Print
News
Current News
Hits: 8668

မန္တလေး၊ ဇွန် ၁၆- နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်၏(၇၄)နှစ်ပြည့်အထိမ်းအမှတ် စုပေါင်းစက်ဘီးစီးပွဲကို မန္တလေးမြို့၌ ဇွန် ၁၉ ရက် နံနက် ၆ နာရီခွဲတွင် ကျင်းပမည်ဖြစ်ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ပါဝင် စီးနင်းသွားမည်ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ (၇၄)နှစ်ပြည့်အထိမ်းအမှတ်စုပေါင်း စက်ဘီးစီးပွဲကို မန္တလေးမြို့ ၂၆ လမ်း၊ ၇၁_၇၂ လမ်းကြား မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီရုံးရှေ့မှ စတင်တာထွက်မည် ဖြစ်ပြီး ၂၆ လမ်းမှ ၇၃ လမ်းအထိ၊ ၇၃ လမ်းမှ ၃၈ လမ်းတွင် လမ်းဖွင့် ပွဲအခမ်းအနားတက်ရောက်ပြီး ၃၈ လမ်းမှ ၇၈ လမ်း၊ ၇၈ လမ်းမှ သိပ္ပံလမ်း၊ သိပ္ပံလမ်းမှ ၇၃ လမ်း၊ ထိုမှတစ်ဆင့် မင်္ဂလာမန္တလေး၊ အနုပညာလမ်း၌ တိုင်းဒေသကြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ကျင်းပသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်၏ (၇၄)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အခမ်းအနားနှင့် ဓာတ်ပုံဘိုဘို၏ Our Leader 74 ဓာတ်ပုံပြပွဲနေရာတွင် စက်ဘီး စီးအဖွဲ့ပန်းဝင်ကြမည်ဖြစ်သည်။

အဆိုပါအထိမ်းအမှတ် စုပေါင်းစက်ဘီးစီးပွဲကို မည်သူမဆိုပါဝင် စီးနင်းနိုင်ပြီး စက်ဘီးစီးသူအများစုမှာ ဒေါ်အောင်ဆန်းစုကြည်ပုံပါ စက်ဘီးစီးအင်္ကျီများဝတ်ဆင်စီးနင်းကြမည်ဖြစ်သည်။

DW/Dmeocracytoday