ရန်ကုန်၊ အောက်တိုဘာ ၂၈ - ရှမ်း ပြည်နယ်ရှိ တီကျစ်ကျောက်မီး သွေးသုံးဓာတ်အားပေးစက်ရုံ စမ်း သပ်လည်ပတ်မှုအား ရပ်တန့်ပေး ရန် မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင် ရာ အရပ်ဘက်မဟာမိတ်အဖွဲ့ (MATA)က တောင်းဆိုလိုက်သည်။



အဆိုပါစက်ရုံနှင့် ပတ်သက် ပြီး ပြုလုပ်ထားသည် ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ချက် (EIA) အစီရင်ခံစာကို ၂၀၁၉ ခုနှစ် ဇူ လိုင်လတွင် ထုတ်ပြန်ခဲ့ပြီး လေ့လာ မှုများပြုလုပ်ရာတွင် ကျောက်မီး သွေးတန်ထောင်ပေါင်းများစွာကို မီးရှို့ရာမှ ထွက်လာမည့် ကာဗွန် နှင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ် လွှတ်မှုကို လေ့လာဆန်းစစ်မှုမရှိ ခြင်း၊ ဒေသနေကလေးငယ်များ၏ဆံပင်များအား ဓာတ်ခွဲစမ်းသပ် ချက်တွင် သတ္တုအဆိပ်သင့်မှုများ  တွေ့ရှိထားသော်လည်း အသေး စိတ်ကျန်းမာရေးဆိုင်ရာ ထိခိုက်မှု ဆန်းစစ်ချက်များပြုလုပ်ထားမှုမရှိ ခြင်း၊ လေထုအရည်အသွေးတိုင်း တာချက်များမှာ မြန်မာနိုင်ငံ၏လေထု ဝန်းကျင် ညွှန်ကြားချက်ထက် ကျော်လွန်နေခြင်းနှင့် လေထုနမူ နာ ကောက်ယူနေမှုများမှာ မှား ယွင်းနေခြင်း၊ ဒေသခံများ သောက် သုံးမှုအတွက် အသုံးပြုနေသည့် မြစ်ချောင်းရေအား တိုင်းတာရာ တွင် စက်ရုံများမှ ရေဆိုးစွန့်ပစ် သည့် စံနှုန်းအညွှန်း ကိန်းများကို နှိုင်းယှဉ်အသုံးပြုဖော်ပြထားခြင်း စသဖြင့် အစီရင်ခံစာမှာ လိုအပ် ချက်များစွာရှိကာ ပြီးပြည့်စုံခြင်း မရှိကြောင်း အဆိုပါအဖွဲ့၏ ထုတ် ပြန်ချက်များတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင် ရာ အရပ်ဘက်မဟာမိတ်အဖွဲ့ (MATA) အဖွဲ့ကိုယ်စားလှယ် ဦး အောင်ကျော်မိုးက "ဒီစက်ရုံကို ယာယီရပ်ထားတာနဲ့ မပြီးသွားဘူး။ အစိုးရအနေနဲ့ အဲဒီဒေသမှာရှိတဲ့ လူတွေအတွက် အနည်းဆုံးသန့် ရှင်းတဲ့ သောက်ရေနဲ့ စိုက်ပျိုးဖို့ ရေတွေရအောင် ချက်ချင်းလုပ်ပေး ဖို့လိုပါတယ်" ဟုပြောသည်။

အဆိုပါစက်ရုံနှင့် ပတ်သက် ပြီး ပြုလုပ်ထားသည် ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ချက် (EIA) အ စီရင်ခံစာသည် စီမံကိန်းကြောင့်ထိခိုက်မှုများကို သေချာစွာလေ့ လာဖော်ပြမှုမရှိခြင်း၊ စီမံကိန်းမှ ညစ်ညမ်းမှုအဆင့် မည်မျှအထိ ထုတ်လွှတ်နေသည်ကို ရှာဖွေတင် ပြရန် ပျက်ကွက်ခြင်းများကြောင့် တီကျစ်ကျောက်မီးသွေးသုံး လျှပ် စစ်ဓာတ်အားပေးစက်ရုံ စမ်းသပ် လည်ပတ်နေမှုအား ရပ်တန့်ပေး ရန် တောင်းဆိုလိုခြင်းဖြစ်သည်။

