ရန်ကုန်၊အောက်တိုဘာ၂၃- မြန်မာ နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံဆိုင်ရာသံအမတ်ကြီးနှင့် မြန် မာ-တရုတ် ယဉ်ကျေးမှု အသင်းမှ တာဝန်ရှိသူများ အောက်တိုဘာ ၂၃ ရက် ညနေ ၄ နာရီတွင် အမှတ် (၁)၊ ပြည်ထောင်စုရိပ်သာလမ်း၊ အလုံ မြို့နယ်၊ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ဆိုင်ရာတရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံး၌ ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြ ပြီး စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များ အပြန်အလှန်ဖလှယ် ရေးတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ မြန်မာ နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံအမတ်ကြီး H.E Mr Chen Hai နှင့် Head of information and public affairs section  မှ Mr. LI Fusheng @ Aung Naing Swe  တို့ တက်ရောက်ခဲ့ကြပြီး မြန်မာ-တရုတ် ယဉ်ကျေးမှုအသင်းမှ ဥက္ကဋ္ဌ ဦးလှိုင်ဝင်း၊ ဒုတိယဥက္ကဋ္ဌများဖြစ် ကြသောဦးမောင်မောင်မြင့်အေး၊ ဒေါ်ကြည်လင်းနှင့် အတွင်းရေးမှူး ဦးဌေးအောင်တို့ တက်ရောက်ခဲ့ကြ သည်။

တွေ့ဆုံပွဲတွင် မြန်မာ-တရုတ် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးလှိုင် ဝင်းက အသင်းကိုယမန်နှစ်က နိုင်ငံတော်အစိုးရကတရားဝင် ဖွဲ့စည်း ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း ၊ အသင်း ၏အဓိကလုပ်ငန်းစဉ်မှာ နှစ်နိုင်ငံ စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာများ ကို အပြန် အလှန်ဖလှယ်ခြင်းဖြင့် နှစ်ဖက်ပြည်သူများသိရှိတန်ဖိုး ထားပြီး ထိန်းသိမ်းစောင့်ရှောက် နိုင်ရေးအတွက် အသင်းအနေဖြင့် တစ်ဖက်တစ်လမ်းမှပါဝင်ဆောင်  ရွက်ရန်ဖြစ်ကြောင်း၊ လူမျိုးတစ် မျိုး၏အသက်သည် ယဉ်ကျေးမှု ဖြစ်ကြောင်း၊ ယဉ်ကျေးမှု ရေရှည် တည်တံ့ရေး ထိန်းသိမ်းစောင့်ရှောက် ခြင်းသည် မိမိတို့လူမျိုးကိုကမ္ဘာ တည်သရွေ့ ဆက်လက် တည်တံ့ ရန် ကြိုးပမ်းခြင်းပင်ဖြစ်ကြောင်း။ ထို့ကြောင့် တရုတ်နှင့်မြန်မာစာပေ များတွင်ပါရှိပြီးဖြစ်သော ယဉ်ကျေး မှုများကို နှစ်ဖက်ပြည်သူ များ သိ ရှိနိုင်ရန် တရုတ်စာပေမှမြန်မာ ဘာသာသို့ ပြန်ဆိုပြီးစာအုပ်ထုတ် ဝေခြင်း၊ မြန်မာစာပေမှတရုတ်  ဘာသာသို့ပြန်ဆိုပြီး စာအုပ် ထုတ်ဝေခြင်း လုပ်ငန်း များ ကို ဆောင်ရွက်ရန် ရည်ရွယ်ကြောင်း၊ ထို့ပြင် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များဆိုင်ရာ ပန်းချီ၊ ပန်းပုပြပွဲများကိုလည်း ခင်းကျင်း ပြသရန်ရည်ရွယ်ကြောင်း၊ အလား တူနှစ်နိုင်ငံယဉ်ကျေးမှုဆိုင်ရာ ပြ ပွဲများ၊ နှစ်နိုင်ငံ ဖွံ့ဖြိုးတိုး တက်ရေး ကြိုးပမ်းမှုဆိုင်ရာပြပွဲများကို ပူး ပေါင်းပြသရန် ဆန္ဒရှိ ကြောင်း၊ လတ် တလောတွင် အသင်း အနေဖြင့် တတ်နိုင်သည့်ဘက်က လူမှုကူညီ ရေးပရဟိတလုပ်ငန်း များကို လည်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြန်မာနိုင်ငံဆိုင် ရာ တရုတ်သံအမတ်ကြီး H.E  Mr Chen Hai က လာမည့် ၂၀၂၀ ပြည့်နှစ်သည် တရုတ်-မြန်မာ ဆက် ဆံရေး နှစ် (၇၀)မြောက်နေ့ဖြစ် ရာခမ်းနားသော နှစ်ပတ်လည်ပွဲကျင်းပရန်ရှိကြောင်း၊ ထိုအခမ်း အနားတွင် မြန်မာ-တရုတ် ယဉ် ကျေးမှုအသင်းအား ပူးပေါင်း  ပါဝင်ရန် ဖိတ်ခေါ် ပါကြောင်း၊ မြန်မာ-တရုတ်ယဉ်ကျေးမှုအသင်း သည် ကြီးမား သောလုပ်ငန်းစဉ် များရှိသဖြင့် တရုတ်ကုန်သည် ကြီးများ အသင်းနှင့်ပူးပေါင်းဆောင် ရွက်နိုင်ရန် စီစဉ်ပေးမည်ဖြစ် ကြောင်း၊ တရုတ်-မြန်မာနှစ်နိုင်ငံ ယဉ်ကျေးမှုဆက်ဆံရေးသည် အဓိကကျသဖြင့် အသင်းနှင့်ပူး ပေါင်းဆောင် ရွက်ရန်နှင့်   လိုအပ် သည်များ ကူညီရန်အသင့်ရှိပါ ကြောင်း ပြောကြားခဲ့သည်။

ထို့နောက်မြန်မာ-တရုတ် ယဉ်ကျေးမှုအသင်းမှ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဆိုင်ရာသံအမတ်ကြီး  H.E Mr Chen Hai  အား အမှတ်တရလက် ဆောင်ပေးအပ်ခဲ့ကြောင်း သိရ သည်။

DT