပြင်ပြောင်းလဲတံခါး ဖွင့်လှစ်သည့် သမိုင်းလုပ်ငန်းစဉ်ကြီးကို စတင်ဖော် ဆောင်ခဲ့ရာ တရုတ်နိုင်ငံအား မကြုံစဖူး ပြောင်းလဲမှုကြီး များ ဖြစ်ပေါ်လာစေခဲ့ပါသည်။ ပြုပြင်ပြောင်းလဲ တံခါးဖွင့်လှစ်ခြင်းသည် ယနေ့ခေတ် တရုတ်နိုင်ငံ၏ အသိသာဆုံးအမှတ် လက္ခဏာနှင့် တောင့်တင်းအား ကောင်းမှုအရှိဆုံး အသွင်အပြင်ဖြစ်လာခဲ့ပါသည်။

တရုတ်ကွန်မြူနစ်ပါတီ (၁၈) ကြိမ်မြောက် ပြည်လုံး ဆိုင်ရာကွန်ဂရက်ကျင်းပပြီးနောက် ရှီကျင့်ဖျင်ကို အမြုတေအဖြစ်ထားသည့် ပါတီဗဟိုမှ တစ်နိုင်ငံလုံး ရှိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအား စည်း လုံး ညီညွတ်စွာဦးဆောင်၍ တရုတ်ဝိသေသလက္ခဏာဆောင် သော ဆိုရှယ်လစ်စနစ်ဟူသည့် ကြီးမြတ်သော အလံကြီး ကို မားမားမတ်မတ်လွှင့်ထူရင်း ရှီကျင့်ဖျင်၏ ခေတ် ကာလသစ် တရုတ်ဝိသေသ လက္ခဏာဆောင်သော ဆိုရှယ်လစ်စနစ်အတွေးအခေါ်ကို လမ်းညွှန်ချက် အဖြစ်ထား ရှိ၍ စီးပွားရေးတည်ဆောက်ရေး၊ နိုင်ငံ ရေးတည်ဆောက်ရေး၊ ယဉ်ကျေးမှု တည်ဆောက်ရေး၊ လူမှုရေးတည်ဆောက်ရေး၊ ဂေဟစနစ်ယဉ်ကျေးမှု တည်ဆောက်ရေးဟူသည့်  "ကဏ္ဍငါးခု တစ်ပေါင်း တည်း " အထွေထွေအခင်းအကျင်းကို ဘက်ပေါင်းစုံ မှနေ၍ စီမံခန့် ခွဲတွန်းအားပေးဆောင်ရွက်ခဲ့သည်။

ထို့ပြင် အတော်အသင့်ချမ်းသာြွကယ်ဝသော လူ့ အဖွဲ့အစည်းဘက်စုံတည်ဆောက်ရေး၊ ဘက်စုံနက် ရှိုင်းစွာ ပြုပြင်ပြောင်းလဲရေး၊ ဥပဒေနှင့်အညီ ဘက်စုံ နိုင်ငံစီမံခန့်ခွဲရေး၊ ပါတီကို ဘက်စုံ တင်း ကျပ်စွာ စီမံအုပ်ချုပ်ရေးဟူသည့် "ဘက်စုံလေးခု " မဟာဗျူဟာ မြောက် အခင်းအကျင်းကို ညှိနှိုင်းတွန်း အားပေးဖော် ဆောင်ခဲ့ရာ ပြုပြင်ပြောင်းလဲတံခါးဖွင့်လှစ်ရေးနှင့် ဆိုရှယ်လစ် စနစ် ခေတ်မီ တည်ဆောက်ရေး ဟူသည့် သမိုင်းဝင် အောင်မြင်မှုများဖြစ်ထွန်းခဲ့ပြီး တရုတ် ဝိသေသ လက္ခဏာဆောင်သော ဆိုရှယ်လစ်စနစ် သည် ခေတ်ကာလသစ်သို့ ဝင်ရောက်လာခဲ့ပါသည်။

တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက် ရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ အကျိုးတူဖြစ် ထွန်းရေး စသည့်အတွေးအခေါ်များကို လက်ကိုင်စွဲ၍ ကမ္ဘာ ကြီး ငြိမ်းချမ်းဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ် ဥဏ်ပညာနှင့် တရုတ်အင်အားကို အဆက်မပြတ် ထောက်ပံ့ပေးလျက်ရှိပါသည်။

ကမ္ဘာ့နိုင်ငံအသီးသီးမှ ပြည်သူများနှင့်အတူ လူသားကံကြမ္မာတူအသိုက်အဝန်းတည်ဆောက်ရေးကို တွန်းအားပေးဖော်ဆောင် လျက်ရှိပြီး လူသားတို့၏ သာယာလှပသောအနာဂတ် ကို အတူတကွ ဖန်တီးပေး လျက်ရှိပါသည်။