တီကျစ်ဒေသကို သွားရောက် လေ့လာမှုများပြုလုပ်ခဲ့ဖူးသည့် Australia နိုင်ငံအခြေစိုက်ကုမ္ပဏီ တစ်ခုဖြစ်သည့်
Hydrology Consulting မှ ပညာရှင် Paul Winn က "အဲဒီဒေသက ကလေးတွေရဲ့ ဆံပင်တွေမှာ ရှိနေတဲ့ သတ္တုအဆိပ် သင့်မှု အဆင့်က လူထုကျန်းမာ ရေးကပ်ဘေးလို့တောင် ပြောလို့ရ တယ်။ အဲဒါတောင် အခုလုပ်ထား ပါတယ်ဆိုတဲ့ ပတ်ဝန်းကျင်ထိခိုက် မှု ဆန်းစစ်ချက် (EIA) အစီရင် ခံစာမှာ အသိအမှတ်ပြုမဖော်ပြ ထားပါဘူး" ဟုပြောသည်။

တီကျစ်ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံမှာ လက်ရှိ အချိန်တွင် စမ်းသပ်လည်ပတ်မှု များ ပြုလုပ်နေပြီးယခင်က စမ်းသပ် လည်ပတ်ခွင့်ကို တစ်နှစ်တစ်ကြိမ် သက်တမ်းတိုးပေးခဲ့သည်။

ယင်းနှင့်ပတ်သက်ပြီး တီကျစ် ဓာတ်အားပေးစက်ရုံမှူး တာဝန်ခံ ဖြစ်သူ ဦးဝင်းဌေးက "ကျွန်တော် တို့ ဓာတ်အားပေး စက်ရုံကနေပြီး တော့ ပုံမှန်လျှပ်စစ်ဓာတ်အား မဂ္ဂါ ဝပ် ၈၀ ကနေ ၉၀ ကြားကို ထုတ် လုပ်ပေးနေပါတယ်။ စမ်းသပ်လည် ပတ်ခွင့်ကို ယခင်က တစ်နှစ်တစ် ကြိမ်ပေးတာကနေပြီး အခုသုံးနှစ် ခွင့်ပြုပေးလိုက်တာဖြစ်ပါ တယ်။စက်ရုံကတော့ အနေအထား ကောင်းပါတယ်။ အခြားကတော့ သိပ်ပြီးပြောစရာမရှိပါဘူး" ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ပထမဦးဆုံး အကောင်အထည်ဖော်ဆောင် ရွက်နေသော ကျောက်မီးသွေး သုံး လျှပ်စစ်ဓာတ်အားပေးစက် ရုံသည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်တွင် တည်ရှိပြီး စက်ရုံဝန်းကျင်ရှိ ကျေးရွာပေါင်း ၃၀ ကျော်မှ ဒေသနေပြည်သူပေါင်း များစွာသည် စက်ရုံကြောင့် ထိခိုက် ခံစားနေရသော သမိုင်းသာဓက များရှိနေပြီး ၂၀၁၅ ခုနှစ်တွင် တရုတ်ကုမ္ပဏီတစ်ခုဖြစ်သော Wuxi Huagaung Electric Power Engineering  မှ ကျောက် မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေး စက်ရုံကို အဆင့်မြှင့်တင်၍ လုပ် ပိုင်ခွင့် (၂၂) နှစ်အတွက် လိုင်စင် သက်တမ်းရရှိခဲ့ပြီး ဒေသနေ လူ ထုကို စီမံကိန်းလည်ပတ်ရန်အ တွက် ပတ်ဝန်းကျင်ထိခိုက်မှုဆန်း စစ်ချက်(EIA)ကိုလုပ်ဆောင်မည် ဟု ကတိပြုခဲ့ကြောင်းသိရသည်။

AA/Democracytoday