ရန်ကုန်၊ မေ ၂၈- မြဝတီနယ်စပ် သောင်ရင်းမြစ် ဖြတ်ကျော်ဂိတ် များမှ ထိုင်းကုန်ပစ္စည်းများပြည်တွင်းသို့ လွယ်လွယ်ကူကူစီးဝင်မှု ကြောင့် တရားမဝင်ကုန်စည်များ ကို ထိန်းချုပ်နိုင်ခြင်း မရှိသေး ကြောင်း မြဝတီနယ်စပ်ကုန်သွယ် ရေးစခန်းမှ သိရသည်။ အဆိုပါ တရားမဝင်ကုန်စည် များကို ထိန်းချုပ်နိုင်ခြင် းမရှိသေးသည့်အတွက် မြဝတီနယ်စပ်ကုန် သွယ်ရေးစခန်း၏ တရားဝင်သွင်း ကုန်တင်သွင်းမှုပမာဏမှာ သိသိ သာသာ လျော့ကျလျက်ရှိကြောင်း သိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူတစ်ဦးက""ထိုင်းနိုင်ငံကတရား ဝင်ပို့တယ်ဆိုပေမယ့် ကျွန်တော် တို့နိုင်ငံဘက်မှာက ခွင့်မပြုထား တာတွေရှိတယ်။ နှစ်နိုင်ငံကုန် သွယ်မှုစာရင်းကို တိုက်ကြည့်တဲ့ အခါ တရားမဝင်တင်ပို့တင်သွင်းမှု တွေရှိနေတာတွေ့ရတယ်။ ကုန် သွယ်မှုစာရင်း အမြဲတမ်းအမေရိ ကန်ဒေါ်လာ တစ်ဘီလီယံလောက် ကွာဟတယ်""ဟု မေ ၂၈ ရက်က ဒီမိုကရေစီတူဒေးသို့ ပြောသည်။


မြဝတီကုန်သွယ်ရေးဇုန်၏သွင်းကုန်တင်သွင်းမှု ပမာဏမှာ ယခုဘဏ္ဍာနှစ်စ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၁၉ ခုနှစ် မေ ၁၇ ရက်အထိ ခြောက်လ ကျော်ကာလအတွင်း ကန်ဒေါ်လာ ၄၆၈ ဒသမ ၅၆၄ သန်း တင်သွင်း ခဲ့သော်လည်း ယမန်ဘဏ္ဍာနှစ် ကာလတူတွင် ကန်ဒေါ်လာ ၅၃၉ ဒသမ ၄၄၂ သန်း တင်သွင်းခဲ့ခြင်း ကြောင့် ယမန်ဘဏ္ဍာနှစ်ကာလ တူ ကုန်သွယ်မှုပမာဏထက် ကန် ဒေါ်လာ ၇၀ ဒသမ ၈၇၈ သန်း လျော့ကျတင်သွင်းခဲ့ကြောင်း သိရ သည်။

မြဝတီနယ်စပ်ကုန်သွယ်ရေး စခန်းမှ ညွှန်ကြားရေးမှူးဦးသောင်း ဟန်က""မြဝတီနယ်စပ်ကနေ တ ရားဝင် ကုန်သွယ်မှုကိုချစ်ကြည် ရေးတံတားတစ်ခုပဲ သတ်မှတ်ထား ပေမယ့် တရားမဝင်သောင်ရင်းမြစ် ဖြတ်ကျော်ဂိတ်တွေက ဝင်လာတဲ့ ကုန်ပစ္စည်းတွေကို ထိန်းချုပ်ပေး နိုင်တာမရှိဘူး။ ထိန်းချုပ်ပေးနိုင် တာမရှိတဲ့အတွက် ထိုင်းကဝင်လာ တဲ့ ကုန်ပစ္စည်းတွေပြည်တွင်းကို လွယ်လွယ်ကူကူစီးဆင်းသွားပြီး တရားမဝင်ကုန်သွယ်မှုကို မထိန်း ချုပ်နိုင်တာဖြစ်တယ်""ဟု ပြော သည်။

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံအ တွင်းသို့ တရားမဝင်ကုန်ပစ္စည်း များ တင်သွင်းလာရာတွင် အရက်၊ ဘီယာ၊ စားသုံးရန်မသင့်သော စားသောက်ကုန်ပစ္စည်းများ၊ လူ သုံးကုန်ပစ္စည်းများ ကျန်းမာရေး ထိခိုက်စေသော ကုန်စည်များပါ ဝင်ပြီး ယင်းသို့နယ်စပ်မှ တရားမဝင် ဝင်ရောက်လာသော ကုန်ပစ္စည်း များကြောင့် ပြည်တွင်းအသေးစား နှင့် အလတ်စား စီးပွားရေးလုပ် ငန်းများ ရပ်တည်ရန် ခက်ခဲလာ ကြောင်း သိရသည်။

မြဝတီနယ်စပ်ကုန်သွယ်ရေး စခန်းမှ တာဝန်ရှိသူတစ်ဦးက""တရားဝင်ကုန်သွယ်မှုလုပ်ငန်းမှာ လိုက်ပါဆောင်ရွက်နိုင်အောင်လို့ ကုန်သွယ်မှုဆိုင်ရာ ဖြေလျှော့ပေး မှုတွေ အမြဲဆောင်ရွက်ပါတယ်။ တရားမဝင်ကုန်သွယ်မှု တားဆီး ရေးဆောင်ရွက်မှုကိုတော့ ကျွန် တော်တို့အစိုးရ၊ ဌာနဆိုင်ရာတွေ အပြင် ကုန်သွယ်လုပ်ငန်းရှင်တွေ လည်း ပူးပေါင်းပါဝင်ပြီး တရား မဝင်သွားလာမှုကို ထိန်းချုပ်ပေး နိုင်မှသာ တရားမဝင်ကုန်သွယ်မှု လျော့ကျလာပြီး တရားဝင်ကုန် သွယ်မှုပမာဏ အမှန်တကယ်တိုး တက်လာမှာဖြစ်ပါတယ်""ဟု ပြော သည်။

KKTM (MWD)/Democracytoday