Print
News
Current News
Hits: 1134

ရန်ကုန်၊ အောက်တိုဘာ ၇-ရန်ကုန် တိုင်းဒေသကြီးအစိုးရစီမံခန့်ခွဲမှု ရှိသော မြေကွက်များဝယ်ယူခွင့် လျှောက်လွှာကို စတင်ရောင်းချပြီ ဖြစ်ကြောင်းသိရသည်။ လျှောက်လွှာများကို ရန်ကုန် အရှေ့ပိုင်းခရိုင် စုပေါင်းရုံးတွင် အောက်တိုဘာ ၇ ရက်မှ စတင်ကာ လျှောက်လွှာတစ်စောင်လျှင် ငွေ ကျပ် ၁၀ဝဝဝဖြင့် မြေဝယ်ယူမည့် သူ၏ မှတ်ပုံတင်မူရင်း၊ မိတ္တူနှင့် အတူ နိုဝင်ဘာ ၆ရက်အထိ ဝယ် ယူနိုင်ကြောင်း အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဒီမိုကရေစီတူဒေးသို့ အောက်တိုဘာ ၇ ရက်က ပြောသည်။



လျှောက်လွှာစတင် ရောင်းချ ရာတွင် ရုံးဝင်းအတွင်းလျှောက်လွှာ လာဝယ်သူများ ကြိတ်ကြိတ်တိုး လျက်ရှိနေကြောင်း သိရသည်။ ယခုရောင်းချမည့်အစီအစဉ် မှာ နေရာ ၃၈ နေရာမှ မြေကွက် ပေါင်း ၆၀ဝ နှင့် မြေဧက ၈၅ ဒသမ ၅၉၂ ဧကဖြစ်ပြီး ဒဂုံမြို့သစ် လေး မြို့နယ်၊ လှိုင်သာယာ၊ ရွှေပြည်သာ နှင့် မှော်ဘီမြို့နယ်တို့တွင်ရှိကြောင်း သိရသည်။

မြေကွက်များသည် ပေ ၄၀-ပေ ၆၀၊ ပေ ၆၀-ပေ ၆၀၊ ပေ ၆၀-ပေ ၈၀၊ ပေ ၁၀ဝ-ပေ ၁၀ဝ၊ ပေ ၁၀ဝ-ပေ ၁၂၀ အကျယ်အဝန်းရှိ ကာ စက်မှုလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းသုံးမြေဧကများလည်းပါ ဝင်ကြောင်းသိရသည်။ ရောင်းချမည့်မြေနေရာများအနက် မိမိဝယ်ယူလိုသောမြေနေ ရာကို တင်ပြလျှောက်ထား ရမည်ဖြစ်ပြီး ယင်းမြေပေါ်တွင်လုပ်ဆောင် လိုသောလုပ်ငန်းအမျိုးအစား၊ ဝယ်ယူနိုင်သည့် ငွေကြေးအထောက်အ ထား၊ အိမ်မြေမပါစီးပွားရေးနှင့် စက်မှုလုပ်ငန်းများအတွက် တည် ဆောက်ရေးလုပ်ငန်းအဆိုပြုလွှာ၊ အသုံးပြုငွေကြေး၊ လုပ်ငန်းခန့်မှန်း ပမာဏနှင့်အချိန်ကာလတို့ တင်ပြရမည်ဖြစ်ကြောင်း အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နေအိမ်မြေကွက်အတွက်မူ ဆောက်လုပ်မည့်အစီအစဉ်နှင့် အ သုံးပြုမည့်ငွေကြေးတို့ကို တင်ပြရမည်ဖြစ်ကြောင်း သိရသည်။ မြေလျှောက်ထားသူများအနေဖြင့်မြေအသုံးပြုခွင့်ပြုကြောင်း အကြောင်းကြားသည့်နေ့မှ ခြောက်လအတွင်း မြေစည်ပင်စရိတ်ငွေကို တစ်ကြိမ်တည်း အကျေပေးသွင်း ရမည်ဖြစ်ပြီး လုပ်ငန်းကိုလည်း စတင် အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း၊ ရရှိထားသောမြေကို သုံး နှစ်အတွင်း အမည်ပြောင်းလဲခြင်းနှင့် ရောင်းချခြင်းမပြုလုပ်ရကြောင်း သိရသည်။

မြေအသုံးပြုခွင့်ရရှိထားသောမြေများအတွက် မြေဂရန်ချထား ပေးမည်ဖြစ်ကာ သတ်မှတ်စည်းကမ်းများမလိုက်နာပါက မြေနှင့် အဆောက်အအုံများကို ပြန်လည်သိမ်းယူမည်ဖြစ်ကြောင်း အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ "အစိုးရမြေဆိုတော့ ပိုင်ဆိုင်မှုခိုင်မာတယ်။ အပြင်မှာ ဈေးခေါ် ချင်သလိုခေါ်နေတာ။ အစိုးရဈေးနှုန်းဆိုတော့ အများကြီးသက်သာ မယ်ထင်တယ်။ ဖောင်ဝယ်ဖို့ နံနက် ၆ နာရီကတည်း လာတန်းစီစောင့် နေတာ" ဟု လျှောက်လွှာလာရောက်ဝယ်ယူသည့် မသင်္ဂီက ပြောသည်။

မြေနေရာတစ်နေရာတွင် အပြိုင်လျှောက်ထားခြင်းမရှိပါက မြေယာစီမံခန့်ခွဲမှုကော်မတီကစိစစ်ပြီး အသင့်တော်ဆုံးသူကို ရောင်း ချပေးမည်ဖြစ်ကြောင်း သိရသည်။ မြေဝယ်ယူမည့်သူများသည် မိမိတို့ဝယ်ယူမည့်မြေတန်ဖိုးအဆို ပြုချက်ကိုလည်း တင်သွင်းရမည် ဖြစ်ကြောင်းသိရသည်။  ယင်းမြေများကို မြို့နယ်တစ်ခုချင်းစီအလိုက် ကြမ်းခင်းဈေး တစ်ပေပတ်လည် အစိုးရ၏သတ်မှတ်ချက်ရှိပြီးဖြစ်ကြောင်းလည်း သိရသည်။

NT/Democracytoday