Print
News
Current News
Hits: 1627

ရန်ကုန်၊ စက်တင်ဘာ ၂၈ - ရွှေသံ လွင်ဘိုးဘွားရိပ်သာ အကြိမ်(၂၀)မြောက် နှစ်ပတ်လည်အခမ်းအ နားနှင့် အလှူငွေပေးအပ်ပွဲတွင် ရွှေသံလွင်ကုမ္ပဏီ၏ နာယကကြီး ဇေယျာ လူမှုထူးချွန်ပထမအဆင့် အဂ္ဂမဟာသီရိ သုဓမ္မသိင်္ဂီဒေါက် တာဒေါ်နီနီနှင့် အလှူရှင်များက ဘိုးဘွားများအတွက် ကျပ်သိန်း ပေါင်း ၃၃၀ ကျော်နှင့် လှူဖွယ် ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိ ရသည်။

 

အဆိုပါအခမ်းအနားကို စက်တင်ဘာ ၂၈ ရက်တွင် ဒဂုံမြို့ သစ်(ဆိပ်ကမ်းမြို့နယ်)ရှိ ရွှေသံ လွင် ဘိုးဘွားရိပ်သာ၌ ကျင်းပပြု လုပ်ခဲ့သည်။  အခမ်းအနားတွင် အလှူရှင် ဒေါ်နီနီက "ဒီနေ့ပိုထူးခြားတာက ယိုးဒယားဘုန်းကြီး (ထိုင်းနိုင်ငံ ချူလာလောင်ကွန်တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဆရာတော် ဒေါက်တာ ပါရပ်)ြွကလာပါတယ်။လာရောက်ချီးမြှင့်ပေးတယ်။ နိုင်ငံ တော်ကလူကြီး (လွှတ်တော်ကိုယ် စားလှယ်)တွေရယ်၊ နိုင်ငံခြား က ဧည့်သည်တွေပါ ပါတယ်။ အဘိုး တို့အဘွားတို့အတွက် အလှူငွေ လာပေးတာပါ။ အရမ်းပဲဝမ်းသာ ပါတယ်။ ဒီရိပ်သာကြီးကို ကျွန်မ တို့မိသားစု က မြန်မာနိုင်ငံမှာ ဘိုး ဘွားရိပ်သာတွေနည်းနေပါတယ်။ဘိုးဘွားတွေကလည်း ဦးရေအ များကြီးရှိပါတယ်။ အဲဒါကြောင့်မို့ သားအမိတွေ တိုင်ပင်ပြီးတော့ ဘိုးဘွားရိပ်သာကိုလှူဒါန်းမယ်ဆို ပြီးတော့ လှူဒါန်းတာပါ။ဘိုးဘွား ရိပ်သာသုံးခု(ကျိုက္ကစံ၊မြစ်သား၊ တောင်ဒဂုံ)ရှိပါတယ်။ ရွှေသံလွင် ဘိုးဘွားရိပ်သာအတိုင်း အဆောက် အအုံရောအကုန်လုံးရောအတူတူ ပါပဲ။ လှူရတဲ့အတွက်လည်း ရွှေ သံလွင်မိသားစုကလည်း အရမ်းပဲ ဝမ်းသာတယ် " ဟု ပြောသည်။

အခမ်းအနားစတင်ချိန်တွင် မင်္ဂလာစိန်တစ်လုံးသရက်သီးပင် များကို ထိုင်းနိုင်ငံ ချူလာလောင် ကွန်တက္ကသိုလ်မှ ဆရာတော် ဒေါက်တာပါရပ်၊ ရွှေသံလွင် နာ ယကကြီး ဒေါက်တာဒေါ်နီနီနှင့် ရွှေသံလွင်မှ ဒါရိုက်တာအဖွဲ့ဝင် များ၊ တက်ရောက်လာကြသည့် ဧည့်သည်တော်များက စိုက်ပျိုးခဲ့ ပြီး အလှူငွေပေးအပ်ပွဲတွင်  နာ ယကကြီးဒေါ်နီနီ၏ အလှူငွေ ကျပ် ၁၇၃ သိန်းအပါအဝင် အ လှူရှင်အားလုံး၏ စုစုပေါင်းအ လှူငွေ ကျပ် ၃၃၀၅၀ဝဝဝ ကျော် နှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့ ကြောင်းသိရသည်။

