မန္တလေး၊ ဩဂုတ် ၁၂ - မန္တလေး တိုင်းဒေသကြီး မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီပိုင် ဖြစ်သည့် ပထမဦးဆုံး နိုင်ငံတကာ အဆင့်မီ Precast စက်ရုံကို ဩ ဂုတ် ၁၈ ရက်မှ စတင်လည်ပတ်ကာ ၁ပေမှ ၂ပေ ခွဲအထိ ရေမြောင်းများ အတွက် ကနဦးထုတ်လုပ်ပေးမည် ဖြစ်ကြောင်း သိရသည်။



""ရမြောင်းငယ်တွေအတွက် စတင်ထုတ်လုပ်ပြီး နောက်ပိုင်းမှာ တော့ ၁ဝပေအကျယ်ရှိတဲ့ ရေမြောင်း ကြီးတွေအတွက်ပါ ထုတ်လုပ်မှုများ လာရင် Gantry ကရိန်းတွေကို ထပ်မံတိုးချဲ့တပ်ဆင်သွားမှာဖြစ် ပါတယ်။ ကွန်ကရစ်ဖျော်စက်ဟာ ဆိုရင် တစ်နာရီကို ကုဗမီတာ ၁၂၀ အထိ ထုတ်လုပ်နိုင်မှာဖြစ်ပြီး အရည် အသွေးကို ကွန်ပျူတာစနစ်နဲ့ထိန်း ချုပ်ပါမယ်။ Mixed ဒီဇိုင်းအနေနဲ့ ခြောက်မျိုးလောက်အထိ ထည့်သွင်း နိုင်မယ့်အပြင် ကုန်ကြမ်းပစ္စည်း တွေဖြစ်တဲ့ ဘိလပ်မြေ၊ ကျောက် နဲ့ သဲတွေကို အသေးစိတ်မှတ်တမ်း တင်ထားနိုင်မှာဖြစ်သလို အလေ အလွင့်ဖြစ်တာတွေ လျော့နည်း စေမှာပါ။ အုတ်စီမြောင်းနဲ့ ယှဉ် တဲ့အခါ တည်ဆောက်ချိန်ပိုမြန်ဆန် ပါတယ်"" ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇောအောင်က ဩဂုတ် ၁၂ ရက်တွင် ဒီမိုကရေစီတူဒေး သို့ ပြောကြားသည်။

စက်ရုံကို ပြည်ကြီးတံခွန်မြို့ နယ်အတွင်းရှိ (င)ရပ်ကွက်၊ မင်း ကြီးရန်နောင်လမ်း၊ (၆၁)လမ်းနှင့် (၆၂) လမ်းကြား မြေဧရိယာအ ကျယ်အဝန်း ၂ ဒသမ ၇၉၃ဧက တွင် ယခုနှစ် မတ်လအတွင်းမှ စ တင်၍ စင်ကာပူနည်းပညာဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး Precast များကို မြန်ဆန်စွာ ထုတ်လုပ် ပေးနိုင်မည်ဖြစ်ကြောင်း၊ Precast Drain၊ Drain Coven၊ Box Culvet၊Plattform၊Road Kerb စသည်တို့ကို အရှိန်အဟုန် မြှင့်ထုတ်လုပ်ခြင်းဖြင့် Precast Concrete  

မြောင်းစနစ်သို့ ပြောင်းလဲ နိုင်တော့မည်ဖြစ်ကြောင်း၊ Precast  ရေမြောင်းများမှာ မြောင်းစာနုံးအ နည်အနှစ်များကို ရေပိုက်ဖြင့် ထိုး ဆေးနိုင်သောကြောင့် ရေမြောင်း ပိတ်ဆို့မှုများကို သိသာစွာလျော့ ကျသွားစေနိုင်မည်ဖြစ်သကဲ့သို့ ဂေါ်ပြားအသုံးပြုကာ ဆယ်ယူလျှင် လည်း အောက်ခံအခင်းကို ပျက် စီးမှုမရှိနိုင်ဘဲ အုတ်စီမြောင်းများ ထက် ရေရှည်ပြုပြင်ထိန်းသိမ်းမှု စရိတ်သက်သာစေမည်ဖြစ်ကြောင်း၊ မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီမှ သိရသည်။

KSA
#Democracytoday