၂၀၁၆ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့ တွင် မြန်မာနိုင်ငံမှာ စကေး(၆.၈)ရှိသော ငလျင်ကြီး လှုပ်သွားခဲ့ပါ သည်။ မြန်မာနိုင်ငံ ပုဂံနယ်တဝိုက်မှာ စေတီ(၄၀ဝ)ကျော် မတူသောအဆင့်ရှိ ပျက်စီးမှုများခံခဲ့ရပါ သည်။

ထိုနှစ်စက်တင်ဘာလမှာ တရုတ် ရှေးဟောင်းအဆောက် အအုံပြင်ဆင်ရေးပညာရှင်ပါရဂူ (၁၂)ဦးအဖွဲ့သည် ပုဂံသို့ ရောက်ရှိလာပါသည်။ ဘုရားစေတီပျက်စီး မှုအခြေအနေများကို လက်တွေ့ ကွင်း ဆင်း လေ့လာခဲ့ကြပါသည်။ မြန်မာဘက်အား နောက်တစ်ဆင့် ပြန်လည်ပြုပြင်မွမ်း မံရေး စီမံချက်အတွက် အကြံပြုချက်များပေးခဲ့ပါ သည်။

၂၀၁၇ ခုနှစ် မေလမှာ တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခက်ချန်းနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့အတူတကွ သက်သေအောက်မှာ တရုတ် -မြန်မာ နှစ်နိုင်ငံအစိုးရတို့သည် ပေကျင်း မြို့မှာ ပုဂံရှေးဟောင်းအဆောက်အအုံငလျင် ဒဏ်ခံပြီးပြန်လည်ပြုပြင်ရေးနှင့် ထိန်းသိမ်း ကာကွယ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ ကို လက်မှတ် ရေးထိုးခဲ့ ကြပါသည်။

၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၂ ရက် နေ့မှာ သဗ္ဗေညုစေတီမှာ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ ပုဂံဘုရား သဗ္ဗေညုစေတီပြန် လည်ပြုပြင်ရေးဆိုင်ရာစီမံချက်လက်မှတ် ရေးထိုးခြင်း အခမ်းအနားကို ကျင်းပခဲ့ပါ သည်။ တရုတ်-မြန်မာ ပုဂံဘုရားစေတီပြုပြင် ရေးပူးပေါင်းဆောင်ရွက်မှုစီမံ ချက်တရား ဝင်စတင် ကြောင်း အဓိပ္ပာယ်သက်ရောက် နေပါတော့သည်။

ကျောက်ချန်းသည် ၂၀၁၆ ခုနှစ် ငလျင်လှုပ်ပြီးနောက် မြန်မာနိုင်ငံသို့ရောက် ရှိခဲ့သော တိုင်းတာလေ့လာရေး အဖွဲ့ခေါင်း ဆောင်ဖြစ်ပါသည်။

"ပုဂံကိုရောက်ရှိပြီး တော့ ကျွန်တော်တို့ ထိုဒေသမှာဆောက်လုပ် ရေးပစ္စည်းပြတ်လပ်ချို့တဲ့ခြင်း၊ လျှပ်စစ်စွမ်း အင်မလုံလောက်ခြင်း၊ ရာသီဥတုပြင်းထန် ခြင်း စတဲ့အဆင်မပြေမှု အကြောင်းတရား တွေကိုရင်ဆိုင်ခဲ့ရပါတယ်။ ကျွန်တော်တို့ဖွဲ့စည်း ထားတဲ့လုပ်ငန်းခွင်ဝင်အဖွဲ့ဟာ တရုတ်နဲ့ မြန်မာဒေသခံတို့ အပါအဝင် လူ(၆၀)ကျော် ရှိပါတယ်။ ဆက်တိုက် ရက်ပေါင်း (၄၀)ကျော် အလုပ်ဝင်ခဲ့ကြပါတယ်" ဟု ကျောက် ချန်းက မိတ်ဆက် ပြောကြားပါသည်။

"တိုင်းတာရေးကနေစတွက်ရင် အခု ဒီပြုပြင်ရေးလုပ်ငန်းတစ်ခုလုံးဟာ ကိုးနှစ် ခန့်ကြာမယ်လို့ ခန့်မှန်းထားပါ တယ်"

