Print
News
Current News
Hits: 8827

ရန်ကုန်၊ ဇွန် ၁၆-အိန္ဒိယနဲ့ မြန်မာတပ်မတော်တို့ ပူးပေါင်း စစ် ဆင်ရေးပြုလုပ်ပြီး၊ အိန္ဒိယအရှေ့ မြောက်ပိုင်းနှင့် မြန်မာနယ်စပ် လက်နက်ကိုင်သူပုန်များ၏ စခန်း အချို့ကို ချေမှုန်းဖယ်ရှားနိုင်ခဲ့ ကြောင်း ဇွန် ၁၆ ရက်က indian-express သတင်း၌ ဖော်ပြထား သည်။

Operation Sunshine -2 ဟုအမည်ပေးထားသည့် နှစ်နိုင်ငံ တပ်ဖွဲ့များ ပူးပေါင်းလုပ်ဆောင် သည့် အဆိုပါစစ်ဆင်ရေးကို မေ ၁၆ ရက်မှ ဇွန် ၈ ရက်အထိ ပြု လုပ်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါပူးပေါင်းဆောင်ရွက် မှုမှာ အိမ်နီးချင်းနိုင်ငံများကြား ထားရှိသည့် မူဝါဒအရ ဆောင် ရွက်ခြင်းဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဒီမိုကရေစီတူ ဒေးသို့ပြောသည်။

"ကျွန်တော်တို့ရဲ့ မူဝါဒက တော့ ဟိုဘက်က ဆန့်ကျင်ဘက် ကို၊ အိမ်နီးနားချင်းနိုင်ငံတွေရဲ့ ဆန့်ကျင်ဘက်အဖွဲ့တွေကိုတို့ထဲ မှာ အခြေမပြုနိုင်အောင် လုပ် ဆောင်မယ်လို့ ကျွန်တော်တို့ပြော ထားပြီးဖြစ်ပါတယ် " ဟု ၎င်းင်းက ပြောသည်။

အဆိုပါစစ်ဆေးရေးအတွင်း မြန်မာနိုင်ငံဘက်ခြမ်း၌ တပ်စွဲ ထားတဲ့ NSCN-K အပါအဝင် အိန္ဒိယသူပုန်တပ်ဖွဲ့များ၏ တပ် စခန်း အနည်းဆုံးခုနစ်ခု၊ ရှစ်ခုကို မြန်မာ့တပ်မတော်က အမြောက်နဲ့ ပစ်ခဲ့ပြီး ဆုတ်ခွာလာသော သူပုန် အယောက် ၈၀ ခန့်ကို အိန္ဒိယတပ် မတော်က ဖမ်းဆီးနိုင်ခဲ့ကြောင်း လည်း ဖော်ပြထားသည်။

အခုပြုလုပ်သည့် စစ်ဆင် ရေးမတိုင်ခင်ကလည်း “Operation Sunshine-1”ဟု အမည်ပေးထား သည့် စစ်ဆေးရေးတစ်ခုကို အိန္ဒိယ နှင့် မြန်မာတပ်ဖွဲ့တွေများက ဖေ ဖော်ဝါရီ ၂၂ ရက်မှ ၂၆ ရက်အ ထိ ပြုလုပ်ခဲ့ကြသေးသည်။

အဆိုပါစစ်ဆင်ရေးအတွင်း အိန္ဒိယဘက်ခြမ်းတွင် ရောက်ရှိနေ သည့် AA တပ်ဖွဲ့ဝင်များ၏ စခန်းများကို အိန္ဒိယတပ်မတော် က တိုက်ခိုက်ခဲ့ပြီး၊ မြန်မာဘက်ကို ဆုတ်ခွာလာသည့် AA တပ်ဖွဲ့ ဝင်များကို မြန်မာ့တပ်မတော်က နှိမ်နင်းခဲ့ကြောင်းလည်း ဖော်ပြ ထားသည်။

HWA, One News Myanmar