ရန်ကုန်၊ အောက်တိုဘာ ၁၇ - လာမည့်နိုဝင်ဘာတွင် YBS  ငွေ ပေးချေကတ်များစတင်ရောင်းချ မည်ဖြစ်ကြောင်း သိရသည်။


ဆူးလေ၊ သမိုင်းနှင့် တာမွေ တို့တွင့်YPS(Yangon Payment Service)ဆားဗစ်စင်တာကြီးများ ဖွင့်လှစ်ကာ ယင်းငွေပေးချေကတ် များကိုရောင်းချမည်ဖြစ်ပြီး အ များပြည်သူလက်လှမ်းမီ အလွယ် တကူဝယ်ယူနိုင်ရန်g&gဆိုင်များ တွင်လည်း ရောင်းချပေးသွားမည် ဖြစ်ကြောင်း Asia Starmar Transport Intelligent Co.,LtdမှSCMOဒေါ်ရီရီခင်က အောက် တိုဘာ ၁၇ ရက်တွင် ဒီမိုကရေစီ တူဒေးသို့ပြောသည်။

]]နိုဝင်ဘာလမှာစရောင်း မယ်။ စက်တွေကိုတော့ ဒီလထဲ မှာစတပ်မယ်။ စက်တွေကရောက် နေပါပြီ။ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့က တပ် ဆင်ဖို့ညွှန်ကြားတဲ့ယာဉ်လိုင်းတွေ ကိုစတပ်မယ်}}ဟု ゞင်းကပြော သည်။
အဆိုပါငွေပေးချေကတ် တစ်ကတ်လျှင် ကျပ်၂၀ဝဝဖြင့်ဝယ် ယူရမည်ဖြစ်ပြီး ယင်းကတ်ပြားထဲ အနည်းဆုံးငွေ ကျပ် ၁၀ဝဝမှ အ များဆုံးကျပ် ၅၀ဝဝဝ အထိငွေ ဖြည့်နိုင်ကြောင်းသိရသည်။

 YBS ယာဉ်လိုင်းကုမ္ပဏီကြီး များဖြစ်သည့် YUPT, YBPC, Omni Focus, လူထုမိတ်ဆွေ၊ ဗန္ဓုလ၊ ရွှေ တောင်ပိုင်းကုမ္ပဏီနှင့် GYCT ကုမ္ပဏီတို့တာဝန်ယူပြေး ဆွဲနေသည့် YBS ယာဉ်လိုင်းများ တွင်ကတ်စနစ်ဖြင့်ငွေပေးချေနိုင် မည့်စက်များကို ယခုလမှစ၍ ဒီဇင်ဘာလအတွင်း အပြီးတပ် ဆင်ပေးရန်တင်ဒါအောင်ကုမ္ပဏီ သို့ ရန်ကုန်တိုင်းဒေသကြီးသယ် ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က ညွှန်ကြား ထားသည်ဟု ယင်းအဖွဲ့ မှတာဝန် ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင်YBS ယာဉ်လိုင်း များမှာလမ်းကြောင်းပေါင်း ၁၃၀ ကျော်ကိုတစ်နေ့လျှင် ယာဉ်စီးရေ ၄၅၀ဝ ခန့်ဖြင့် ပြေးဆွဲပေးနေ ကြောင်း သိရသည်။နေ့စဉ် YBS  စီးခရီးသွား ပြည်သူ ၁ဒသမ၈သန်းရှိကြောင်း သိရသည်။

TTMT
#Democracytoday