လုပ်ငန်းခွင်မှာအခက်အခဲများစွာနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည်။ ဥပမာ-ဆောက် လုပ်ရေး ပစ္စည်းပြတ်လပ် ချို့တဲ့ခြင်း၊ လမ်း ပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ လျှပ်စစ်စွမ်း အင်မလုံလောက် ခြင်း၊ စက်ပစ္စည်း များ ခေတ်နောက်ကျခြင်း စသည်တို့သည် လူ တွေအား စိတ်မောပူပင်မှုများဖြစ်စေခဲ့ပါ သည်။ သို့သော် ကျောက်ချန်းအတွက် အမှတ်မိဆုံးမှာ မြင့်မားသောအပူချိန်ပင်ဖြစ် နေပါသည်။ "ဗုဒ္ဓဘာသာရဲ့ဓလေ့ထုံးတမ်း အစဉ်အလာအရဆိုရင် ဘုရားကျောင်းကန် အတွင်း ဖိနပ်စီးခွင့်မရှိ ပါဘူး။ အဲဒီအချိန် တုန်းက အုတ်ခုံမှာအပူဆုံးအပူချိန်က ၆၃ ဒီဂရီဆဲလ်စီးရပ်အထိ ရောက်တတ်ပါ တယ်။ အဲဒါကြောင့် ကျွန်တော်တို့ပညာရှင်တွေဆိုရင် ခြေဖဝါးမှာ အပူလောင်ပူဖောင်းတွေထွက် လာကြပါတယ်" ဟု ကျောက်ချန်းကရယ်မော ပြီးပြောပြနေပါသည်။

အထူးသဖြင့် ၂၀၁၆ ခုနှစ် သွားရောက်ဆာဗေးလုပ်တိုင်းတာရ သည့်အခါမှာ ငလျင်ဒဏ်ခံပြီးခါစ ပျက်စီး နေသော သဗ္ဗေညုစေတီမှာ ပြိုကျပျက်စီး နေသော အုတ်စများ၊ ဖန်ကွဲစများ၊ သစ်သား စများ၊ ကျောက်ခဲကြေများ၊ သံတိုသံစများ နေရာအနှံ့ပြန့်ကြဲနေရာ ခြေချ၍ပင် ခက်ခဲ နေပါတော့သည်။
 
"ပိုပြီး ပျက်စီးနေတဲ့နေ ရာတွေက ကျွန်တော်တို့အဖွဲ့ဝင်များက ပိုပြီး ဝင်ရောက်ဆာဗေးလုပ်တိုင်း တာလေ့ လာရမဲ့နေရာ တွေဖြစ်နေပါတယ်။"

ယခုနှစ် ဇူလိုင်လက ကျင်းပသော (၄၃) ကြိမ်မြောက်ကမ္ဘာ့ယဉ်ကျေးမှုအမွေအ နှစ်ဆိုင်ရာအစည်း အဝေးပေါ်မှာ ပုဂံကို ကမ္ဘာ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် သတ်မှတ် ခြင်း ခံခဲ့ရပါတော့ သည်။ ထိုမှအများအာရုံ စူးစိုက်ခြင်းကို ပိုမိုခံခဲ့ရပါတော့သည်။ ကျောက်ချန်းက သတင်းထောက်ကိုမိတ် ဆက်ပေးသည်မှာ "ဆားဗေးလုပ်တိုင်းတာရေး လုပ်ငန်းဝင်သည့်အခါ ပုဂံသဗ္ဗေညု ဘုရား သည် ပြင်ပသို့ ခါတိုင်းအတိုင်း ဖွင့်လှစ်ပေး လျက်ရှိနေပါသည်။ ခရီးသွားဧည့်သည်များ ဝင်ရောက်ဖူးမျှော်ခွင့် ပေးထားပါသည်။

"ဆိုလိုသည်မှာပြုပြင်ရေးလုပ်ငန်းဟာ ကမ္ဘာတစ်ဝန်းကို တိုက်ရိုက်ထုတ်လွှင့်ပေး နေသလိုဖြစ်နေ ပါတယ်။ ဒါကြောင့် ကျွန် တော်တို့ တရုတ်အဖွဲ့ဝင်များဟာ အထူး ဂရုစိုက်ရပါတယ်။ အပြောအဆို၊ အဝတ် အစား၊ အပြုအမူစတာတွေ အားလုံးစံထား မှုရှိရပါတယ်။ လုပ်ငန်းခွင်အတွင်းသန့်ရှင်း သေသပ်မှုနှင့် ယဉ်ကျေးသိမ်မွေ့မှုကို ထိန်း သိမ်းထားရပါတယ်။ ဒေသခံရိုးရာ ယဉ်ကျေး မှုကိုရို သေလေးစားရပါတယ်"

"လေးစားမှုဆိုတာအပြန်အလှန်ပါ။ကျွန်တော်တို့ရဲ့အလုပ်ကို ဒေသခံရှေး ဟောင်းပစ္စည်းထိန်းသိမ်းရေး ဌာနနဲ့ ပြည်သူ လူထုတို့ရဲ့ လက်ခံနားလည်မှု အသိအမှတ် ပြုမှုကိုခံခဲ့ရပါတယ်" ဟု ကျောက်ချန်းက ဤသို့ပြောကြားသွားပါသည်။

ပြည်သူ့နေ့စဉ်သတင်းစာ / ပြည်ပကော်လံ။