ထားထားဝေ၊ Sakamoto Maths Myanmar
-----------------------------------------------
သင်၏ကျောင်းသင်ခန်းစာမှာ  အကြိုက်ဆုံးဘာသာရပ်ကဘာပါလဲ။
-----------------------------------------------
လူအများစုက ဤမေးခွန်းကို ပြန်လည်ဖြေဆိုရာ၌ သချာၤတွင် အမှန်တကယ်တော်သည့်သူများမှလွဲ၍ သင်္ချာဘာသာရပ်ဆိုသည့် အဖြေကိုပြန်ဖြေလိမ့်မည်မဟုတ်ပေ။ သာမန်ကျောင်းသား၊ ကျောင်းသူ များအနေဖြင့် သင်္ချာဘာသာရပ်အား နားလည်လာစေရန် အနည်းနှင့် အများ အခက်အခဲရှိပုံရပါတယ်။



သို့သော် ယခုခေတ်ကျွန်တော်တို့၏ ကိုယ်ပိုင်ဘဝများနှင့် အသက် မွေးဝမ်းကျောင်းဘဝများကိုပါ အကျိုးသက်ရောက်မှုပေးနေသော ကွန် ပျူတာနှင့်ပရိုဂရမ်ရေးဆွဲခြင်း၊ မိုဘိုင်းဖုန်း၊ ဆော့ဝဲလ်ရေးဆွဲခြင်းနှင့် အခြားနည်းစနစ်များ၊ လုပ်ငန်းစဉ်များအတွက်တော့ သင်္ချာဘာသာရပ် က ပြီးပြည့်စုံသော အခြေခံဖြစ်သည်ဆိုသည်ကို လူတွေသတိမထားမိ ကြပါဘူး။

အတွေးအခေါ်ပညာရပ်နဲ့ သင်္ချာဘာသာရပ်ဆိုသည်မှာ ရှေးယခင် ကတည်းကခွဲခြားလို့မရပါဘူး။ ဥပမာ-အရစ္စတိုတယ်၊ ပလေတို၊ ပိုက် သာဂိုးရပ်စ် စသည့်သမိုင်းမှာ အတော်ဆုံးအတွေးအခေါ်ပညာရှင် အများစုမှာ သင်္ချာဘာသာရပ်အားကျွမ်းကျင်သည့် ပညာရှင်များဖြစ် သလို သင်္ချာဘာသာရပ်ကိုကျွမ်းကျင်သည့်ပညာရှင်များကလည်း အတွေး အခေါ်ပညာရှင်တွေပဲ ဖြစ်ကြပါတယ်။

ယနေ့ခေတ် ပရိုဂရမ်ရေးဆွဲရာတွင်သုံးသော အယ်ဂိုရစ်သမ်နှင့် နေရာပြကိန်းဂဏန်းတန်ဖိုးတို့သည်လည်း အရှေ့ပိုင်းအတွေးအခေါ် ကနေ ဆင်းသက်လာပြီး အဲလ်ဘတ်၊ အိုင်းစတိုင်း၏သင်္ချာဆိုင်ရာ သီအိုရီများသည်ပင်လျှင် ယနေ့ခေတ်အတွေးအခေါ်များရဲ့ အခြေခံ တစ်ခုဖြစ်လာပါတယ်။

သင်္ချာဘာသာရပ်က လက်ရှိဆိုရှယ်မီဒီယာမှာရော အနာဂတ် အတွက်ပါ အဓိကအရေးပါလှသောအရာဖြစ်သလို Facebook, Twitter, Instagram, Baidu နှင့် အခြားသော နောက်ထပ်ထွက်ရှိလာ မည့် ဆိုရှယ် App များသည်လည်း အခြေခံသင်္ချာသဘောတရားမပါဘဲ ပေါ်ပေါက်လာမည်မဟုတ်ပေ။

ဒါဆိုရင် သင်္ချာဘာသာရပ်ကို အခုထိလူတွေဘာလို့မကြိုက်ကြတာလဲ။ ဒီမေးခွန်းကိုပဲ ပုဂ္ဂလိကသင်္ချာကျူရှင်၊ သင်တန်းကျောင်းတွေက အဖြေ ပေးဖို့ကြိုးစားနေကြသလို ဈေးကွက်အတွင်းမှာလည်း ဖြေရှင်းဖို့အထောက် အပံ့တွေပေးနေပါတယ်။ သူတို့ကျောင်းတွေမှာ သာမန်ကျောင်းတွေ လို အလွတ်ကျက်သင်ကြားနည်းမျိုးမဟုတ်ဘဲ သင်္ချာပုစ္ဆာတစ်ခုကို နည်းစနစ်ကျကျစဉ်းစားတွေးခေါ်ပြီး ဖြေရှင်းနိုင်သောနည်းလမ်းများ ကို အသုံးပြုသင်ကြားပေးလျက်ရှိပါတယ်။

