မင်းဘူး၊ ဩဂုတ် ၁၂ -မင်းဘူး ခရိုင်နှင့် သရက်ခရိုင်တို့မှ တောင်သူ များ ဆည်ရေသောက်စနစ်ဖြင့် စိုက် ပျိုးထားသော စပါးနှင့် အခြားသီး နှံများအတွက် ရေခွန်ပေးဆောင် ရန် ကျပ်ငွေ ၄ ဒသမ ၉၈၅ ဘီ လီယံ ကျန်ရှိနေကြောင်း မင်းဘူး ခရိုင် ဆည်မြောင်းနှင့် ရေအသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရ သည်။



 မင်းဘူးခရိုင်အတွင်း မင်း ဘူး၊ ပွင့်ဖြူ၊ စလင်း၊ ဆင်ဖြူကျွန်း၊ ငဖဲမြို့ နယ်နှင့် သရက်ခရိုင်မှ ရေခွန် သွင်းရန် ကျန်ရှိနေသေးကြောင်း သိရသည်။""အများကြီးကျန်ပါသေးတယ်။ ဒီရေခွန်သာ အကုန်ရလိုက်မယ်ဆို လို့ရှိရင် ရေမြောင်းတွေလည်းပြင် ပေးလို့ရပါတယ်။ လမ်းတွေလည်း ဖောက်၊ တံတားတွေလည်း ဆောက် နိုင်သလို ကျန်းမာရေးအတွက် ဆေးရုံ၊ ဆေးခန်းတွေလည်း ပြင် လို့ရပါတယ်""ဟု ယင်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦး သန်းထွန်းကပြောသည်။

ရေခွန်ကို ယခင်နှစ်က မိုးစ ပါးတစ်ဧကလျှင် ကျပ် ၁၉၅၀ နှင့်  အခြားသီးနှံစိုက်ပျိုးခြင်းအတွက် တစ်ဧကလျှင် ကျပ် တစ်ထောင် နှုန်းဖြင့်ကောက်ခံခဲ့ပြီး ၂၀၁၈ ခုနှစ်မှစတင်၍ စပါးတစ်ဧကလျှင် မြေပြင်သည့်အချိန်မှ စပါးသီးနှံ အောင်ချိန်အထိ တစ်ဧကကို ကျပ် နှစ်ထောင်နှုန်းဖြင့် တစ်စိတ်တစ် ပိုင်းသာ ရယူမည်ဆိုပါက တစ်ဧ ကလျှင် တစ်ထောင်ကျပ်နှုန်းဖြင့် ကောက်ခံပြီး အခြားသီးနှံအတွက် လည်း တစ်စိတ်တစ်ပိုင်းနှုန်းဖြင့် သာ ကောက်ခံကြောင်း သိရသည်။

""ကျွန်တော်တို့ စီမံချက်ရေး ဆွဲပြီး ကောက်ပါတယ်။ ထည့်တဲ့ တောင်သူကထည့်ပြီး မထည့်တဲ့ တောင်သူက မထည့်သေးပါဘူး။ လအလိုက်ကောက်ခံရရှိငွေအမြဲ တမ်းတင်ပြရပါတယ်။ ကောက်ခဲ့ တဲ့ခုနစ်လပိုင်းအတွင်းမှာ တစ်လ လုံး ကျပ်ဆယ်သိန်းပဲရပါတယ်"" ဟု ၄င်းကဆက်ပြောသည်။

မင်းဘူးမြို့နယ်မှ ငွေကျပ် ၄၃ဝဝဝဝ ကျော်၊ ပွင့်ဖြူမြို့နယ်မှ ငွေကျပ် ၃၆ဝဝဝဝ ကျော်နှင့် စလင်း မြို့နယ်တွင်ကောက်ခံ၍မရရှိကြောင်း၊ ငဖဲမြို့နယ်မှ ကျပ် တစ်သိန်းကျော် စုစုပေါင်း ကျပ် ၁၀ သိန်းရရှိကြောင်း သိရသည်။                       

ZZ
#Democracytoday