ရွှေသံလွင်ဘိုးဘွားရိပ်သာ စီမံခန့်ခွဲရေးအမှုဆောင် ကော်မ တီဒုတိယဥက္ကဋ္ဌ ဦးမြင့်ဆွေက လည်း " ဘိုးဘွားတွေကို လက်ခံ တာကတော့ ကိုယ့်ခြေထောက် ပေါ် ကိုယ်ရပ်တည်ပြီး သွားလာ နိုင်ရမယ်ပေါ့။ ဘာဖြစ်လို့လဲဆို တော့ သူ့တစ်ဦးချင်း သီးသန့် စောင့်ရှောက်မှုတော့ မပေးနိုင် သေးတဲ့အတွက် ကျန်းမာရေးအ တော်အသင့်လေး ကောင်းသေး တဲ့ဘိုးဘွားတွေကို လက်ခံပါတယ်။ ဒီက စရိတ်နဲ့ဆေးစစ်လိုက်တယ်။ ဆေးစစ်ပြီးရင် ထောက်ခံစာတွေ ပါရမယ်။ ရပ်ကွက်ကရော၊မြို့နယ် ကရော။ သားသမီး၊ကျောထောက် နောက်ခံမှီခို သူ့ကိုစောင့်ရှောက် မယ့်သူမရှိတဲ့အကြောင်း။ ဆေး စစ်လိုက်တဲ့အခါ အများကို ကူး စက်နိုင်တဲ့ရောဂါတီဘီလိုဟာမျိုး မရှိရဘူး။ အဲဒါဆိုလက်ခံပါတယ်။  ဒီမှာက ကျန်းမာရေးစောင့် ရှောက်မှုလည်းပေးတယ်။ တရား တွေဘာတွေထိုင်ဖို့လည်းလုပ်ပေး တယ်။ တရားပွဲလေးတွေလုပ်ပေး တယ်။ ပွဲတော်လေးတွေ လုပ်ပေး တယ်။ ပွင့်လင်းရာသီဆိုရင် ဘုရား ဖူးတွေပို့ပေးတယ်။ တိုးချဲ့တာက လေဖြတ်တဲ့သူတွေရှိတယ်။ ဂိလာ နဆောင်ဆိုပြီး တစ်ဆောင်လုပ် တယ်။ ဂိလာနဆိုတော့ သိပ်မ ကြိုက်ချင်ကြတော့ အာရောဂျံ ဆောင်ဆိုပြီး နာမည်ပြောင်းထား ပေးပါတယ်။ အခုဆို အဘွားနှစ် ယောက်ရှိတယ်။ အိပ်ရာထဲက မထနိုင်ဘူးပေါ့။ အထူးစောင့် ရှောက်မှုပေးရတာပေါ့။ ပုံမှန်ဆေး ပေးခန်းရှိတယ်။ ဝန်ထမ်းတွေက လည်း လူမှုဝန်ထမ်းမှာ ဘိုးဘွား တွေကိုပြုစုတဲ့ နည်းလမ်းတွေကို သင်တန်းပေးထားတယ်။ မြို့နယ် ကျန်းမာရေးကလည်း ပုံမှန်လာ ရောက်စစ်ဆေး ကုသပေးတယ်}}ဟု ပြောသည်။
ဘိုးဘွားများအတွက် ဆောင် ရွက်ပေးရာတွင် သန့်ရှင်းမှုသည် အရေးကြီးဆုံး လိုအပ်ချက်ဖြစ် သည်ဟု ရွှေသံလွင်နာယကကြီး ဒေါက်တာနီနီကမှာကြားခဲ့သည်။

"ရွှေသံလွင်ဘိုးဘွားရိပ်သာ ကြီးကိုထိန်းသိမ်းရတဲ့တာဝန်က  အင်မတန်ကြီးမားပါတယ်။ အဘိုး အဘွားတွေရဲ့တာဝန်ကတစ်ဖက်။ ဘိုးဘွားရိပ်သာကြီး ကို သန့်ရှင်း မှုတာဝန်ယူရတာက တစ်ဖက်။ဘိုးဘွားတွေစားဖို့ အင်မတန်သန့် ရှင်းဖို့လိုပါတယ်။ အမြဲလိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘိုးဘွား တွေကအသက်ကြီးလာပြီ။ အူ လေးတွေကနုပါတယ်။ အစားမှား သွားရင် ဝန်ထမ်းတွေလည်း ပင် ပန်းမှာ ဒုက္ခရောက်မှာ ပြုစုရ တော့မှာလေ။ အဲဒါကြောင့်မို့ သန့်ရှင်းမှုက တစ်နှစ်ပတ်လုံး အ ရေးကြီးပါတယ်။အိမ်သာသန့်ရှင်း မှု၊မီးဖိုချောင်သန့်ရှင်းမှု၊ ဘိုးဘွား တွေရဲ့ ပတ်ဝန်းကျင်နေရာပြင်ပ အဲဒါတွေအများကြီးလိုအပ်ပါတယ်။ ထိန်းသိမ်းပေးပါလို့ပြောချင်ပါ တယ်။ ကျွန်မက ဒါကို အထူးလေး စားတယ်လို့ပြောချင်ပါတယ်။ထိန်းသိမ်းမှုကအများကြီးလိုအပ် ပါတယ်" ဟု  ၎င်းကဆက်လက် ပြောကြားသည်။

အသက်(၇၁)နှစ်အရွယ် အ ဘိုး ဦးစိုးအောင်က"အိမ်ခြေရာ ခြေ မရှိတာနဲ့ မထူးဘူးဆိုပြီးတော့ ဒီကိုပဲ အကူအညီတောင်းရတာပေါ့။ ကုမ္ပဏီကထွက်ပြီးတော့ ဒီမှာလာ နေရတာ။ အသက်(၇၀)မှာ ကရု ဏာပင်စင်နဲ့ထွက်လာတာ။ သား သမီးတွေ မရှိဘူး။ မိတ်ဆွေတစ် ယောက်ရဲ့အဆက်အသွယ်နဲ့ ရောက်လာတာပါ။ အပြင်မှာနေ ရတာနဲ့ အများကြီးကွာတာပေါ့။ အေးချမ်းတယ် " ဟု ပြောသည်။

ရွှေသံလွင်ဘိုးဘွားရိပ်သာကို ၁၉၉၉ ခုနှစ်စက်တင်ဘာ ၂၈ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး  အသက်(၆၅)နှစ်မှ(၈၀)ကြား မှီခို အားထားစရာမရှိသော ဘိုးဘွား များကိုလက်ခံခဲ့ပြီး လက်ရှိအချိန် တွင် ဘိုးဘွား ၇၀ ကို စောင့် ရှောက်ပေးလျက်ရှိကြောင်းနှင့် ၉၆ ဦးအထိ လက်ခံစောင့်ရှောက် ပေးနိုင်ကြောင်း၊ ဘိုးဘွားများအ တွက် အာဟာရဒါနများလည်း အ လှူရှင်များလာရောက် လှူဒါန်းနိုင် ကြောင်း သိရသည်။     

TTHL/Democracytoday