ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂-

အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီပိုင်ရှင်ဦးစိုးထွန်းရှိန်ကို ဖမ်း မိပြီဖြစ်ပြီး မန္တလေးသို့ ခေါ်ဆောင် သွားပြီဖြစ်ကြောင်း တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြော သည်။ ဝရမ်းပြေးအဖြစ်ကြေညာခံ ထားရသည့် ဦးစိုးထွန်းရှိန်ကို ထိုင်းနိုင်ငံတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး နိုင်ငံ တကာ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဖမ်းဆီး ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ဒီမိုကရေစီတူဒေးသို့ နိုဝင်ဘာ ၆ရက် တွင်ပြောသည်။


"အင်တာပိုနဲ့ပူးပေါင်းပြီးတော့ ဖမ်းဆီးခဲ့တာပါ။ ခုတာချီလိတ်ကနေ ပြီးတော့ မန္တလေးကို လေယာဉ်နဲ့ ပို့နေပါပြီ။ ကျန်တာကတော့ ဥပဒေ အတိုင်း ဆက်လက်လုပ်ဆောင်သွား မှာပါ" ဟု ၄င်းကပြောသည်။

ဦးစိုးထွန်းရှိန်သည် ထိုင်းနိုင်ငံ ဘက်သို့ထွက်ပြေးတိမ်းရှောင်နေခြင်း ဖြစ်ပြီး ဖမ်းဆီးပြီးနောက် ထိုင်းနိုင်ငံ မယ်ဆိုင်မှ မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတား အမှတ် (၂)မှတစ်ဆင့် တာ ချီလိတ်မြို့သို့ ယနေ့ နေ့လယ်ပိုင်း တွင် ရောက်ရှိလခဲ့ခြင်းဖြစ်သည်။

တရားခံပြေး ဦးစိုးထွန်းရှိန်နှင့် ထိုင်းနိုင်ငံတွင် တွေ့ရှိသည်ဟု သတင်းများနှင့် ပတ်သက်၍ ရဲတပ် ဖွဲ့တာဝန်ရှိသူများ ထိုင်းနိုင်ငံသို့သွား ရောက်မည်ဟု အောက်တိုဘာ ၂၅ရက်က နေပြည်တော်၊ နိုင်ငံတော်သမ္မတ အိမ်တော်တွင် ကျင်းပသည့် သတင်း စာရှင်းလင်းပွဲတွင် ဦးဇော်ဌေးကပြော ကြားခဲ့သည်။

ဦးစိုးထွန်းရှိန်ပိုင်ဆိုင်သည့် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ သည် ရမည်းသင်းမြို့နယ်ရှိ ဧက ၆၀ဝ၀ ကျော်ရှိသည့် မိုးထိမိုးမိ ရွှေ လုပ်ကွက်ကြီးတွင် နိုင်ငံတော်အစိုးရ နှင့် စာချုပ်ချုပ်ဆိုပြီး လုပ်ကိုင်ခဲ့ပြီး သတ်မှတ်ထားသည့် ရွှေပိတ်သာများ ကို နိုင်ငံတော်ကို ပေးသွင်းခြင်း၊ တရားမဝင် ရွှေဆက်လက်တူးဖော် ခြင်းများကြောင်း ဦးစိုးထွန်းရှိန်အပါ အဝင် တာဝန်ရှိသူများကို ရာဇဝတ်ပုဒ်များဖြင့် အမှုဖွင့်ထားကာ ဦးစိုးထွန်းရှိန်အား အတရားခံပြေး အဖြစ်ကြေညာ ထားခြင်းဖြစ်သည်။

ယင်းနောက် Myanmar Now သတင်းဌာက ဦးစိုးထွန်းရှိန် ထိုင်းနိုင် ငံသို့ရောက်ရှိနေကြောင်း သတင်း ရေးသားခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူများအနေဖြင့် ထိုင်းနိုင်ငံ သို့သွားရောက်ပြီး နိုင်ငံတကာရဲတပ် ဖွဲ့နှင့် ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ် သည်။

ဦးစိုးထွန်းရှိန်အပါအဝင် စုစု ပေါင်း (၅)ဦးကို မန္တလေးတိုင်းဒေ သကြီး၊ ရမည်းသင်းမြို့မရဲစခန်းတွင် သတ္တုတွင်းဥပဒေပုဒ်မ ၃၀(က)ဖြင့် အမှုဖွင့်ထားပြီး တရားခံပြေးအဖြစ် ကြေညာထားခြင်းဖြစ်သည်။

HWA/Democracytoday