ကမ္ဘာ့ပထမဆုံးအာကာသယာဉ်မှူးတစ်ဦးဖြစ်ပြီး NASA ရဲ့ အာကာသယာဉ်မှူးဟောင်းတစ်ဦးဖြစ်သူ Mr.Taichi Yamazaki မှ  "ယခုလို သင်္ချာဘာသာရပ်ဦးဆောင်နေတဲ့ခေတ်ကြီး မှာ သင်္ချာဘာသာ ရပ်ကို နားမလည်ခြင်းက ပြတိုက်ထဲမှာ မျက်စိမှိတ်ပြီး လျှောက်သွား နေသလိုပါပဲ။ သင်္ချာဘာသာရပ်ကိုလေ့လာခြင်း၊ နားလည်ခြင်းကလည်း ကျွန်တော်တို့ ကမ္ဘာကြီးထဲမှာ သတိမထားမိတဲ့အခြားအရာတွေကို လည်း နားလည်တန်ဖိုးထားတတ်စေဖို့ အကူအညီပေးပါတယ်။ တ ကယ်တော့ သင်္ချာဟာ နေရာတိုင်း အရာတိုင်းအားလုံးအတွက် မရှိ မဖြစ်ပါ။ ဒါ့အပြင် သင်္ချာဟာ ကျွန်တော်တို့ရဲ့ နည်းပညာအသစ်များ အတွက် အသုံးပြုသည့် သိပ္ပံဘာသာရပ်များတွင်လည်း အသုံးချနိုင်ပြီး ကျွန်တော်တို့ဘ၀ အတွက်ပါ အရမ်းအရေးပါသော အရာဖြစ်ပါတယ်။ သင်္ချာဘာသာရပ်၏ အကျိုးကျေးဇူးကြောင့် ကျွန်တော်တို့ တကယ် ကမ္ဘာ့ကြီးရဲ့ အရာတွေ ဘယ်လိုအလုပ်လုပ်လဲဆိုတာ ရှင်းပြနိုင်သလို ကျွန်တော်တို့ရဲ့ အတွေးအခေါ်တွေ စိတ်ကူးတွေကို အကြောင်းအကျိုး ညီညွတ်ပြီး ရှင်းလင်းတိကျဖော်ပြနိုင်ပါတယ် " ဟု ပြောကြားထားပါတယ်။

ကျောင်းသား၊ ကျောင်းသူတွေ အသက်ငယ်ရွယ်တဲ့အချိန် သင်္ချာ ဘာသာရပ်ကို နားလည်လာစေဖို့ အလွယ်ဆုံးနည်းလမ်းကတော့ သင်္ချာ ဘာသာရပ်နဲ့ပတ်သက်ပြီး စိန်ခေါ်မှုတွေနည်းလေ ကျောင်းသား ကျောင်းသူတွေ အဲ့ဒီဘာသာရပ်ကို ပိုပြီးစိတ်ဝင်စား နှစ်သက်လာကြ လေဖြစ်ပါတယ်။ အသက်ငယ်ရွယ်တဲ့အချိန်ကတည်းက သင်္ချာဘာသာ ရပ်ကို နှစ်သက်လာခြင်းဟာ အထက်တန်းပညာရေးမှာရော အသက် ကြီးလာတဲ့အချိန်မှာရော ဆုံးဖြတ်ချက်တွေ မှန်မှန်ကန်ကန်ချမှတ် တတ်အောင်၊ အတွေးအခေါ်ကောင်းတွေသာမက ကောင်းမွန်တဲ့ဘ၀ အတွက် ဦးဆောင်လမ်းပြပေးမှာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ သင်္ချာ ဘာသာရပ်က ယနေ့မျက်မှောက်ခေတ်ကာလ ဘဝတွေရဲ့နေရာတိုင်းမှာ နေရာယူထားဆဲဖြစ်ပါတယ်။

ဘဝလောကဓံတွေကိုဖြတ်သန်းရာမှာ လွယ်တော့ မလွယ်ကူလှ ပါဘူး။ ဒါပေမဲ့ သင်္ချာအခြေခံသဘောတရားကို ကောင်းကောင်းနား လည်ထားမယ်ဆိုရင်တော့ ယနေ့လျင်မြန်စွာ တိုးတက်နေတဲ့အင်တာ နက် ကမ္ဘာကြီးထဲမှာ စိတ်ဖိစီးမှုတွေကို ဖြေလျှော့ပေးဖို့ ကူညီပေးပါ လိမ့်မယ်။ ထို့အပြင် ဘဝကပေးတဲ့သင်ခန်းစာတွေကို ပိုပြီးလက်တွေ့ ကျကျ လက်ခံနိုင်စေဖို့လည်း ဦးဆောင်လမ်းပြပေးပါလိမ့်မယ်။ ဒီလို ဆိုရင်ရော သင့်ရဲ့ကျောင်းသင်ခန်းစာမှာ အကြိုက်ဆုံးဘာသာရပ်က ဘာဖြစ်ဦးမလဲ။

#ADVERTORIAL