ရန်ကုန်၊ စက်တင်ဘာ ၈ - နေ ထိုင်ရေးအခက်အခဲရှိသူများအ ကြောင်း ပိုမိုနားလည်စေရန် လှိုင် သာယာပြည်သူများကို ယခုလ တတိယပတ်မှစ၍ ကွင်းဆင်းစစ်  တမ်းကောက်ယူမည်ဖြစ်ကြောင်း သိရသည်။



လှိုင်သာယာပြည်သူတို့၏နေထိုင်ရသည့်နေရာ၊ အခက် အခဲ၊ မိသားစုဝင်ဦးရေ၊ အလုပ် အကိုင်စသည့်အချက်အ လက် များကိုကောက်ယူမည်ဖြစ်ကြောင်း Women for the world  (ပျိုမေ့ အိမ် လူမှုဖွံ့ဖြိုးတိုးတက်ရေးအ သင်း -အင်းစိန်)မှ ဒါရိုက်တာ ဒေါ်ဗန်လီဇာအောင်က စက်တင် ဘာ ၈ ရက်တွင်ဒီမိုကရေစီတူဒေး သို့ပြောသည်။

""ယာယီပျံကျနေထိုင်သူတွေ ကိုစမတ်ကတ်တွေထုတ်ပေးထား တာလည်း သုံးနှစ်လောက်ကြာပြီ ဆိုတော့ ပြန်ပြီးအချက်အလက် တွေ့စိအေနဖြစ်အောင် ခြောက် မြို့နယ်မှာ ဦးစားပေးနေရာတွေ သတ်မှတ်ပြီးလုပ်ဆောင်မှုတွေက ဧပြီလထဲကရှိတယ်။ ခုဒီလထဲမှာ ကောက်မှာကယာယီပျံကျ နေ ထိုင်သူတွေတင်မကဘူး။ လှိုင်သာ ယာတစ်မြို့နယ်လုံးမှာရှိတဲ့သူတွေ အားလုံးကို (Survey)လုပ်မယ်။အခက်အခဲတွေကိုသိမှ ပိုမိုထိ ရောက်တဲ့နည်းဗျူဟာတွေချမှတ် ရေးဆွဲမှုတွေမှာ အထောက်အကူ ပြုနိုင်မှာဖြစ်ပါတယ်""ဟု ၎င်းင်းက ပြောသည်။

လှိုင်သာယာမြို့နယ်အတွင်း စမတ်ကတ်ထုတ်ပေးထားသည့် ကျူးကျော်အိမ်ထောင်စုသုံးသောင်း ကျော်ခန့်ရှိကြောင်း လှိုင်သာယာ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦး စီးဌာနမှဒုမြို့နယ်မှူးဦးချစ်ကိုကို လင်းကပြောသည်။
ရန်ကုန်တိုင်းဒေသကြီး မြို့ နယ်ခြောက်ခုအတွင်းရှိ နေထိုင် ရေးအခက်အခဲရှိသူများအတွက် တန်ဖိုးနည်း၊ တန်ဖိုးသင့်အစုအ ဖွဲ့ပိုင် အိမ်ရာများကိုဖော်ဆောင် မည်ဖြစ်ကြောင်း သိရသည်။

အစုအဖွဲ့ပိုင် အိမ်ရာများ ဖော်ဆောင်မည့် မြို့နယ်များမှာ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံ တောင်၊ ဒဂုံမြောက်၊ ဒဂုံအရှေ့နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များဖြစ်ပြီး တစ် မြို့နယ်လျှင် အိမ်ရာတစ်သောင်း နှုန်းစီလျာထားကာ မြို့နယ်အား လုံးတွင် တစ်ပြိုင်နက်ဖော်ဆောင် မည်ဟု သိရသည်။

ထို့အပြင် ဝန်ကြီးချုပ်ဦးဖြိုး မင်းသိန်းက ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ နေထိုင်စရာအခက် အခဲဖြစ်နေသည့် ကျုးကျော်များ ကို လာမည့်ခြောက်လအတွင်း နေ ထိုင်စရာတိုက်ခန်း စီစဉ်ပေးနေ နိုင်ရေးအတွက် ပြင်ဆင်နေပြီဖြစ် ကြောင်း ဇွန် ၃ရက်က ပြုလုပ် သော ရန်ကုန်မြို့၏အနာဂတ် ဖွံ့ ဖြိုးတိုးတက်မှုကို ဦးတည်သွားမည့် Yangon Project Bank အကြောင်း ရှင်းလင်းခြင်း အခမ်းအနား၌ပြော ကြားထားသည်။
ထို့အပြင် မြေနေရာများကို  ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်စည်ပင်သာယာတို့ပေါင်း စပ်ဆောင်ရွက်သွားမည်ဖြစ်သည်။

အိမ်ရာဖော်ဆောင်ရာတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရက မြေနေရာပေးခြင်း၊ ရေ၊မီး၊လမ်း စသည့် အခြေခံအဆောက်အအုံ များတည်ဆောက်ပေးခြင်းများ ပံ့ပိုးပေးမည်ဖြစ်ပြီး ပျိုမေ့အိမ်လူ မှုဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ရပ်ရွာလူထုအား စာရင်းဇယား ပြုလုပ်ခြင်း၊ အချက်အလက် ကောက်ခံခြင်း၊ ငွေစုငွေချေးဖွဲ့ စည်းခြင်းစသည့် နည်းပညာများ သင်ကြားပေးခြင်း၊  ပြည်သူလူထု နှင့် ဗိသုကာပညာရှင်များ၊ နည်း ပညာရှင်များချိတ်ဆက်ပေး၍ အိမ် ပုံစံဒီဇိုင်းများကို အတူတကွပူး ပေါင်းရေးဆွဲခြင်းစသည်ဖြင့်  ပံ့ပိုး ကူညီပေးမည်ဖြစ်ကြောင်း သိရ သည်။

လက်ရှိအချိန်တွင် အစုအဖွဲ့ ပိုင်တန်ဖိုးနည်းအိမ်ရာဖော်ဆောင် ပေးရေးအတွက် လူဦးရေစာရင်း ကောက်ယူထားမှုများရှိနေပြီး ယင်း စာရင်းများကောက်ယူရာတွင် ကျုးကျော်နေထိုင်သူများသာမက ဘဲ အဆောင်ငှားနေသူများ၊ နေ ထိုင်ရေးခက်ခဲနေသူများကိုလည်း ကောက်ယူခြင်းဖြစ်ကြောင်းသိရ သည်။
Women for the world  (ပျိုမေ့အိမ် လူမှုဖွံ့ဖြိုးတိုးတက် ရေးအသင်း -အင်းစိန်)ကို ၂၀၀၄ ခုနှစ်ကစတင်ဖွဲ့စည်းကာ တိုင်းဒေ သကြီးနှင့်ပြည်နယ်တို့ရှိ လူမှုဖွံ့ဖြိုး ရေးလုပ်ငန်းများကို အစိုးရအဖွဲ့၊ အစိုးရမဟုတ်သော ပြည်တွင်း ပြည်ပအဖွဲ့အစည်းများနှင့် ပူး ပေါင်းလုပ်ဆောင်သည့်အရပ် ဘက်လူမှုအဖွဲ့အစည်းတစ်ခုဖြစ် ကြောင်းသိရသည်။

TTMT
#Democracytoday