တရုတ်-မြန်မာဆက်ဆံရေးသည် တရုတ်နိုင်ငံ သစ်နှင့်အတူ ရှင်သန်ကြီးပြင်းလျက်ရှိပြီး သမိုင်းကာလ အပြောင်းအလဲများ၏စမ်းသပ်မှုကို ခံနိုင်ရည်ရှိရာ ယခု အချိန်အထိ တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက် လျက်ရှိ ပြီး ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ထူထောင်နိုင်ခဲ့ပါ သည်။ လက်ရှိ တွင် သမ္မတ ရှီကျင့်ဖျင်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ မဟာဗျူဟာ မြောက် ဦးဆောင်မှုအောက်တွင် တရုတ်-မြန်မာ ဆက်ဆံရေးသည် ခေတ်ကာလ သစ်သို့ ဝင်ရောက် လာပါသည်။ နှစ်နိုင်ငံ အဆင့်မြင့် အလွှာအပြန်အလှန် လည်ပတ်မှုများ များပြားလျက် ရှိပြီး နိုင်ငံရေးအပြန် အလှန်ယုံကြည်မှုများ မြင့်မားလျက်ရှိကာ စီးပွား ကုန်သွယ်ရေး ချိတ်ဆက်မှု များပြား လျက်ရှိ ပါသည်။ လူပုဂ္ဂိုလ်ချင်း ထိတွေ့ဆက်ဆံမှု အဆက်မပြတ်ရှိ၍ ယဉ်ကျေးမှုကူးလူးဖလှယ်မှုများ နက်ရှိုင်းပြီး ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများ လက်တွေ့တွန်း အားပေး ဖော်ဆောင်လျက်ရှိကာ ပြည်သူများကို အကျိုးပြု သော အောင်မြင်မှုရလဒ်များသည် လူထု၏စိတ်နှလုံး ထဲတွင် စွဲမြဲနေစေပါသည်။ နှစ်နိုင်ငံ “Belt and Road”နှင့်  တရုတ်-မြန်မာ စီးပွားရေးစြင်္ကန် အတူတကွ တည်ဆောက်ခြင်းသည် အတူတကွဖွံ့ဖြိုးတိုးတက် ရေးအတွက် အားကောင်းသောခွန်အားများ တိုးပွား လာစေပြီး နှစ်နိုင်ငံပြည်သူများအတွက်အကျိုးကျေးဇူး များစွာ ဆောင်ကြဉ်းပေးပါသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံအကြား မြန်မာနိုင်ငံ နိုင်ငံတော်ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေးလုပ်ငန်း စဉ်အတွင်း ပူးပေါင်း ဆောင်ရွက်မှုများ မပြတ်နက်ရှိုင်းလျက်ရှိပါသည်။ တရုတ်နိုင်ငံ သည် မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်း စဉ်အား တွန်းအားပေးဖော်ဆောင်ရန်အတွက်၊ ရခိုင် ပြည်နယ် အရေးအား ကောင်းမွန်စွာဖြေရှင်းနိုင်ရန် အတွက် အပြုသဘောဆောင် သည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားမည် ဖြစ်သည်။

လာမည့်နှစ်သည် တရုတ်-မြန်မာ သံတမန်ဆက်ဆံ ရေး ထူထောင်ခြင်း နှစ် (၇၀) ပြည့်မြောက်သည့်နှစ် ဖြစ်ပါသည်။ “Belt and Road ” နှင့် တရုတ်-မြန်မာ စီးပွားရေးစြင်္ကန် အတူတကွ တည်ဆောက် မှုအောက် တွင် အပြန်အလှန်ယုံကြည်၍ အပြန်အလှန်အကူ အညီပေးအပ်သော ချစ်ကြည်ရင်းနှီးသည့် အိမ်နီးချင်း များအနေဖြင့် တရုတ်-မြန်မာနှစ်နိုင်ငံသည် လက်တွေ့ ပူးပေါင်းဆောင်ရွက်မှု များ မှတစ်ဆင့် နှစ်နိုင်ငံပြည်သူ များအတွက် လက်တွေ့အကျိုးစီးပွားများ ပိုမိုဆောင် ကြဉ်းပေးလာနိုင်ပြီး "ဆွေမျိုးပေါက်ဖော်" ချစ်ကြည် ရေးသည်လည်း ကာလကြာလေ ပိုမိုခိုင်မြဲလေ ဖြစ် လာမည်ဟု ကျွန်တော်ယုံကြည်ပါသည်။      ။